အကျယ်ချုပ်မှ လွတ်မြောက်သည့် ဘနာဇီယာဘူတို အခြားအတိုက်အခံများနှင့်ပူးပေါင်းမည် -Agencies / ၁၆ နိုဝင်ဘာ ၂၀၀၇

16-11-07_buto.gifပါကစ္စတန်စစ်အစိုးရက အတိုက်အခံခေါင်းဆောင် ဘနာဇီယာဘူတိုအား နေအိမ်အကျယ်ချုပ်ချထားခြင်းမှ ယနေ့နံနက်အစော ပိုင်းတွင် ပြန်လည်ရုပ်သိမ်းပေးလိုက် သည်။“ဘူတိုအပေါ်ထုတ်ပြန်ထားတဲ့ ထိန်းသိမ်းမိန့်ကို အစိုးရက ရုပ်သိမ်းလိုက်ပါပြီ။ အခုအချိန်က စပြီးတော့ သူ့အနေနဲ့ သွားလိုရာကို လွတ်လွတ်လပ်လပ် သွားနိုင်ပါတယ်” ဟု မစ္စဘူတိုအိမ်တည်ရှိရာ ပါကစ္စတန် အရှေ့ပိုင်းလာဟိုးမြို့ ရဲတပ်ဖွဲ့အကြီးအကဲ အာဖ်တပ်ချီးမားက ရိုက်တာသတင်း ဌာနသို့ ပြောသည်။သို့သော် မစ္စဘူတို၏ အိမ်ရှိ သော လမ်းတ၀ိုက်တွင် ရိုင်ဖယ်သေနတ်နှင့် တုတ်များကိုင်ဆောင် ထားပြီး အရေအတွက် ရာဂဏန်းချီသော အကြမ်းဖက်နှိမ် နင်းရေးရဲများအား သူမ၏လုံခြုံရေး အတွက်ဟု အကြောင်းပြ၍ နေရာချထားသည်။ယခုလ (၃) ရက်နေ့တွင် သမ္မတဗိုလ်ချုပ် ကြီးမူရှာရတ် ထုတ်ပြန်ခဲ့သော အရေးပေါ်ဥပဒေကို ဦးဆောင်ဆန့်ကျင် ချီတက်ရန်ကြိုးစားမှုအား တားဆီးသည့်အနေဖြင့် မစ္စဘူတိုကို ယခုလ(၁၃) ရက်နေ့မှစ၍ နေအိမ်အကျယ်ချုပ်ချခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့တွင် လွှတ်တော်နှင့်သမ္မတသက်တမ်း ကုန်ဆုံးသွားသည့် မူရှာရတ်က ၎င်းနှင့်နီးစပ်သူ အထက်လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက်မီယံ ဆွန်မရိုကို လာမည့်နှစ် ဇန်န၀ါရီ (၉)ရက် ရွေးကောက်ပွဲကာလအထိ ကြားဖြတ်အစိုးရ ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ထို့နောက် ဘနာဇီယာဘူတိုအား အကျယ်ချုပ်မှ လွတ်ပေးလိုက်ခြင်းဖြစ်သည်။

မူရှာရတ်၏ အရေးပေါ်ဥပဒေအမြန်ရပ်စဲပေးရေး တိုက်တွန်းရန်အတွက် အမေရိကန် ဒု-နိုင်ငံခြားရေးဝန်ကြီး ပါကစ္စတန်သို့ ယနေ့လာရောက်ရန်ရှိသည့် အစီအစဉ်မတိုင်မီမစ္စဘူတိုအား အကျယ်ချုပ်မှ လွှတ်ပေးခဲ့ခြင်းလည်းဖြစ်သည်။

မစ္စဘူတိုက မူရှာရတ်တွင် အာဏာမရှိတော့ပါက သူမအနေဖြင့် အခြားအတိုက်အခံများနှင့် ပူးပေါင်းပြီး ညီညွတ်သောအမျိုး သားအစိုးရတရပ်ဖွဲ့ရန် ဆန္ဒရှိကြောင်း ပြောဆိုခဲ့ပြီး ယင်းပြောကြားချက်ကို ဆော်ဒီအာရေးဘီးယားတွင် နေထိုင်လျက်ရှိသော အခြားအတိုက်အခံ တဦးဖြစ်သူ န၀တ်ရှရစ်ကလည်း သဘောတူခဲ့သည်။

၁၉၉၉ ခုတွင် ၀န်ကြီးချုပ် န၀တ်ရှရစ်ထံမှ အာဏာသိမ်းခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီး မူရှာရတ်သည် အဲလ်ကိုင်ဒါအကြမ်းဖက်အဖွဲ့ နှင့် အာဖဂန်နစ္စတန်ရှိ တာလီဘန်သူပုန်များအား စစ်ဆင် နေသည့် အမေရိကန်၏ အမာခံမဟာမိတ်တဦး ဖြစ်လာခဲ့ပြီး ၂၀၀၁ ခုမှစ၍ အမေရိကန်ထံမှ စစ်ရေးအတွက် အများစုပါဝင်သော အထောက်အပံ့ငွေ အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံ ကျော်ရ ရှိခဲ့သည်။

အရေးပေါ်ဥပဒေရပ်စဲပေးရေး အမေရိကန်၏ ဖိအားပေးမှုကို ရှောင်ရှားနိုင်ရန်အတွက် မူရှာရတ်က ယခုလအတွင်း ဗိုလ်ချုပ် ကြီးရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း ကတိပေး ထားသော်လည်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ယာယီဆိုင်းငံ့ခြင်း၊ ၎င်းကိုဆန့်ကျင်သော တရားသူကြီးများအား တာဝန်မှရပ်စဲခြင်း၊ အခွင့်အရေးလှုပ်ရှားသူများနှင့် နိုင်ငံရေး သမားများအပါအ၀င် အရေအတွက်သောင်းချီရှိသော အတိုက်အခံများကို ဖမ်းဆီးခြင်းတို့ကို ပြုလုပ်ခဲ့သည်။

အတိုက်အခံများကမူ မူရှာရပ်၏ ယာယီဝန်ကြီးချုပ်ခန့်အပ်ခဲ့မှုသည် ၎င်း၏အာဏာတည် မြဲရေးအတွက် ကြိုးပမ်းမှုတခုအဖြစ် ပြောဆိုကာ လက်မခံကြပေ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: