လူ့အခွင့်အရေးချိုးဖောက်မှု စုံစမ်းရန် ပါမောက္ခ ပီညဲရိုး မြန်မာနိုင်ငံလာခွင့်ရ

ပီတာအောင်/ ၂၃ အောက်တိုဘာ ၂၀၀၇-မြန်မာနိုင်ငံ၌ လတ်တလောဖြစ်ပျက်နေသည့်လူ့အခွင့်
အရေးအခြေနေများကိုလေ့လာအကဲဖြတ်ရန်အတွက် မစ္စတာပေါ်လိုဆာဂျီယိုပီညဲရိုးအား မြန်မာ
နိုင်ငံသို့လာခွင့်ပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ယခုလ(၂)ရက်နေ့၌ မေတ္တာရပ်
ခံပြီးနောက် ယခုကဲ့သို့ လာရောက်ခွင့် ရရှိခြင်းဖြစ်သည်။မစ္စတာပီညဲရိုးကို လာရောက်ခွင့်ပြု
ကြောင်းသဘောတူသည့်စာကို နအဖနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ကုလသမဂ္ဂအတွင်း
ရေးမှူးချုပ် ဘန်ကီမွန်းထံ ပြီးခဲ့သည့် သောကြာနေ့ က ပေးပို့ခဲ့ခြင်း ဖြစ်ပြီး လာမည့် နိုဝင်ဘာ
(၁၇) ရက်၌ ကျင်းပမည့်အာဆီယံထိပ်သီးအစည်းအဝေးပွဲမတိုင်မီလာရောက်ရန် ဦးဥာဏ်ဝင်း
က အကြံပြုထားသည်ဟုကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ မီရှဲလ်မွန်တပ်စ်က ကုလသမဂ္ဂသတင်း
ထုတ်ပြန်ချက်၌ပြောသည်။မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်သည့် အချက်
အလက်များကို ရှာဖွေစုံစမ်း၍ ကုလသမဂ္ဂ၌ အစီရင်ခံရသူ မစ္စတာပီညဲရိုးသည် ၂၀၀၃ ခု နိုဝင်
ဘာလက မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ်သွားရောက်ခဲ့သည်။ ထိုခရီးစဉ်အပြီး နအဖစစ်အစိုး
ရက ထပ်မံဝင်ခွင့်မပေးတော့ဘဲထားခဲ့သည်။

နအဖစစ်အစိုးရက မစ္စတာပီညဲရိုးအား မြန်မာနိုင်ငံ ၀င်ခွင့်ပေးလိုက်ခြင်းအပေါ် သံသယဖြင့်ကြို
ဆိုကြောင်းလူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ)၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းကပြော
သည်။

၎င်းက “အခုလိုမျိုးအချိန်မှခွင့်ပြုလိုက်တာဟာ သူတို့ဘက်မှာအရင်တုန်းက ဖြစ်ပျက်ခဲ့တဲ့အဖြစ်
အပျက်တွေသဲလွန်စတွေကို ဖျက်ဆီးပြီးတဲ့အနေအထားမျိုးရောက်မှ ခွင့်ပြုတာလား၊ဒါမှမဟုတ်
ရင် သူ့ကိုပို့နိုင်တဲ့ သတင်းတွေမရရှိနိုင်အောင်အကုန်လုံးကို လက်စဖျောက်ပြီးမှ ခွင့်ပြုတာလား
ဆိုတာသံသယရှိစရာဖြစ်တယ်။အခုအချိန်နောက်ကျသွားတဲ့အတွက် ပီညဲရိုးရဲ့အဖြစ်မှန်စုံစမ်းဖို့
လုပ်ငန်းဟာ အဟန့်အတားတွေဖြစ်နိုင်တယ်။ အခက်အခဲတွေ အများကြီးရှိနိုင်တယ်” ဟု ပြော
သည်။

လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပွားခဲ့သည့် နေရာများသို့သွားရောက်ပြီး ကိုယ်တွေ့ကြုံသူများနှင့်
လွတ်လပ်စွာတွေ့ဆုံ၍ သဲလွန်စရှာခြင်း၊ အင်းစိန်ထောင်နှင့် စစ်ကြောရေးစခန်းများရှိ အဖမ်းအ
ဆီးခံနေရသူများနှင့် တွေ့ဆုံခြင်းတို့ပြုလုပ်နိုင်ပါက မစ္စတာပီညဲရိုး၏ ခရီးစဉ်အကျိုးရှိမည်ဖြစ်ပြီး
နအဖ ပို့ဆောင်သည့် နေရာများသို့ သွားရောက်ပြီး ပြောသမျှနားထောင်၍ ပြန် သွားမည်ဆိုပါက
ထူးခြားမှုရှိမည်မဟုတ်ဘဲ စစ်အစိုးရ၏ နိုင်ငံရေး အမြတ်ထုတ်မှုသက်သက်သာဖြစ်သွားမည်ဟု
ဦးအောင်မျိုးမင်းက ပြောသည်။

မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး ပြဿနာအဖြေရှာရန်အတွက် မြန်မာ့ အိမ်နီး
ချင်းနိုင်ငံများဆီ ခရီးလှည့်နေသည့် ကုသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး
ကိုယ်စားလှယ် မစ္စတာ အီဘရာဟမ် ဂမ်ဘာရီသည်လည်း ရှေ့လ၌ မြန်မာနိုင်ငံသွားရောက်
ရန်ရှိသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: