အာဏာရှင်ပြုတ်ကျရေး မြန်မာလူငယ်များဆက်လက်ဆန္ဒပြ

ပီတာအောင်/ ၁၇ အောက်တိုဘာ ၂၀၀၇-ငြိမ်းချမ်းစွာဆန္ဒပြသူများကို နအဖစစ်အစိုးရကအ
ကြမ်းဖက်နှိမ်နင်းသဖြင့် ပြည်တွင်း၌ ဆန္ဒပြမှုများ ရပ်တန့်သွားသော်လည်း ထိုင်းနိုင်ငံ ဘန်
ကောက်မြို့ မြန်မာသံရုံးရှေ့၌ ထိုင်းနိုင်ငံရောက် မြန်မာတက္ကသိုလ်ကျောင်းသားများနှင့်မြန်မာ
လူငယ်အချို့တို့က နအဖစစ်အစိုးရကို ဆက်လက်ကန့်ကွက် ဆန္ဒပြလျက်ရှိသည်။မြန်မာပြည်
သူလူထု စိတ်ဓာတ်ကျမသွားစေရန်နှင့် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီရေးလှုပ်ရှားမှုကို အင်အား
ဖြည့်ပေးသည့်အနေဖြင့် ဆန္ဒပြရခြင်းဖြစ်သည်ဟုဆန္ဒပြသည့် မြန်မာလူငယ်တို့က ပြောသည်။

ဘန်ကောက်မြို့ရှိ တက္ကသိုလ်တခု၌ ကျောင်းတက်နေသည့် ကျောင်းသားတဦးက“ကျနော်တို့
အခုလိုမျိုးလုပ်တဲ့အတွက်ကြောင့် ကျောင်းသားတွေ ငြိမ်မသွားဘူးဆိုတာ သိစေချင်တယ်။ ငြိမ်
သွားမယ်လို့ထင်တာနဲ့ ကမ္ဘာကဖိအားပေးတာကျသွားမယ်ထင် ပါတယ်။ ငြိမ်မသွားကြပါနဲ့။ ရှိ
သမျှကျောင်းသားတွေ နဂိုလိုပဲပြန်ထွက်ကြပါလို့ ပြောချင်တယ်။ ဒီအစိုးရပြုတ်မှဖြစ်မှာ၊ ပြုတ်မှ
ပဲအားလုံးငြိမ်းချမ်းမှာ။ ထွက်လာကြပါ၊ ဆက်လုပ်ကြပါ၊ နောက်မဆုတ်ကြပါနဲ့” ဟုပြောသည်။
နအဖအာဏာရှင်ကို ဆက်လက်ဆန့်ကျင်သွားရန် မြန်မာပြည်သူတဦးချင်းအနေဖြင့် နည်းလမ်း
ရှာသင့်သည်ဟု ဆန္ဒပြရာတွင် ပါဝင်သည့် အခြားတက္ကသိုလ်ကျောင်းသားတဦးက ပြောသည်။

၎င်းက “အာဏာရှင်အစိုးရကို ဒီလိုအုပ်ချုပ်ခွင့်ပေးထားတယ်ဆိုကတည်းက ကျနော်တို့ပြည်သူ
တွေအားလုံးမှာလည်း တာဝန်ရှိတယ်။ တရားမျှတမှုတွေ၊ လွတ်လပ်မှုတွေကို အမှန်အတိုင်းပြော
လိုက်တယ်ဆိုရင် နည်းမျိုးစုံနဲ့နှိပ်ကွပ်ခံရမယ်ဆိုတဲ့ အကြောက်တရားကြီးစိုးမှုဝါဒက လူတိုင်းမှာ
ရှိနေတယ်။ အန္တရာယ်မရှိတဲ့နည်းနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ဆန့်ကျင်ရမလဲဆိုတာ ကျနော်တို့ မြန်မာ
ပြည်သူတိုင်း ဒီအဖြေကိုရှာသင့်တယ်” ဟု ပြောသည်။

စစ်တပ်၏ပစ်ခတ်ဖမ်းဆီးမှုများကြောင့် ပြည်တွင်းဆန္ဒပြပွဲများ ခေတ္တငြိမ်သွားခြင်းသာဖြစ်
ကြောင်း၊ပြီးခဲ့သည့်လက မြန်မာနိုင်ငံ အတွင်း ဖြစ်ပျက်ခဲ့မှုများသည် ကျောင်းသားလူငယ်အား
လုံး၏စိတ်ဓာတ်ကိုနှိုးဆွပေးလိုက်သလိုဖြစ်သည့်အတွက် ဆန္ဒပြပွဲများ မကြာမီပြန်ဖြစ်လာဦးမည်
ဖြစ်ကြောင်း လူငယ်တဦးကပြောသည်။

“၈၈ တုန်းက ကျနော်တို့ငယ်ငယ်လေးပဲရှိသေးတယ်။ ခုအချိန်မှာ ကျနော်တို့မီတယ်၊မီတဲ့အချိန်
မှာ ကျနော်တို့လုပ်တယ်။ ဒီအချိန်က ကျနော်တို့တာဝန်ဖြစ်သွားပြီ” ဟု ကျောင်းသားတဦးက
ပြောသည်။

မြန်မာလူငယ်များသည် မြန်မာပြည်လွတ်မြောက်ရေး၊ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး၊
ကုလသမဂ္ဂက မြန်မာနိုင်ငံကို အကာအကွယ်ပေးရေး စသည့်တောင်းဆိုချက်များပါသည့်ပိုစတာ
များကိုင်ဆောင်၍ (၁) နာရီခန့် ငြိမ်းချမ်းစွာဆန္ဒပြကြသည်။

လူပေါင်း (၄) ထောင်ကျော် ဖမ်းဆီးခံနေရဆဲဟု အေအေပီပီ-ဘီပြောကြား

ချမ်းလွန်/ ၁၇ အောက်တိုဘာ ၂၀၀၇-နအဖစစ်အစိုးရထုတ်ပြန်သည့် အဖမ်းအဆီးစာရင်းသည် အခြေအမြစ်မရှိဘဲဆန္ဒ
ပြလှုပ်ရှားမှု၌ပါဝင်သူပေါင်း (၄) ထောင်ကျော် ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီ
စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီ-ဘီက ပြောသည်။

ဆန္ဒပြမှုမှဖမ်းဆီးထားသည့် မြန်မာတနိုင်ငံလုံးရှိ လူပေါင်း (၂,၄၅၉) ဦးကို ပြန်လွှတ်ပေးခဲ့ပြီး(၄၆၈) ဦးကို စစ်ဆေးမေး
မြန်းလျက်ရှိသည်ဟု မြန်မာ့အလင်းသတင်းစာ၌ ယနေ့သတင်းထုတ်ပြန်သည့်အပေါ် အေအေပီပီ-ဘီ က တုံ့ပြန်ပြောဆို
ခြင်းဖြစ်သည်။

ရန်ကုန်တမြို့တည်း၌ပင် ဖမ်းဆီးချုပ်နှောင်ခံနေရသူ လူပေါင်း (၂) ထောင်ခန့်ရှိသည်ဟုအေအေပီပီ-ဘီ၏ အတွင်းရေး
မှူး ဦးတိတ်နိုင်က ပြောသည်။

၎င်းက “ဒါက ဘယ်နည်းနဲ့မှ အခြေအမြစ်မရှိဘူး။ ဘယ်သူတွေကို လွှတ်တာလဲဆိုတာ လုံးဝမပါဘူး။ အခုလည်း ဆက်
ဖမ်းတုန်း၊ မြေလှန်ရှာပြီးဖမ်းနေတယ်။ အဲဒါတွေကို သူတို့စိစစ်ပြီး လွှတ်ပေးနေပါတယ်၊ အများကြီးလွှတ်ပေးနေပါတယ်
ဆိုတာက ဘယ်လိုမှ ယုံနိုင်စရာအကြောင်း မရှိဘူး” ဟု ပြောသည်။

ဆန္ဒပြမှုစတင်ချိန်မှ ယခုလ (၁၆) ရက်အထိ ရန်ကုန်မြို့၌ ခေါ်ယူစစ်ဆေးခံရသူ (၂,၂၈၄) ဦးအနက် (၂,၀၉၄) ဦးကို ကတိခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ပြည်နယ်နှင့် တိုင်းအသီးသီး၌ ခေါ်ယူစစ်ဆေးခံရသူ (၆၄၃) အနက် (၃၆၅) ဦး
ကို ပြန်လွှတ်ပေးခဲ့သည်ဟု နအဖ သတင်းစာ၌ ပါရှိသည်။

ဆန္ဒပြသူများထဲ၌ ဦးဆောင်ခဲ့သူ၊ ပါဝင်ခဲ့သူ၊ လိုက်ပါအားပေးသူများအား ခေါ်ယူစစ်ဆေးလျက်ရှိရာ မသိနားမလည်သူ
များ၊ လူစုလူဝေးနှင့်အတူ ပါဝင်သူများကို ကတိခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးနေပြီး ကျန်ရှိနေသူများကို ဆက်လက်စစ်
ဆေး၍ လွှတ်သင့်သူများကို ပြန်လွှတ်မည်ဟုလည်းဖော်ပြသည်။

“ထဲထဲဝင်ဝင်ပါဝင်တဲ့လူ၊ ခေါင်းဆောင်တဲ့လူတွေပဲ ဖမ်းဆီးထားတယ်ဆိုတဲ့ လေသံမျိုးကိုသူတို့ ပြောချင်တယ်။ ပြီးတော့
အကုန်လုံးကို ပြန်လွှတ်ပေးလိုက်သလိုလို တကယ်ပဲ စေတနာထားသယောင်နဲ့ သူတို့ပြောတာပေါ့၊ ဒါကလည်းဗမာပြည်
တွင်းမှာရှိတဲ့ လူတွေထပ်ပြီးတော့အုံကြွလာမှာနဲ့ လှုပ်ရှားမှုအရှိန်ပိုမြင့်လာမှာကို စိုးရိမ်တာရယ်၊ နိုင်ငံတကာရဲ့ဖိအားတွေ
ကို လျော့သွားအောင် လုပ်ချင်တာရယ် အဲဒါကြောင့်မို့ ဒီကိန်းဂဏန်းတွေကို ထုတ်ပြောနေတာလို့ ကျနော်တို့ ယူဆပါ
တယ်” ဟု ဦးတိတ်နိုင်က ပြောသည်။

နအဖစစ်အစိုးရအနေဖြင့် မှန်မှန်ကန်ကန်လုပ်ချင်ပါက ဖမ်းဆီးခဲ့သူများ၊ ပြန်လွှတ်ပေးလိုက်သူများနှင့် ယခုလက်ရှိ ဆက်လက်ဖမ်းဆီးထားသူများ၏ အမည်စာရင်းများကို တိတိကျကျ ထုတ်ပြန်ရမည်ဟု ၎င်းက ဆက်လက်ပြောသည်။

ဖမ်းဆီးခံနေရသူ (၇၀၈) ဦး၏ စာရင်းကိုအတိအကျရရှိထားကြောင်း၊ ပျောက်ဆုံးနေသူ (၆၀) ဦးနှင့် သေဆုံးသူ (၁၂)
ဦးရှိကြောင်း အေအေပီပီ-ဘီ ကပြောသည်။