အာဏာရှင်ပြုတ်ကျရေး မြန်မာလူငယ်များဆက်လက်ဆန္ဒပြ

ပီတာအောင်/ ၁၇ အောက်တိုဘာ ၂၀၀၇-ငြိမ်းချမ်းစွာဆန္ဒပြသူများကို နအဖစစ်အစိုးရကအ
ကြမ်းဖက်နှိမ်နင်းသဖြင့် ပြည်တွင်း၌ ဆန္ဒပြမှုများ ရပ်တန့်သွားသော်လည်း ထိုင်းနိုင်ငံ ဘန်
ကောက်မြို့ မြန်မာသံရုံးရှေ့၌ ထိုင်းနိုင်ငံရောက် မြန်မာတက္ကသိုလ်ကျောင်းသားများနှင့်မြန်မာ
လူငယ်အချို့တို့က နအဖစစ်အစိုးရကို ဆက်လက်ကန့်ကွက် ဆန္ဒပြလျက်ရှိသည်။မြန်မာပြည်
သူလူထု စိတ်ဓာတ်ကျမသွားစေရန်နှင့် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီရေးလှုပ်ရှားမှုကို အင်အား
ဖြည့်ပေးသည့်အနေဖြင့် ဆန္ဒပြရခြင်းဖြစ်သည်ဟုဆန္ဒပြသည့် မြန်မာလူငယ်တို့က ပြောသည်။

ဘန်ကောက်မြို့ရှိ တက္ကသိုလ်တခု၌ ကျောင်းတက်နေသည့် ကျောင်းသားတဦးက“ကျနော်တို့
အခုလိုမျိုးလုပ်တဲ့အတွက်ကြောင့် ကျောင်းသားတွေ ငြိမ်မသွားဘူးဆိုတာ သိစေချင်တယ်။ ငြိမ်
သွားမယ်လို့ထင်တာနဲ့ ကမ္ဘာကဖိအားပေးတာကျသွားမယ်ထင် ပါတယ်။ ငြိမ်မသွားကြပါနဲ့။ ရှိ
သမျှကျောင်းသားတွေ နဂိုလိုပဲပြန်ထွက်ကြပါလို့ ပြောချင်တယ်။ ဒီအစိုးရပြုတ်မှဖြစ်မှာ၊ ပြုတ်မှ
ပဲအားလုံးငြိမ်းချမ်းမှာ။ ထွက်လာကြပါ၊ ဆက်လုပ်ကြပါ၊ နောက်မဆုတ်ကြပါနဲ့” ဟုပြောသည်။
နအဖအာဏာရှင်ကို ဆက်လက်ဆန့်ကျင်သွားရန် မြန်မာပြည်သူတဦးချင်းအနေဖြင့် နည်းလမ်း
ရှာသင့်သည်ဟု ဆန္ဒပြရာတွင် ပါဝင်သည့် အခြားတက္ကသိုလ်ကျောင်းသားတဦးက ပြောသည်။

၎င်းက “အာဏာရှင်အစိုးရကို ဒီလိုအုပ်ချုပ်ခွင့်ပေးထားတယ်ဆိုကတည်းက ကျနော်တို့ပြည်သူ
တွေအားလုံးမှာလည်း တာဝန်ရှိတယ်။ တရားမျှတမှုတွေ၊ လွတ်လပ်မှုတွေကို အမှန်အတိုင်းပြော
လိုက်တယ်ဆိုရင် နည်းမျိုးစုံနဲ့နှိပ်ကွပ်ခံရမယ်ဆိုတဲ့ အကြောက်တရားကြီးစိုးမှုဝါဒက လူတိုင်းမှာ
ရှိနေတယ်။ အန္တရာယ်မရှိတဲ့နည်းနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ဆန့်ကျင်ရမလဲဆိုတာ ကျနော်တို့ မြန်မာ
ပြည်သူတိုင်း ဒီအဖြေကိုရှာသင့်တယ်” ဟု ပြောသည်။

စစ်တပ်၏ပစ်ခတ်ဖမ်းဆီးမှုများကြောင့် ပြည်တွင်းဆန္ဒပြပွဲများ ခေတ္တငြိမ်သွားခြင်းသာဖြစ်
ကြောင်း၊ပြီးခဲ့သည့်လက မြန်မာနိုင်ငံ အတွင်း ဖြစ်ပျက်ခဲ့မှုများသည် ကျောင်းသားလူငယ်အား
လုံး၏စိတ်ဓာတ်ကိုနှိုးဆွပေးလိုက်သလိုဖြစ်သည့်အတွက် ဆန္ဒပြပွဲများ မကြာမီပြန်ဖြစ်လာဦးမည်
ဖြစ်ကြောင်း လူငယ်တဦးကပြောသည်။

“၈၈ တုန်းက ကျနော်တို့ငယ်ငယ်လေးပဲရှိသေးတယ်။ ခုအချိန်မှာ ကျနော်တို့မီတယ်၊မီတဲ့အချိန်
မှာ ကျနော်တို့လုပ်တယ်။ ဒီအချိန်က ကျနော်တို့တာဝန်ဖြစ်သွားပြီ” ဟု ကျောင်းသားတဦးက
ပြောသည်။

မြန်မာလူငယ်များသည် မြန်မာပြည်လွတ်မြောက်ရေး၊ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး၊
ကုလသမဂ္ဂက မြန်မာနိုင်ငံကို အကာအကွယ်ပေးရေး စသည့်တောင်းဆိုချက်များပါသည့်ပိုစတာ
များကိုင်ဆောင်၍ (၁) နာရီခန့် ငြိမ်းချမ်းစွာဆန္ဒပြကြသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: