အကြီးစားစီမံကိန်းနှစ်ခုအတွက် ဘတ်ငွေ (၃၆) ဘီလီယံသုံးစွဲရန်ခွင့်ပြု

Bangkokpost / ၂၃ အောက်တိုဘာ ၂၀၀၇-ထိုင်းနိုင်ငံအတွင်း အကောင်အထည်ဖော်မည့် ဘတ်ငွေ (၃၆) ဘီလီယံ
ကုန်ကျသည့် အကြီးစားစီမံကိန်းနှစ်ခုအား အစိုးရ၀န်ကြီးအဖွဲ့က ယမန်နေ့တွင် အတည်ပြုလက်ခံလိုက်သည်။

အဆိုပါ စီမံကိန်းနှစ်ခုမှာ မီးရထားဆက်သွယ်ရေးစနစ်တိုးချဲ့ပြင်ဆင်ရန်နှင့် ထိုင်းအစိုးရပိုင်ဆေးရွက်ကြီးနှင့် စီးကရက်
ကုမ္ပဏီ TTM အတွက် ထုတ်လုပ်ရေးလုပ်ငန်း အထောက်အကူပြုပစ္စည်းများ ၀ယ်ယူရန်ဖြစ်သည်။

ယင်းစီမံကိန်းနှစ်ခုကို ဘုရင်၏အတည်ပြုချက်ရပြီးသည့်တိုင်လက်ရှိစစ်အစိုးရက အကောင်အထည်ဖော်မည်မဟုတ်ဘဲ
ဒီဇင်ဘာ (၂၃) တွင် ကျင်းပမည့်ရွေးကောက်ပွဲအပြီး တရားဝင်ဖွဲ့စည်းမည့် အစိုးရသစ်တရပ်ကသာ အကောင်အထည်
ဖော်ရမည်ဟု စစ်အစိုးရပြောခွင့်ရသူ ချိုင်းယာယင်မ်ဝိလိုင်းကပြောကြောင်း ယနေ့ထုတ်ဘန်ကောက်ပို့စ်သတင်းစာတွင်
ဖော်ပြသည်။

ရာထားသည့်ကုန်ကျငွေများမှ (၂၀) ဘီလီယံကို စီမံကိန်းတခုအတွက်အသုံးပြုမည်ဖြစ်ပြီးရထားလမ်းသစ် (၂)ကြောင်း
ကို လာမည့်နှစ်တွင်စတင်၍ ၂၀၁၄ ခုတွင် အပြီးသတ်ဖောက် လုပ်ရန်ဖြစ်သည်။

၎င်းတို့မှာ ဘန်ကောက်ပင်လယ်အော်ရှိ ချွန်ဘူရီခရိုင်အတွင်းမှ ပင်လယ်နက်ဆိပ်ကမ်းမြို့နယ်ဖြစ်သော လမ်ချဘန်းနှင့် ထိုင်းနိုင်ငံအရှေ့မြောက်ဘက်ခရိုင်များဖြစ်သည့် ခေါင်န်ကန်း၊ နခွန်ရာခ်ျစီးမားတို့ကို ဆက်သွယ်သည့်လမ်းတကြောင်း၊
လမ်ချဘန်းနှင့် ဘန်ကောက်အုပ်ချုပ်ရေးအောက်မှခရိုင်တခုဖြစ်သော လတ်ကရဘန်းတို့အကြား ဆက်သွယ်သည့်လမ်း
တကြောင်းတို့ဖြစ်သည်။

အဆိုပါရထားလမ်းအသစ်များအား ပြည်ပသို့တင်ပို့မည့် ဆန်၊ ကုန်စည်သေတ္တာကြီးများ၊သာကူကော်စေ့များနှင့်သကြား
များကို လမ်ချဘန်းမြို့နယ်ရှိ ပင်လယ်နက်ဆိပ်ကမ်းသို့ အကုန်အကျနည်းပြီး အချိန်ကုန်သက်သာစွာဖြင့် တင်ပို့နိုင်ရန်
အသုံးပြုမည် ဖြစ်သည်။

ယမန်နေ့ကသဘောတူလိုက်သော စီမံကိန်းကြီးနှစ်ခုအနက် အခြားတခုမှာ TTM ကုမ္ပဏီအတွက် စီးကရက်ထုတ်လုပ်
ရေးစက်ရုံအသစ်တခုဆောက်လုပ်ရန်ဖြစ်သည်။ ယင်းအတွက် ထိုင်းဘတ်ငွေ (၁၆) ဘီလီယံကျော်အသုံးပြုသွားမည်ဖြစ်
ပြီး အဆိုပါကုန်ကျငွေအတွက်ကုမ္ပဏီက အစိုးရဘဏ္ဍာရေးဌာနသို့ နှစ်စဉ်ပြန်လည်ပေးဆပ်သွားရမည်ဖြစ်သည်။

စီမံကိန်းကြီးနှစ်ခုအတွက် လိုအပ်ငွေအချို့အဖြစ် တရုတ်အစိုးရပိုင် သွင်းကုန်-ထုတ်ကုန်ဘဏ်မှ ထိုင်းဘတ်ငွေ (၁၄)
ဘီလီ ယံဝန်းကျင်နှင့် ညီမျှသော အမေရိကန်ဒေါ်လာ သန်း(၄၀၀) ထက်မပိုသည့် ငွေပမာဏအားချေးယူနိုင်ရန် ထိုင်း
ဝန်ကြီး များအဖွဲ့က ဘဏ္ဍာဝန်ကြီး ဌာနအား ယမန်နေ့တွင် ခွင့်ပြုခဲ့သည်။

ယင်းအပြင် စီမံကိန်းကြီးနှစ်ခုအတွက် လိုအပ်သောပစ္စည်းများ၏ အနည်းဆုံး (၅၀) ရာခိုင်နှုန်း ခန့်ကိုလည်း တရုတ်နိုင်ငံ
မှပင် ၀ယ်ယူမည်ဖြစ်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: