အဓမ္မခိုင်းစေမှုတားမြစ်ပေးရန် အိုင်အယ်လ်အိုတောင်းဆို

Reuters/NEJ ၁၅ နိုဝင်ဘာ ၂၀၀၇-မြန်မာနိုင်ငံ၌ အဓမ္မအလုပ်ခိုင်းစေမှုများအားလုံးကိုတားမြစ်ပိတ်ပင်ပေးရန် မြန်မာ
စစ်အစိုးရအား အပြည်ပြည်ဆိုင်ရာအလုပ်သ မားအဖွဲ့ (အိုင်အယ်လ်အို) က တောင်းဆိုသည်။

နိုင်ငံတကာအစိုးရများ၊ အလုပ်ရှင်များနှင့် အလုပ်သမားသမဂ္ဂများပါဝင်သည့် အိုင်အယ်လ်အို အုပ်ချုပ်ရေးအဖွဲ့က ဂျနီ
ဗာမြို့၌ မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်၍ ယမန်နေ့ဆွေးနွေးအပြီး ထုတ်ပြန်သည့်ကြေညာချက်၌တောင်းဆိုခြင်း
ဖြစ်သည်။

“တနိုင်ငံလုံးမှာ အဓမ္မလုပ်အားပေးခိုင်းစေမှု ပုံစံအားလုံးကို တားမြစ်ပိတ်ပင်ထားတယ်ဆိုတာရယ်၊ လုပ်အားပေးခိုင်းရင်
ထိုက်ထိုက်တန်တန် အပြစ်ပေးခံရမယ်ဆိုတာရယ်ကို မြန်မာအာဏာပိုင်တွေအနေနဲ့ အပြင်းထန်ဆုံး ရှင်းရှင်းလင်းလင်း
ပြတ်ပြတ်သားသား လူသိရှင်ကြား ထုတ်ပြန်ကြေညာ ပေးသင့်ပါတယ်” ဟု ကြေညာချက်၌ ပါရှိသည်။

အဓမ္မလုပ်အားပေးခိုင်းစေသည့်အမှုများအား လာရောက်တိုင်ကြားသူများကို ဖမ်းဆီး၊ အပြစ်ပေးမှု ပြုလုပ်မည်မဟုတ်
ကြောင်းအာမခံချက်ပေးရန်နှင့် ကလေးစစ်သားများအား တပ်သားသစ်အဖြစ် စုဆောင်းမှုကိုတားဆီးပေးရန် အိုင်အယ်
လ်အိုက နအဖ စစ်စိုးရကို တိုက်တွန်းသည်။

အိုင်အယ်အိုအဖွဲ့သည် မြန်မာနိုင်ငံ၌ အဓမ္မအလုပ်စေခိုင်းမှုများမပြုလုပ်ရန် အစဉ်တစိုက်တောင်းဆိုနေသည့် အဖွဲ့ဖြစ်ပြီး
နအဖ စစ်အစိုးရကလည်း မြန်မာနိုင်ငံ၌ အဓမ္မအလုပ်ခိုင်းစေမှုများမရှိကြောင်းနှင့် ကျူးလွန်သူများကို အရေးယူရန် ဥပ
ဒေများထုတ်ထားပြီးဖြစ်ကြောင်း ၎င်းပိုင်မီဒီယာများမှ မကြာခဏတုံ့ပြန်လေ့ရှိသည်။

Leave a comment