ဒု-ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ၀န်ကြီးချုပ်အဖြစ်ခန့်အပ်ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် ရာထူးတိုး

ပီတာအောင်/ ၂၅ အောက်တိုဘာ ၂၀၀၇-မကြာသေးခင်ကကွယ်လွန်သွားသည့် နအဖစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်
ကြီးစိုးဝင်း၏ နေရာတွင် ခေတ္တ၀န်ကြီးချုပ် ဒု-ဗိုလ် ချုပ်ကြီး သိန်းစိန်ကို တရားဝင်ခန့်အပ်လိုက်ကြောင်း နအဖစစ်အစိုးရ
က ထုတ်ပြန်ကြေညာသည်။

ယမန်နေ့နေ့စွဲဖြင့် ထုတ်ပြန်သည့်ထိုအမိန့်ကြေညာချက်ကို နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထုတ်ပြန်ခြင်းဖြစ်ပြီး ၀န်ကြီးချုပ်ခန့်ခြင်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များ ပါရှိခြင်းမရှိချေ။

ပြီးခဲ့သည့်မေလ ဗိုလ်ချုပ်ကြီးစိုးဝင်း စင်ကာပူနိုင်ငံ၌ ဆေးကုသမှုခံယူနေစဉ် ဒု-ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ခေတ္တ၀န်ကြီး
ချုပ်အဖြစ် တာဝန်ပေးခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်ကြီးစိုးဝင်းသည်ယခုလ (၁၂) ရက်၌ ကွယ်လွန်သွားပြီဖြစ်သည့်အတွက် ဒု-ဗိုလ်ချုပ်ကြီးသိန်းစိန်က ၀န်ကြီး ချုပ်ဖြစ်လာခြင်းဖြစ်သည်။

ဒု-ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ကာကွယ်ရေးတက္ကသိုလ် (ဒီအက်စ်အေ) အပတ်စဉ် (၉) ကျောင်းဆင်းဖြစ်ပြီး ရွှေတြိဂံ
တိုင်းမှူး၊ စစ်ရေးချုပ်၊ အတွင်းရေးမှူး (၂)၊ အတွင်းရေးမှူး (၁)နှင့် အမျိုးသားညီလာခံကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌတာ
ဝန်များထမ်းဆောင်ခဲ့ပြီး ၁၉၈၈ ခု စစ်အစိုးရအာဏာသိမ်းပြီးနောက်ဖြစ်လာသည့် (၅) ယောက်မြောက် ၀န်ကြီးချုပ်ဖြစ်
သည်။

ဒု-ဗိုလ်ချုပ်ကြီး သိန်းစိန်နေရာ၌ နအဖအဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးကိုအတွင်းရေးမှူး(၁) အဖြစ်
ခန့်အပ်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်နအဖစစ်အစိုးရတို့ အကြား ဆက်ဆံရေးဝန်ကြီးအဖြစ် ခန့်အပ်ခံထားရသည့် အလုပ်သမားဝန်ကြီးဌာန ဒု-၀န်ကြီး ဦးအောင်ကြည်ကို ၀န်ကြီးအဖြစ် ရာထူးတိုး ပေးလိုက်ကြောင်းလည်း စစ်အစိုးရက
ကြေညာ ထားသည်။

ထို့အပြင် ကာကွယ်ရေး၊ အမှတ် (၂) စက်မှု၊ ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနများအတွက် ဒု-၀န်ကြီးများ
အဖြစ် ဗိုလ်ချုပ်သိန်းဌေး၊ ဗိုလ်ချုပ်ကျော်စွာခိုင်နှင့် ဗိုလ်ချုပ် သိန်းထွန်းတို့ကို ယမန်နေ့က ခန့်အပ်လိုက်သည်။

မီဒီယာတိုက်ပွဲ နှင့် မြန်မာဘလော့ဂ်များ ဘာလဲ ဘယ်လဲ-နယ်ခြားမဲ့မြန်မာဘလော့ဂါများ (၂၄-၁၀-၀၇)

လွန်ခဲ့သော စက်တင်ဘာလ နောက်ဆုံးပတ်နှင့် အောက်တိုဘာလ အစောပိုင်းရက်များ
တွင် ဖြစ်ပွားခဲ့သော မြန်မာပြည်သူ ရဟန်းရှင်လူတို့၏ ဆန္ဒထုတ်ဖော်ပွဲများတွင် မြန်မာ ဘလော့ဂ်များကလည်း အရေးပါသော အခန်းကဏ္ဍတခုမှ ပါဝင်ခဲ့ကြကြောင်း အများ
အသိပင် ဖြစ်သည်။

တိုးတက်လာသော နည်းပညာနှင့်အညီ ပရော်ဖက်ရှင်နယ် သတင်းထောက်များသာ
မက သာမန် မြန်မာပြည်သူများကပါ ကိုယ်ထူကိုယ်ထ ပေးပို့သော သတင်းဓာတ်ပုံ
ဗီဒီယိုများကို ဒစ်ဂျစ်တယ်လှိုင်းများမှ ဖြတ်သန်းကာ ဘလော့ဂ်များ နိုင်ငံတကာ
မီဒီယာများသို့ စီးဆင်းစေလိုက်သောအခါ အဖြစ်အပျက်များက ကမ္ဘာ့လူထုရှေ့မှောက်
သို့ မျက်ဝါးထင်ထင် လျင်လျင်မြန်မြန် ရောက်ရှိသွားတော့သည်။ စစ်အစိုးရအတွက်
ရုတ်တရက် ထိန်းချုပ်၍ မရလောက်အောင် အငိုက်မိကာ မြန်မာ့အရေးသည် ကမ္ဘာ
အရပ်ရပ်ရှိ ပြည်သူများ၊ အစိုးရများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့ပါသည်။

ထို့ကြောင့်ပင် စစ်အစိုးရက ကင်မရာများကို ရှာဖွေသိမ်းဆည်းခြင်း၊ ကင်မရာ ကိုင်ဆောင်
သူများကို ဖမ်းဆီးခြင်း၊ ဆန္ဒဖော်ထုတ်ပွဲများတွင် ကိုယ်တိုင် ပါဝင်သူများသာမက ဘေးက အားပေးကြည့်ရှုသူများကိုပင် ဖမ်းဆီးခြင်းများဖြင့် သတင်းယူသူများကို အနှောင့်အယှက် ပေးပါတော့သည်။ ပထမပိုင်းတွင် သတင်း ဖြန့်ချိပေးသော ဘလော့ဂ်အချို့ကို ဖတ်ရှုခွင့်
မရအောင်ပိတ်၊ နောက် ဘလော့ဂါဒေါ့ကွန်း တခုလုံးကိုပါပိတ်၊ နောက်ဆုံး အင်တာနက်ကို
ပင် အချိန်တခုအထိ ဖြတ်တောက်လိုက်ရသည်အထိ သတင်းစီးဆင်းမှုကို ပိတ်ဆို့လိုက်ရ
လေသည်။

မြန်မာဘလော့ဂ် အသိုင်းအ၀ိုင်းကို လေ့လာကြည့်ပါက ဘလော့ဂ် ရေးခြင်းဖြင့် လွတ်လပ်မှု၏ တန်ဖိုးကို ပိုမိုသိမြင် နားလည်နိုင်သည်ဟုဆိုလျှင် လွန်မည်မထင်ပါ။ ဘလော့ဂါအများစုသည် မိမိတို့၏ ဆန္ဒမှန်ကို ထုတ်ဖော်ပြောပြခွင့် အလျဉ်းမရှိသော အုပ်ချုပ်မှုဆိုးကြီးအကြောင်းကို ဘလော့ဂ်ရေးရင်း ခံစားနိုင်သော လွတ်လပ်ခြင်း၏အရသာ တခုတည်းနှင့် နှိုင်းယှဉ်ရုံဖြင့်ပင် အမှန်အတိုင်း သိမြင်နိုင်ကြပေသည်။ ဘလော့ဂ်လမ်းညွှန်စာရင်းအရ နိုင်ငံတကာမှ ရေးသား
နေသော မြန်မာဘလော့ဂ်ပေါင်း ထောင်ဂဏန်းရှိသည့်အနက် ပုံမှန်ရေးသား သွားလာ အသက်
ဝင်နေသော မြန်မာဘလော့ဂ်များမှာ ရာဂဏန်းရှိပါသည်။ ထိုအထဲတွင် အများစုမှာ မျက်စိပွင့် နားပွင့်ကာ အမှန်ကိုမြင်သူ လွတ်လပ်မှုကို ချစ်မြတ်နိုးသူများ ဖြစ်ကြသည်ကို အရေးအသားများ ဖတ်ကြည့်လျှင် အထင်အရှား သိနိုင်ပါသည်။

မြန်မာဘလော့ဂ်များသည် ဆန္ဒထုတ်ဖော်ပွဲများ ဖြစ်ပွားစဉ်ကာလက သတင်းဖြန့်ဝေပေးခြင်း
တွင် အရေးပါခဲ့ရုံသာမက ကာလအချိန် အတော်ကြာကြာကပင် လွတ်လပ်မှုနှင့် ဒီမိုကရေစီ သဘောတရားများဖြင့် လင်းလက်တောက်ပြောင်စွာ ထင်ဟပ်လျက်ရှိခဲ့ကြပါသည်။ ဘလော့ဂ် မျိုးစုံကို ဖြတ်သန်းကာ ဖတ်ရှုလိုက်လျှင် နိုင်ငံရေးအကြောင်း ရေးသားသော ဘလော့ဂ်ဖြစ်စေ ရိုးရိုးသာမန် အကြောင်းအရာများ ရေးသားသော ဘလော့ဂ်ဖြစ်စေ ခေတ်၏ တောင်းဆိုမှုများ
ဖြင့် တနည်းမဟုတ်တနည်း ရိုးသားစွာ ဖွင့်ဟလျက်ရှိနေသည်ကို တွေ့မြင်နိုင်ပါသည်။

သို့သော် စစ်အစိုးရ၏ အာဘော်အတိုင်း ရေးသားနေသော ပြည်တွင်းပြည်ပ ဘလော့ဂ်
အချို့လည်း ရှိပါသည်။ မိမိတို့လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ရှိသော ဘလော့ဂ်၏ သဘောသဘာဝအရ မည်သည့်ဘလော့ဂါမဆို လွတ်လပ်စွာ ကွဲလွဲခွင့်နှင့် ခြားနားသော အတွေးအခေါ်ကို ဖော်ပြပိုင်ခွင့်ရှိပါသည်။ သို့သော် မရိုးဖြောင့်သော သဘောဖြင့် ဆင်သေကို ဆိတ်သားရေဖြင့် ဖုံးချင်လာလျှင်တော့ အမှန်သိမြင်သူ လူအများ၏ ကန့်ကွက်ခြင်း လွတ်လပ်
စွာ ဝေဖန်ခြင်းကိုလည်း ခံရပေမည်။ ထိုအခါတွင် မိမိတို့ အရေးအသား သတင်းဝါဒဖြန့်မှုများ လိမ်ညာမှုများကို လူအများကလက်မခံကြောင်း သဘောပေါက် ၀န်ခံသင့်ပေသည်။

လောလောဆယ် အနေအထားတွင် စစ်အစိုးရ အလိုတော်ရိဟု ယူဆစရာ ဖြစ်နေသော ဘလော့ဂ်အချို့တွင် အောက်ပါအတိုင်း ကဏ္ဍများခွဲ၍ အထူးပြု ရေးသားကြသည်ကို ကြည့်လျှင် တစုံတဦးက သေသေချာချာ ညွှန်ကြားချက်ပေးကာ စီမံထားသလားဟုပင် ထင်ရပါသည်။

  1. ဒီမိုကရေစီနိုင်ငံများကို အပြစ်ရှာကာ ဒီမိုကရေစီ သဘောတရားကို ယုံကြည်မှု ပျက်ပြားအောင် ရေးသားခြင်း
  2. စစ်အစိုးရသတင်းစာများတွင် ရေးသားသည့် အာဘော်များအတိုင်း ၀ါဒဖြန့်ခြင်း
  3. သတင်းမှန်တခုထွက်လာလျှင် ထင်ယောင်ထင်မှားဖြစ်အောင် တန်ပြန်ချေပခြင်း
  4. ဒီမိုကရေစီ လိုလားသူများကို မခံချင်အောင် ရန်စတိုက်ခိုက်ခြင်း
  5. ယခုနောက်ပိုင်း ထွက်ပေါ်လာသည့် ဘာသာရေးသက်သက် ဟုထင်မြင်အောင် ရေးသားထားသော ဘလော့ဂ်များမှနေပြီး လူထုငြိမ်ဝပ်နေစေရေးအတွက် ဗုဒ္ဓ
    ဘာသာမှ လိုရာအပိုင်းကို ဆွဲယူ ရေးသားကာ တိုက်တွန်းခြင်း

ထို့အပြင် ဆန္ဒဖော်ထုတ်ပွဲများ အရှိန်အမြင့်ဆုံးဖြစ်စဉ် စစ်တပ်က စတင်ပစ်ခတ် နှိမ်နင်းစဉ်ကာလကလည်း သတိထားမိလိုက်ပါသေးသည်။ ဒီမိုကရေစီနိုင်ငံများကို အပုပ်ချရေးလေ့ရှိသော ဘလော့ဂ်တခုက မစ္စတာ ဂမ်ဘာရီ မြန်မာပြည်ရောက်နေ
ချိန်ဝယ် လူအားလုံးကို အိမ်ထဲမှာသာနေကာ မေတ္တာပို့နေရန် တိုက်တွန်းထားခဲ့သည်။
ဗုဒ္ဓဘာသာ၏ မေတ္တာတရား ငြိမ်းချမ်းရေးတရားကို အယောင်ပြကာ လက်တွေ့မကျသော လမ်းကြောင်းဖြင့် တိုက်တွန်းထားခြင်းသည် ဟုတ်သယောင်ရှိသဖြင့် တချို့လူများပင် ခေတ္တ နားယောင်မိသွားကြသည်ကို မှတ်ချက်များအရ သိရှိနိုင်ပါသည်။ ထိုပုဂ္ဂိုလ်ရေးသားပြီး မရှေး မနှောင်းတွင် ပြည်တွင်းမှ ပြည်သူတဦး အမည်ဖြင့် သတင်းဘလော့ဂ် ပိုင်ရှင်များထံသို့ စာ
တစောင် အီးမေးလ်မှတဆင့် ပေးပို့လာပါသည်။ စိတ်ဝင်စားစရာကောင်းသည်မှာ ထိုပြည်သူ
တဦးဆိုသူ၏ တိုက်တွန်းချက်မှာ အနှီဘလော့ဂါပုဂ္ဂိုလ်၏ အကြံပြုချက်နှင့် တိုင်ပင်ထားသကဲ့
သို့ (၀ါ) ညွှန်ကြားချက် တခုတည်းအောက်တွင် ရှိနေသကဲ့သို့ သဘောချင်း ထပ်တူညီနေခြင်း ဖြစ်သည်။

လွတ်လပ်ရေးနှင့် ဒီမိုကရေစီလိုလားသူ ဘလော့ဂါများကို ဆဲဆိုတိုက်ခိုက်ခြင်းများလည်း ခေတ်စားလျက်ရှိပါသည်။ အထူးသဖြင့် အမျိုးသမီး ဘလော့ဂါများကို အရှက်ရအောင်
စိတ်ပျက်ကာ ဘလော့ဂ်မရေးချင် လာတော့သည်အထိ ညစ်ညမ်းသော စကားလုံးများဖြင့် တိုက်ခိုက်လာခြင်း ဖြစ်ပါသည်။ ဆီပုံးဟု မြန်မာဘလော့ဂ်လောကတွင် ခေါ်ဝေါ်ကြသော
C box များတွင် ဒီမိုကရေစီရေးလှုပ်ရှားသူများ ဒေါသထွက်အောင် မထိတထိရန်စခြင်းများ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများဖြင့် အပြန်အလှန် ဆဲရေးသယောင် ရေးသားခြင်းများ
သည် စာဖတ်သူများကို အလွန် မျက်စိရှုပ်ထွေး စိတ်ပျက်စေပါသည်။

ဘလော့ဂ်ရေးသူများကို စိတ်ပျက်အောင် အဝေးက ကွန်ပျူတာရှေ့ထိုင်ကာ လှုပ်ရှားနေ
သည်မှာ အလကားဖြစ်ကြောင်း အကျိုးမရှိကြောင်း စသည်ဖြင့် စိတ်ဓာတ်ပျက်ပြားစရာ စကားများဖြင့် လာရောက်မှတ်ချက်ချခြင်းကိုလည်း မမှုကြရန် လိုအပ်ပါသည်။ တိုက်ကြ
ခိုက်ကြမည်၊ သတ်ကြ ဖြတ်ကြမည် စသည်ဖြင့် အစွန်းရောက်ပြောဆိုခြင်း စစ်တပ်ကို
အသားလွတ် ဆဲရေးခြင်းများဖြင့် လူထုထောက်ခံမှုကို ပျက်ပြားစေသော အပြောအဆို
များကိုလည်း မသင်္ကာဖွယ်ရာ တွေ့ရပါသည်။

ဘလော့ဂ်များမှ အချိန်နှင့်တပြေးညီ တင်ပြလာသော သတင်းဓာတ်ပုံများကို ကမ္ဘာက
စိတ်ဝင်တစား အဆက်မပြတ် ဖတ်ရှုနေချိန်တွင် သတင်းဘလော့ဂ်များသို့ သတင်းမှားများ မသက်ဆိုင်သော ဓာတ်ပုံအမှားများကို ပေးပို့လာသည်ကိုလည်း တွေ့ရပါသည်။ မီဒီယာကို မီဒီယာဖြင့် တိုက်မည်ဟူသော စစ်အစိုးရ ပြန်ကြားရေး၏ ပေါ်လစီအရ တိုက်ခိုက်လာခြင်း ဖြစ်နိုင်ပါသည်။ သတင်းဘလော့ဂ်များ အနေဖြင့် သံသယဖြစ်ဖွယ် သတင်းတခုရလာလျှင် တခုနှင့်တဦး ဆက်သွယ်တိုင်ပင်ကာ အတည်ပြုချက် ရယူရပါမည်။ ထို့ကြောင့် အနည်းဆုံး သတင်းတင်ရန် အချိန်နှောင့်နှေးခြင်း၊ သတိလွတ်သွားပါက သတင်းအမှားကို တင်မိခြင်းအထိ ဖြစ်စေရန် တိုက်ခိုက်ခြင်း ဖြစ်ပါသည်။ ဘလော့ဂ်များမှ သတင်းများကို ယုံကြည်အားထားမှု လျော့ကျစေရန် ရည်ရွယ်ခြင်း ဖြစ်နိုင်ပါသည်။ သတင်းဘလော့ဂ်ရေးသူများ အထူးသတိပြု ဖွယ်ဖြစ်ပါသည်။

ဒီမိုကရေစီ တိုက်ပွဲများတွင် မြန်မာဘလော့ဂ်များ၏ ထိရောက်မှုကို ကောင်းကောင်းသိပါ
လျက် တုန်လှုပ်နေပါလျက် စစ်အစိုးရက မြန်မာဘလော့ဂ်များနှင့် တိုက်ရိုက် ပတ်သက်
သည့် လှုပ်ရှားမှုများကို အခုအချိန်အထိ သိသိသာသာ မလုပ်သေးသည်မှာ စဉ်းစားစရာ
ဖြစ်သည်။ ဆင်ကြံကြံနေခြင်းသာ ဖြစ်နိုင်ပါသည်။ လမ်းပြမြေပုံ (၇) ချက် အတိုင်းဆက်
သွားမည်ဟု ခေါင်းမာမာကြွေးကြော်ထားသော စစ်အစိုးရသည် ဆန္ဒဖော်ထုတ်ခဲ့သူများ
ကို ဖမ်းဆီးချုပ်နှောင်နေသလို တစ်ဖက်ကလည်း စစ်အစိုးရ အလိုတော်ရိ စွမ်းအားရှင်
ကြံ့ဖွတ်များကို ရှေ့တန်းထုတ်ကာ ပြည်သူလူထုကို အတင်းအကျပ်ဖိအားပေး ပါဝင်ခိုင်း
သည့် ညီလာခံထောက်ခံပွဲများနှင့် တန်ပြန်ဆန္ဒပြပွဲများကို ကျင်းပနေပါသည်။ အင်တာ
နက် ကမ္ဘာတွင်လည်း စစ်အစိုးရ ဆက်လှမ်းလာမည့် ထိုနည်းဆန်ဆန် ခြေလှမ်းများကို ခန့်မှန်းကြည့်နိုင်ပါသည်။

ထို့ကြောင့် နောက်တဆင့်တက်ကာ ဘလော့ဂ်ကိုလည်း ဘလော့ဂ်ဖြင့်ပင် ပိုမို တိုက်ခိုက်
လာနိုင်ဖွယ်ရှိပါသည်။ လောလောဆယ်ရှိနေသော နအဖအလိုတော်ရိဆန်ဆန် ဘလော့ဂ်
များအပြင် စွမ်းအားရှင် ဘလော့ဂ် အများအပြား ထပ်မံ မွေးထုတ်လာနိုင်ပါသည်။ ဆန္ဒ ဖော်ထုတ်ပွဲများတွင် စွမ်းအားရှင်များကို နေ့စား အခပေး၍ ရဟန်းရှင်လူများကို ရိုက်နှက် နှိမ်နင်းခိုင်းသော စစ်အစိုးရသည် ငွေကြေးထောက်ပံ့၍ ဘလော့ဂ်သင်တန်းပေးကာ အလို
တော်ရိ ဘလော့ဂါ အများအပြားကို နေ့ချင်းညချင်း မွေးထုတ်လာရန်မှာ ခက်ခဲသော ကိစ္စ
မဟုတ်ပါ။

ယခုအချိန်တွင် မြန်မာဘလော့ဂ်များကို လိုက်လံဖတ်ရှုကြည့်ပါက လွတ်လပ်ရေးကို
တောင်းဆိုသောအသံများဖြင့် ညံလျက်ရှိနေပေသည်။ ထို့ကြောင့် တန်ပြန်ဆန္ဒပြပွဲများ
နည်းတူ စစ်အစိုးရကိုထောက်ခံကာ ဒီမိုကရေစီလှုပ်ရှားမှုများကို အပုပ်ချသောအသံများလည်း ဘလော့ဂ်လောကတွင် များပြားလာအောင် တနည်းနည်းဖြင့် လှည့်ဖြားကြံဆောင်လာနိုင်ပါသည်။

ကောက်ကျစ်သော နည်းလမ်းများနှင့် စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှု (Psychological Warfare)
ကို လိုအပ်လျှင်သုံးဖို့ ၀န်မလေးခဲ့သူ စစ်အစိုးရသည် နိုင်ငံရေးအရောင် ကင်းရှင်းသော စာပေ အနုပညာ ဘလော့ဂ်၊ ဘာသာရေးဘလော့ဂ် စသည်ဖြင့် အယောင်ပြကာ လက်ရှိဘလော့ဂါ
များနှင့် ရင်းနှီးမှုရယူခြင်း၊ ထို့နောက် ဒီမိုကရေစီလိုလားသူ ဘလော့ဂါ အချင်းချင်း သွေးကွဲ
စေရန် မလိမ့်တပတ် ကြံဆောင်ခြင်းများလည်း လုပ်လာနိုင်ပါသေးသည်။ ဘလော့ဂါများ
အားလုံးမှ စည်းလုံးမှုမပျက်ပြားစေပဲ သတိထားရန် လိုအပ်ပါသည်။ ဘလော့ဂ်ဖတ်ရှုသူများ အနေနှင့်လည်း ဖတ်ရှုရုံသာမက အချိန်ပေးကာ မိမိတို့ခံစားချက် သဘောထားများကို ထင်ဟပ်စေသော ဘလော့ဂ်များ စတင်ရေးသားလာကြစေလိုပါသည်။

အတုအယောင်များ တိုက်ခိုက်မှုများဖြင့် ပိုမိုဝင်ရောက် ခြေရှုပ်လာနိုင်သော မြန်မာဘလော့ဂ် လောကကို ဘလော့ဂါများက မျက်ခြည်မပြတ် စောင့်ကြည့်နေပါသည်။ တုန်လှုပ်စရာတော့
စိုးစိမျှ မလိုပါလေ။ အဘယ်ကြောင့်ဆိုသော် တပါးသူ၏ အမိန့်တစုံတရာအောက်ဝယ် မက်လုံး ကြောင့်ဖြစ်စေ၊ ကြောက်ရွံ့မှုကြောင့်ဖြစ်စေ တံလျှပ်ကို ရေထင်ကာ ၀ိုးတ၀ါး ရေးသားရသူများ
သည် မိမိကိုယ်ပိုင် ယုံကြည်ချက် ကိုယ်ပိုင်ခံစားချက်များဖြင့် စေတနာ့ဝန်ထမ်း ဘလော့ဂ် ရေးသားသူများနှင့် နှိုင်းယှဉ်ပါက ရေရှည်တွင် တဖြည်းဖြည်း အရည်အသွေးအရရော ခိုင်မာမှု
အရပါ ကွာခြားလာမည် ဖြစ်သောကြောင့်တည်း။ နောက်ဆုံးတွင် လောကနိယာမအရ ဓမ္မက
သာလျှင် အဓမ္မကို အနိုင်ရရစမြဲ မဟုတ်ပါလား။

Burmese Bloggers without Borders
http://bbwob.blogspot.com

ဗီယက်နမ်တွင် အကျဉ်းသားများအား လွတ်ငြိမ်းခွင့်ပေး -DPA / ၂၄ အောက်တိုဘာ ၂၀၀၇

အကျဉ်းသား (၈,၀၀၀) ကျော်အား လွတ်ငြိမ်းခွင့်ပေးမည်ဖြစ်ကြောင်း ဗီယက်နမ်သမ္မတရုံးက ယမန်နေ့တွင်ကြေညာ သည်။

နှစ်စဉ်ပြုလုပ်နေကြ သမ္မတ၏လွတ်ငြိမ်းခွင့်တွင် ယခုနှစ်အတွက် အကျဉ်းသား (၈,၀၆၆) ဦး ရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အထဲတွင် နိုင်ငံတော်လုံခြုံရေးဥပဒေအား ချိုးဖောက်မှုဖြင့် ထောင်ကျနေသူ (၁၁) ဦးလည်းပါဝင်သည်။

ပြီးခဲ့သည့် ၂၀၀၁ နှင့် ၂၀၀၂ ခုတို့၌ လူမျိုးစုများနေထိုင်ရာ နိုင်ငံအလယ်ပိုင်းကုန်းမြင့်ဒေသတွင် ဖြစ်ပွားခဲ့သော မြေယာပိုင် ဆိုင်ခွင့်ရရှိရေးအပါအ၀င် ဘာသာရေးလွတ်လပ်ခွင့်အတွက် အစိုးရအား ကန့်ကွက်ဆန္ဒပြမှုများအတွင်း ပါဝင်ခဲ့သူများလည်း အဆိုပါလွတ်ငြိမ်းခွင့်ရရှိခဲ့သည်။

ယင်းအပြင် ဥရောပသမဂ္ဂ၏ “စိုးရိမ်ဖွယ်ဖြစ်သောအကျဉ်းသားများ” စာရင်း၌ပါဝင်သည့် လူ့အခွင့်အရေးနှင့် နိုင်ငံရေး လွတ်လပ်မှုအတွက် အရေးဆိုလှုပ်ရှားနေသူ (၅) ဦးလည်း လွတ်မြောက်မည့်သူများထဲတွင်ပါဝင်ကြောင်း ဟနွိုင်းမြို့ရှိ အနောက်နိုင်ငံသံတမန်အသိုင်းအ၀ိုင်းမှ သိရသည်။

လွတ်မြောက်မည့်သူများစာရင်း၌ ၂၀၀၁ နှင့် ၂၀၀၂ ခု အစိုးရဆန့်ကျင်ဆန္ဒပြပွဲများတွင်ပါဝင်သူ အရေအတွက် မည်မျှပါမည် ကို အတိအကျ မသိရသေးသော်လည်း သံတမန်အသိုင်းအ၀ိုင်းကမူ “အပြုသဘော” ဆောင်သည့်လုပ်ရပ်ဖြစ်သည်ဟု ပြောဆိုကြသည်။

အဆိုပါ အစိုးရဆန့်ကျင်ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူ နိုင်ငံအလယ်ပိုင်းကုန်းမြင့်ဒေသမှ လူမျိုးစုများကို ဗီယက်နမ်ကွန်မြူနစ် အာဏာပိုင်များက တိတ်တဆိတ် ဖမ်းဆီးထောင်ချ မှုများပြုလုပ်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့အစည်းများက အချိန်ကြာမြင့်စွာ ကတည်းကပင် ထုတ်ဖော်ခဲ့ကြသည်။

ဗီယက်နမ်အစိုးရ၏ လွတ်ငြိမ်းခွင့်ရရှိသူများမှာ အသေးစားပြစ်မှုကျူးလွန်သူများသာဖြစ်ပြီး ပြစ်ဒဏ်၏သုံးပုံတစ်ပုံကို ကျခံပြီးဖြစ် ကာ ဥပဒေချိုးဖောက်မှု နောက်တကြိမ် ထပ်မံကျူးလွန်မည် မဟုတ်ကြောင်း အာမခံသူများသာဖြစ်ကြောင်း၊ လူသတ်မှုနှင့် လိင်မှုဆိုင်ရာ ပြစ်မှုကျူးလွန်သူများ မပါဝင်ကြောင်း အစိုးရတာဝန်ရှိသူများက ပြောသည်။

လွတ်ငြိမ်းခွင့်ပေးသည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ “ဗီယက်နမ်ကွန်မြူနစ်ပါတီရဲ့ ပျော့ပျောင်းတဲ့ မူဝါဒနဲ့ ဗီယက်နမ် လူထုရဲ့ လူသားချင်းစာနာတတ်တဲ့ ဓလေ့တွေကို ထပ်မံပြသတဲ့ သဘောပါပဲ” ဟု သမ္မတရုံး ဒု-တာဝန်ခံ ဂျန်ဆန်းက ပြောသည်။

ယခုနှစ်တွင် ပြန်လွတ်လာမည့်သူများထဲ၌ နိုင်ငံခြားသားများအဖြစ် တရုတ်နိုင်ငံသား(၈) ဦး၊ စင်ကာပူနိုင်ငံသား (၂) ဦး၊ လာအို၊ မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံသား(၁) ဦးစီတို့လည်း ပါဝင်သည်။

ဗီယက်နမ်တွင် ၂၀၀၀ ခုမှစ၍ နှစ်စဉ် လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး စုစုပေါင်း (၈၀,၀၀၀) ဦး ရှိသွားပြီဖြစ်ကာ ၎င်းတို့ အထဲမှ (၄) ရာခိုင်နှုန်းကျော်သည် ဥပဒေကို ပြန်လည်ချိုးဖောက် ခဲ့ကြကြောင်း တာဝန်ရှိသူများက ယမန်နေ့တွင် ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဖိအားပေးရန် တရုတ်ကိုတောင်းဆို

ပီတာအောင်/ ၂၄ အောက်တိုဘာ ၂၀၀၇-(၁၂) နှစ်ကြာထိန်းသိမ်းခံနေရသည့်ဒေါ်အောင်ဆန်းစု
ုကြည်လွတ်မြောက်ရေးအတွက် ယနေ့ မွန်းတည့် (၁၂) နာရီတွင်ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ
တရုတ်သံရုံးရှေ့၌ လက်ကိုသံကြိုးများဖြင့် ချည်နှောင်ထားသူ (၁၂) ဦးတို့က ဒေါ်အောင်ဆန်းစု
ကြည် ရုပ်ပုံမျက်နှာဖုံးများတပ်ဆင်၍ ဆန္ဒပြကြသည်။တရုတ်နိုင်ငံအနေဖြင့် ၎င်း၏သြဇာအာဏာ
ကိုသုံး၍ မြန်မာစစ်အစိုးရကို ဖိအားပေးပါကဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာ
နိုင်သည်ဟု ယုံကြည်သည့်အတွက် တရုတ်သံရုံးရှေ့၌ ဆန္ဒပြရခြင်းဖြစ်သည်ဟု ဆန္ဒပြကြသူတို့
က ပြောသည်။ဆန္ဒပြသူတဦးဖြစ်သူ မင်းစီဝင်းက “တရုတ်က မြန်မာပြည်မှာ သြဇာလွှမ်းမိုးမှုက
အများကြီးရှိတယ်လေ။ လုံခြုံရေးကောင်စီမှာလည်ူးကအမြဲတမ်း အဖွဲ့ဝင်နိုင်ငံဖြစ်နေတယ်။လုံခြုံ
ရေးကောင်စီအဖွဲ့ဝင်အနေနဲ့ သူ့ရဲ့အာဏာကို နည်းနည်းသုံးဖို့ပါ။ ကျနော်တို့အဓိက တောင်းဆို
တာက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ အားလုံးကိုလွှတ်ပေးဖို့တရုတ်က
သူ့ရဲ့အရှိန်အ၀ါနဲ့ ပြောရင်ရပါမယ်။ တရုတ်က စီးပွားရေးအကျိုးအမြတ်တခုတည်းမကြည့်ဘဲနဲ့
ကျနော်တို့ဗမာပြည်သူ လူထုအတွက်လည်း သူတို့ကြည့်ဖို့လိုပါတယ်”ဟု ပြောသည်။

တရုတ်နိုင်ငံသည် လုံခြုံရေးကောင်စီ၌ မြန်မာစစ်အစိုးရကို သံတမန်နည်းဖြင့်အကာအကွယ်ပေး
နေခြင်း၊စစ်ရေးနှင့်ငွေကြေး အကူအညီများပေး၍ စီးပွားရေး ပူးပေါင်း ဆောင်ရွက်နေခြင်းတို့
သည် ဒီမိုကရေစီရေးနှင့်ဝေးအောင် လုပ်ရာရောက်သည့်တွက် ကူညီထောက်ပံ့မှုများကို ဖြတ်
တောက်ပေးရန်လည်း ဆန္ဒပြသူတို့က တောင်းဆိုသည်။

မြန်မာနိုင်ငံအေးချမ်းသာယာပြီး ဒီမိုကရေစီကိုအမြန်ဆုံးရရှိစေရန် ဒေါ်အောင်ဆန်းစုကြည်အ
မြန်ဆုံးလွတ်မြောက်ရန်လိုအပ်နေပြီဟု ဆန္ဒပြပွဲ၌ပါဝင်သူ မပြုံးက ပြောသည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည်ဟာ ကျမတို့နိုင်ငံမှာမရှိမဖြစ်လိုအပ်နေတဲ့ခေါင်းဆောင်ကောင်း
တယောက်ပဲ။ သူကကျမတို့ ပြည်သူပြည်သားတွေအတွက် သူ့အကျိုးစွန့်အနစ်နာခံပြီးအချုပ်ထဲ
မှာနေခဲ့တာဟာဆိုရင် နှစ်ပေါင်း (၁၂)နှစ်ရှိတော့မယ်၊ အဲ့ဒါကြောင့် သူအမြန်ဆုံးလွတ်မြောက်ဖို့
အတွက် ကျမတို့ တောင်းဆိုနေတာပါ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရင် ကျမတို့ရဲ့
နိုင်ငံဟာ တမျိုးတမည်ပြောင်းလဲသွားလိမ့်မယ်” ဟု ပြောသည်။

ယခုဆန္ဒပြပွဲကို မြန်မာနိုင်ငံအတွက်ငြိမ်းချမ်းရေးအမည်ရှိ ထိုင်းနှင့်မြန်မာအန်ဂျီအိုအဖွဲ့များက ပူး
ပေါင်းစီစဉ်ခြင်းဖြစ်ပြီး တက်ကြွလှုပ်ရှားသူ (၃၀) ခန့်တို့ကလည်း ပါဝင်ဆန္ဒပြကြသည်။ အလား
တူ လန်ဒန်၊ ပဲရစ်၊ နယူး ယော့ခ်၊ ရောမနှင့် တိုရန်တို စသည့် ကမ္ဘာ့မြို့ကြီး (၁၂) မြို့၌လည်း
ဆန္ဒပြပွဲများ ပြုလုပ်ကြကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် (၁၈) နှစ်ကျော်ကာလအတွင်း ၁၉၈၉ ခု ဇူလိုင်မှ၁၉၉၅
ခု ဇူလိုင်အထိတကြိမ်၊ ၂၀၀၀ ခု စက်တင်ဘာမှ ၂၀၀၂ မေအထိ တကြိမ်၊ ၂၀၀၃ မေမှ ယခုအ
ချိန်တိုင်အောင် နေအိမ်အကျယ်ျုပ်ဖြင့် စုစုပေါင်း (၁၂) နှစ်ကြာအောင် ထိန်းသိမ်းခံနေရသည်။

သြစတြေးလျက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုပြုလုပ်

Reuters/ ၂၄ အောက်တိုဘာ ၂၀၀၇-ပြီးခဲ့သည့်လက မြန်မာနိုင်ငံအတွင်း ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခဲ့မှုအ
တွက် မြန်မာစစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့၏မိသားစုဝင်များကို သြစတြေးလျနိုင်ငံက ငွေကြေးဆိုင်ရာပိတ်ဆို့ဒဏ်ခတ်မှုပြု
လုပ်လိုက်ကြောင်း ယနေ့ကြေညာသည်။ပိတ်ဆို့ဒဏ်ခတ်ခံရသူများအနက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအ၀င် စစ်ဗိုလ်
ချုပ်အသိုင်းအ၀ိုင်းမှ (၄၁၈) ဦးပါဝင်သည်ဟု သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒားဒေါင်နာက ပြောကြား
သည်။

၎င်းက “စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ဖို့ရယ်၊ မြန်မာနိုင်
ငံသား အားလုံးကို နိုင်ငံတကာစံချိန်စံနှုန်းနဲ့အညီ လူ့အခွင့်ရေးတွေပေးဖို့ သြစတြေးလျက မြန်မာစစ်အစိုးရကို အစဉ်
တစိုက်တောင်း ဆိုခဲ့ပါတယ်” ဟု ပြောသည်။

သြစတြေးလျနိုင်ငံက မြန်မာစစ်ဗိုလ်ချုပ်များကို ပြည်ဝင်ခွင့်ဗီဇာစည်းကမ်းတင်းကြပ်မှုများနှင့် စစ်ပစ္စည်းများ မြန်မာနိုင်
ငံသို့ တင်ပို့မှုတားမြစ်ခြင်းတို့ ပြုလုပ်ထားပြီးဖြစ်ရာ ယခုထပ်မံ ပိတ်ဆို့မှုများသည် မြန်စစ်အစိုးရအပေါ်ပိုမိုဖိအားပေးရာ
ရောက်စေ သည်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။

ပိတ်ဆို့အရေးယူမှု၌ မြန်မာစစ်အစိုးရခေါင်းဆောင်များနှင့်၎င်းတို့အားထောက်ခံသူတို့၏ ငွေကြေးလွှဲပြောင်းမှုနှင့်ငွေပေး
ငွေယူ ကိစ္စများကို သြစတြေးလျဗဟိုဘဏ်၏ ခွင့်ပြုချက်မပေးဘဲ တားမြစ်ထားခြင်းပါဝင်သည်။

ယခုအရေးယူမှုသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အရေးယူပိတ်ဆို့မှုမဟုတ်သော်လည်း သြစတြေးလျနိုင်ငံ၏လက်
ရှိတည်ဆဲဥပဒေအရ နိုင်ငံတနိုင်ငံကို အပြင်းထန်ဆုံး ဘဏ္ဍာရေး ဆိုင်ရာအရေးယူမှု ဖြစ်သည်။

အကြီးစားစီမံကိန်းနှစ်ခုအတွက် ဘတ်ငွေ (၃၆) ဘီလီယံသုံးစွဲရန်ခွင့်ပြု

Bangkokpost / ၂၃ အောက်တိုဘာ ၂၀၀၇-ထိုင်းနိုင်ငံအတွင်း အကောင်အထည်ဖော်မည့် ဘတ်ငွေ (၃၆) ဘီလီယံ
ကုန်ကျသည့် အကြီးစားစီမံကိန်းနှစ်ခုအား အစိုးရ၀န်ကြီးအဖွဲ့က ယမန်နေ့တွင် အတည်ပြုလက်ခံလိုက်သည်။

အဆိုပါ စီမံကိန်းနှစ်ခုမှာ မီးရထားဆက်သွယ်ရေးစနစ်တိုးချဲ့ပြင်ဆင်ရန်နှင့် ထိုင်းအစိုးရပိုင်ဆေးရွက်ကြီးနှင့် စီးကရက်
ကုမ္ပဏီ TTM အတွက် ထုတ်လုပ်ရေးလုပ်ငန်း အထောက်အကူပြုပစ္စည်းများ ၀ယ်ယူရန်ဖြစ်သည်။

ယင်းစီမံကိန်းနှစ်ခုကို ဘုရင်၏အတည်ပြုချက်ရပြီးသည့်တိုင်လက်ရှိစစ်အစိုးရက အကောင်အထည်ဖော်မည်မဟုတ်ဘဲ
ဒီဇင်ဘာ (၂၃) တွင် ကျင်းပမည့်ရွေးကောက်ပွဲအပြီး တရားဝင်ဖွဲ့စည်းမည့် အစိုးရသစ်တရပ်ကသာ အကောင်အထည်
ဖော်ရမည်ဟု စစ်အစိုးရပြောခွင့်ရသူ ချိုင်းယာယင်မ်ဝိလိုင်းကပြောကြောင်း ယနေ့ထုတ်ဘန်ကောက်ပို့စ်သတင်းစာတွင်
ဖော်ပြသည်။

ရာထားသည့်ကုန်ကျငွေများမှ (၂၀) ဘီလီယံကို စီမံကိန်းတခုအတွက်အသုံးပြုမည်ဖြစ်ပြီးရထားလမ်းသစ် (၂)ကြောင်း
ကို လာမည့်နှစ်တွင်စတင်၍ ၂၀၁၄ ခုတွင် အပြီးသတ်ဖောက် လုပ်ရန်ဖြစ်သည်။

၎င်းတို့မှာ ဘန်ကောက်ပင်လယ်အော်ရှိ ချွန်ဘူရီခရိုင်အတွင်းမှ ပင်လယ်နက်ဆိပ်ကမ်းမြို့နယ်ဖြစ်သော လမ်ချဘန်းနှင့် ထိုင်းနိုင်ငံအရှေ့မြောက်ဘက်ခရိုင်များဖြစ်သည့် ခေါင်န်ကန်း၊ နခွန်ရာခ်ျစီးမားတို့ကို ဆက်သွယ်သည့်လမ်းတကြောင်း၊
လမ်ချဘန်းနှင့် ဘန်ကောက်အုပ်ချုပ်ရေးအောက်မှခရိုင်တခုဖြစ်သော လတ်ကရဘန်းတို့အကြား ဆက်သွယ်သည့်လမ်း
တကြောင်းတို့ဖြစ်သည်။

အဆိုပါရထားလမ်းအသစ်များအား ပြည်ပသို့တင်ပို့မည့် ဆန်၊ ကုန်စည်သေတ္တာကြီးများ၊သာကူကော်စေ့များနှင့်သကြား
များကို လမ်ချဘန်းမြို့နယ်ရှိ ပင်လယ်နက်ဆိပ်ကမ်းသို့ အကုန်အကျနည်းပြီး အချိန်ကုန်သက်သာစွာဖြင့် တင်ပို့နိုင်ရန်
အသုံးပြုမည် ဖြစ်သည်။

ယမန်နေ့ကသဘောတူလိုက်သော စီမံကိန်းကြီးနှစ်ခုအနက် အခြားတခုမှာ TTM ကုမ္ပဏီအတွက် စီးကရက်ထုတ်လုပ်
ရေးစက်ရုံအသစ်တခုဆောက်လုပ်ရန်ဖြစ်သည်။ ယင်းအတွက် ထိုင်းဘတ်ငွေ (၁၆) ဘီလီယံကျော်အသုံးပြုသွားမည်ဖြစ်
ပြီး အဆိုပါကုန်ကျငွေအတွက်ကုမ္ပဏီက အစိုးရဘဏ္ဍာရေးဌာနသို့ နှစ်စဉ်ပြန်လည်ပေးဆပ်သွားရမည်ဖြစ်သည်။

စီမံကိန်းကြီးနှစ်ခုအတွက် လိုအပ်ငွေအချို့အဖြစ် တရုတ်အစိုးရပိုင် သွင်းကုန်-ထုတ်ကုန်ဘဏ်မှ ထိုင်းဘတ်ငွေ (၁၄)
ဘီလီ ယံဝန်းကျင်နှင့် ညီမျှသော အမေရိကန်ဒေါ်လာ သန်း(၄၀၀) ထက်မပိုသည့် ငွေပမာဏအားချေးယူနိုင်ရန် ထိုင်း
ဝန်ကြီး များအဖွဲ့က ဘဏ္ဍာဝန်ကြီး ဌာနအား ယမန်နေ့တွင် ခွင့်ပြုခဲ့သည်။

ယင်းအပြင် စီမံကိန်းကြီးနှစ်ခုအတွက် လိုအပ်သောပစ္စည်းများ၏ အနည်းဆုံး (၅၀) ရာခိုင်နှုန်း ခန့်ကိုလည်း တရုတ်နိုင်ငံ
မှပင် ၀ယ်ယူမည်ဖြစ်သည်။

ရန်ကုန်မြို့တွင် စီးပွားရေးကြော်ငြာဆိုင်းဘုတ်များ နည်းပါးလာ

NEJ/ ၂၃ အောက်တိုဘာ ၂၀၀၇-နအဖစစ်အစိုးရက စီးပွားရေးကြော်ငြာဆိုင်းဘုတ်များအကြား
ဝါဒဖြန့်ကြော်ငြာ ဆိုင်းဘုတ်မျိုးစုံစိုက်ထူလာသည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များက ၎င်းတို့
၏ကြော်ငြာများကို ရပ်ဆိုင်းထားကြကြောင်း သိရသည်။“စီးပွားရေးလုပ်ငန်းရှင်တွေက စစ်အစိုးရ
ဝါဒဖြန့်ဆိုင်းဘုတ်တွေနဲ့အတူ ယှဉ်တွဲပြီး မကြော်ငြာချင်တဲ့အတွက် ရန်ကုန်မြို့မှာ ဆိုင်းဘုတ်အ
လွတ်တွေကို နေရာအနှံ့မှာတွေ့နိုင်တယ်” ဟု ရန်ကုန်မြို့မှတေးစီးရီးထုတ်လုပ်သည့်လုပ်ငန်းရှင် တဦးကပြောသည်။ဝါဒဖြန့်ဆိုင်းဘုတ်များကို သီးသန့်ထောင်ထားခြင်းမဟုတ်ဘဲ ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီကို ငွေပေးပြီးကြော်ငြာရသည့် စီးပွားရေးလုပ်ငန်းဆိုင်းဘုတ်များနှင့်
အတူ ယှဉ်တွဲထောင်ထားခြင်းကြောင့် လုပ်ငန်းရှင်များက လုပ်လိုကြကြောင်း၎င်းက ပြောသည်။

ပြီးခဲ့သည့်လအတွင်း သံဃာတော်များ ဦးဆောင်သည့် လူထုဆန္ဒထုတ်ဖော်သည့် လှုပ်ရှားမှုဖြစ်
ပွားပြီးနောက်ပိုင်းအာဏာပိုင်များက ရန်ကုန်မြို့အနှံ့အပြားတွင် ၀ါဒဖြန့်ဆိုင်းဘုတ်များ စိုက်ထူ
လာခြင်းဖြစ်သည်။

ရန်ကုန်မြို့ခံတဦးက “ကမ္ဘာအေးဘုရားလမ်းနဲ့ ဆရာစံလမ်းထောင့်မှာဆို အမေရိကန်အားကိုး
ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြဆိုတဲ့ အမေရိကန်အစိုးရကို နာမည်တပ်ပြီး ဆန့်
ကျင်ပုတ်ခတ်ရေးထားတဲ့ ဆိုင်းဘုတ်မျိုးကို တွေ့နိုင်တယ်” ဟု ပြောသည်။

စစ်အစိုးရသတင်းစာများတွင် ပုံမှန်ဖော်ပြလေ့ရှိသည့် နိုင်ငံတော်တည်ငြိမ်ရေးနှင့်နိုင်ငံတော်တိုး
တက်ရေးကို နှောင့်ယှက်ဟန့်တားသူများအား ဆန့်ကျင်ကြ၊ နိုင်ငံတော်၏ ပြည်တွင်းရေးကိုဝင်
ရောက်နှောင့်ယှက်သော ပြည်ပနိုင်ငံများအားဆန့်ကျင်ကြစသည့် အခြားဝါဒဖြန့် ဆိုင်းဘုတ်များ
ကိုလည်း တွေ့မြင်နိုင်သည်။

ယခင်လ၌ သံဃာတော်များနှင့်လူထု၏ ငြိမ်းချမ်းစွာဆန္ဒပြမှုကို စစ်အစိုးရအာဏာပိုင်များက
အကြမ်းဖက်နှိမ်နင်းခဲ့မှုများအား ပြင်ပမီဒီယာများမှတဆင့် ပြည်သူများနှင့် နိုင်ငံတကာကပါ
ဗီဒီယိုရုပ်ပုံများနှင့်တကွ ကြည့်ရှုခွင့်ရခဲ့သည်။

ထိုသို့ စစ်အစိုးရ၏လုပ်ရပ်များကို ပြည်တွင်းသာမက နိုင်ငံတကာကပါ သိရှိခွင့်ရခဲ့ပြီး ၀ိုင်းဝန်း
ရှုတ်ချခဲ့ပြီးနောက်ပိုင်းတွင် ၎င်းတို့ပိုင် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ ၀ါဒဖြန့်ချိရေး
လုပ်ငန်းများကို စစ်အစိုးရက အဆက်မပြတ်လုပ်ကိုင်နေ သည်ကို တွေ့မြင်ရသည်။

ပြည်တွင်း ပုဂ္ဂလိကဂျာနယ်များတွင်လည်း ၎င်းတို့ရေးစေချင်သည့် သတင်းများကို ရေးသား
ဖော်ပြစေခြင်း၊ ဆောင်းပါးများကို မထည့်မနေရ ဖော်ပြခိုင်းခြင်းတို့ လုပ်နေကြောင်း ဂျာနယ်
အယ်ဒီတာတဦးကပြောသည်။

လူ့အခွင့်အရေးချိုးဖောက်မှု စုံစမ်းရန် ပါမောက္ခ ပီညဲရိုး မြန်မာနိုင်ငံလာခွင့်ရ

ပီတာအောင်/ ၂၃ အောက်တိုဘာ ၂၀၀၇-မြန်မာနိုင်ငံ၌ လတ်တလောဖြစ်ပျက်နေသည့်လူ့အခွင့်
အရေးအခြေနေများကိုလေ့လာအကဲဖြတ်ရန်အတွက် မစ္စတာပေါ်လိုဆာဂျီယိုပီညဲရိုးအား မြန်မာ
နိုင်ငံသို့လာခွင့်ပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ယခုလ(၂)ရက်နေ့၌ မေတ္တာရပ်
ခံပြီးနောက် ယခုကဲ့သို့ လာရောက်ခွင့် ရရှိခြင်းဖြစ်သည်။မစ္စတာပီညဲရိုးကို လာရောက်ခွင့်ပြု
ကြောင်းသဘောတူသည့်စာကို နအဖနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ကုလသမဂ္ဂအတွင်း
ရေးမှူးချုပ် ဘန်ကီမွန်းထံ ပြီးခဲ့သည့် သောကြာနေ့ က ပေးပို့ခဲ့ခြင်း ဖြစ်ပြီး လာမည့် နိုဝင်ဘာ
(၁၇) ရက်၌ ကျင်းပမည့်အာဆီယံထိပ်သီးအစည်းအဝေးပွဲမတိုင်မီလာရောက်ရန် ဦးဥာဏ်ဝင်း
က အကြံပြုထားသည်ဟုကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ မီရှဲလ်မွန်တပ်စ်က ကုလသမဂ္ဂသတင်း
ထုတ်ပြန်ချက်၌ပြောသည်။မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်သည့် အချက်
အလက်များကို ရှာဖွေစုံစမ်း၍ ကုလသမဂ္ဂ၌ အစီရင်ခံရသူ မစ္စတာပီညဲရိုးသည် ၂၀၀၃ ခု နိုဝင်
ဘာလက မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ်သွားရောက်ခဲ့သည်။ ထိုခရီးစဉ်အပြီး နအဖစစ်အစိုး
ရက ထပ်မံဝင်ခွင့်မပေးတော့ဘဲထားခဲ့သည်။

နအဖစစ်အစိုးရက မစ္စတာပီညဲရိုးအား မြန်မာနိုင်ငံ ၀င်ခွင့်ပေးလိုက်ခြင်းအပေါ် သံသယဖြင့်ကြို
ဆိုကြောင်းလူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ)၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းကပြော
သည်။

၎င်းက “အခုလိုမျိုးအချိန်မှခွင့်ပြုလိုက်တာဟာ သူတို့ဘက်မှာအရင်တုန်းက ဖြစ်ပျက်ခဲ့တဲ့အဖြစ်
အပျက်တွေသဲလွန်စတွေကို ဖျက်ဆီးပြီးတဲ့အနေအထားမျိုးရောက်မှ ခွင့်ပြုတာလား၊ဒါမှမဟုတ်
ရင် သူ့ကိုပို့နိုင်တဲ့ သတင်းတွေမရရှိနိုင်အောင်အကုန်လုံးကို လက်စဖျောက်ပြီးမှ ခွင့်ပြုတာလား
ဆိုတာသံသယရှိစရာဖြစ်တယ်။အခုအချိန်နောက်ကျသွားတဲ့အတွက် ပီညဲရိုးရဲ့အဖြစ်မှန်စုံစမ်းဖို့
လုပ်ငန်းဟာ အဟန့်အတားတွေဖြစ်နိုင်တယ်။ အခက်အခဲတွေ အများကြီးရှိနိုင်တယ်” ဟု ပြော
သည်။

လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပွားခဲ့သည့် နေရာများသို့သွားရောက်ပြီး ကိုယ်တွေ့ကြုံသူများနှင့်
လွတ်လပ်စွာတွေ့ဆုံ၍ သဲလွန်စရှာခြင်း၊ အင်းစိန်ထောင်နှင့် စစ်ကြောရေးစခန်းများရှိ အဖမ်းအ
ဆီးခံနေရသူများနှင့် တွေ့ဆုံခြင်းတို့ပြုလုပ်နိုင်ပါက မစ္စတာပီညဲရိုး၏ ခရီးစဉ်အကျိုးရှိမည်ဖြစ်ပြီး
နအဖ ပို့ဆောင်သည့် နေရာများသို့ သွားရောက်ပြီး ပြောသမျှနားထောင်၍ ပြန် သွားမည်ဆိုပါက
ထူးခြားမှုရှိမည်မဟုတ်ဘဲ စစ်အစိုးရ၏ နိုင်ငံရေး အမြတ်ထုတ်မှုသက်သက်သာဖြစ်သွားမည်ဟု
ဦးအောင်မျိုးမင်းက ပြောသည်။

မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး ပြဿနာအဖြေရှာရန်အတွက် မြန်မာ့ အိမ်နီး
ချင်းနိုင်ငံများဆီ ခရီးလှည့်နေသည့် ကုသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး
ကိုယ်စားလှယ် မစ္စတာ အီဘရာဟမ် ဂမ်ဘာရီသည်လည်း ရှေ့လ၌ မြန်မာနိုင်ငံသွားရောက်
ရန်ရှိသည်။

ဇာဂနာပြက်လုံး ရေပန်းစား

NEJ/ ၂၃ အောက်တိုဘာ ၂၀၀၇-ဖမ်းဆီးထိန်းသိမ်းခံနေရာမှ လွတ်မြောက်လာပြီးသည့်နောက် ပြင်ပရေဒီယိုများနှင့်အင်
တာဗျူးလုပ်စဉ် ပြောကြားခဲ့သည့် သရုပ်ဆောင်ဒါရိုက်တာ မောင်သူရ ခေါ်ဇာဂနာ၏ ပြက်လုံးတခု လူထုအတွင်း ပျံ့နှံ့
နေကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

အဆိုပါ အင်တာဗျူးတွင် ဇာဂနာက မြန်မာလူမျိုး ဗုဒ္ဓဘာသာများအနေဖြင့် မွေးဖွားစဉ်မှ သေဆုံးချိန်အထိ ဗုဒ္ဓံသရဏံ
ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိဆိုပြီး ရွတ်ဆိုပူဇော်ကြရကြောင်း၊ စစ်အစိုးရ၏ ပြုမူပုံများအရ ယခုအခါ
နောက်ဆုံး စာပိုဒ်ဖြစ်သည့် သံဃံသရဏံ ဂစ္ဆာမိကို သံဃံသရဏံ ဂန်းစာမိဟူ၍ ပြောင်းလဲရွတ်ဆိုရမလိုဖြစ်နေကြောင်း
ရဟန်း သံဃာများ အား အကြမ်းဖက်ပစ်ခတ်နှိမ်နင်းမှုများနှင့် ပတ်သက်၍ ပြက်လုံးထုတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြက်လုံးသည် ရန်ကုန်မြို့ပေါ်ရှိ တက္ကစီဒရိုင်ဘာများ၊ လက်ဖက်ရည်ဆိုင်များ စသည့် နေရာများတွင်သာမက
အစိုးရရုံး များအတွင်း၌လည်း ပျံ့နှံ့ပြောဆိုနေကြကြောင်း ရန်ကုန်မြို့ခံ များက ပြောသည်။

ရန်ကုန် ရွှေဘုံသာလမ်းမှရွှေပွဲစားတဦးက “ကျွန်တော်တို့ ပွဲစားတန်းမှာ တယောက်နဲ့တယောက် လက်တို့ပြီး ဇာဂနာရဲ့
ပြက်လုံးကြားပြီးပြီလား၊ ဘာလဲလို့မေးရင် သံဃံသရဏံ ဂန်းစာမိလေကွာဆိုပြီး ပြောနေကြတယ်။ ဒီကတဆင့် စက်တင်
ဘာအရေးအခင်းတုန်းကအကြောင်းတွေ၊ စစ်အစိုးရရက်စက်ပုံတွေကို ပြန်ပြောကြရင်း လူတွေကစစ်တပ်ကို ရွံမုန်းနေကြ
တာပဲ” ဟု ပြောသည်။

သံဃာတော်များဦးဆောင်သည့် လူထုဆန္ဒပြပွဲများနိုင်ငံအနှံ့ပေါ်ပေါက်နေချိန် စက်တင်ဘာ(၂၅)ရက်ညတွင်အာဏာပိုင်
များက သရုပ်ဆောင် ဒါရိုက်တာ ဇာဂနာကို ၎င်း၏နေအိမ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြလှုပ်ရှားမှုကာလအတွင်း သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းသူ ရုပ်ရှင်၊ ဗီဒီယို၊ တေးဂီတနှင့် မော်ဒယ်
လောကမှ ထင်ရှားသည်အနုပညာရှင်များကို သံဃာတော်များ၏ လှုပ်ရှားမှုကို ထောက်ခံလာအောင် လှုံ့ဆော်သူအဖြစ်
စစ်အစိုးရက ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

ဇာဂနာသည် အောင်သပြေစစ်ကြောရေးစခန်း၊ အင်းစိန်ထောင်စစ်ခွေးတိုက်၊ အင်းစိန်ထောင်(၅) ဆောင် စသဖြင့် (၄)
နေရာခန့်၌ ချုပ်နှောင်ခံခဲ့ရပြီး ပြီးခဲ့သည့် အောက်တိုဘာ (၁၇) ရက် ညက ပြန်လည်လွတ်မြောက်ခဲ့သည်။

ပြန်လည်လွတ်မြောက်လာပြီးပြီးချင်း ပြင်ပရေဒီယို၊ ၀က်ဘ်ဆိုက်၊ သတင်းစာများနှင့် အင်တာ ဗျူးစဉ် ဖြစ်ပျက်ခဲ့သမျှကို
ပွင့်ပွင့်လင်းလင်း မကြောက်မရွံ့ပြောဆိုခဲ့သူ ဖြစ်သည့်အတွက် မြန်မာပြည်သူများအကြား အထူးရေပန်းစားနေသူတ
ယောက် ဖြစ်သည်။

မြန်မာဘောလုံးအသင်း တရုတ်အသင်းကို (၇) ဂိုးပြတ်ရှုံးနိမ့် -ပီတာအောင်/ ၂၂ အောက်တိုဘာ ၂၀၀၇