ပြည်တွင်းဂျာနယ်များတွင် ဒေါ်အောင်ဆန်းစုကြည် သတင်းများ ဖော်ပြလာ

NEJ / ၁၅ နိုဝင်ဘာ ၂၀၀၇-နအဖစစ်အစိုးရ ပြည်တွင်းထုတ်သတင်းဂျာနယ်များတွင် ဒေါ်အောင်
ဆန်းစုကြည်နှင့်ပတ်သက်သည့် သတင်းများ ဖော်ပြနေ သည်ကို တွေ့ရှိရသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံကို ရောက်လာသည့်အချိန်မှစပြီး
နအဖ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် တွေ့ဆုံသည့်အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်
တွေ့ဆုံသည့်အကြောင်းများကို သတင်းအဖြစ် ရေးသား ဖော်ပြထားသည်။

“အဲဒီအချိန်ကစ စာပေစိစစ်ရေးရဲ့ ခွင့်ပြုချက်အရ ဆက်တိုက်ဆိုသလို ဖော်ပြနေတာခုတပတ်
ထုတ်တဲ့ ဂျာနယ်တွေ အတော် များများမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ဆက်ဆံရေးဝန်ကြီး
ဦးအောင်ကြည် တွေ့ဆုံတဲ့သတင်းနဲ့ ဓာတ်ပုံတွေကို မျက်နှာဖုံး မှာ ဖော်ပြလာကြတယ်” ဟု ဂျာ
နယ်အယ်ဒီတာတဦီးက ပြောသည်။

အတွင်းစာမျက်နှာများတွင်မူ ဒေါ်အောင်ဆန်းစုကြည်နှင့်အန်အယ်လ်ဒီဗဟိုအမှုဆောင်များတွေ့
ဆုံကြပုံ၊ မစ္စတာဂမ်ဘာရီနှင့် စစ်အစိုးရအရာရှိကြီးများ၊ ကုလသမဂ္ဂ၀န်ထမ်းများ၊ အိုင်အန်ဂျီအို
များ၊ အန်အယ်လ်ဒီအဖွဲ့ဝင်များ၊ စစ်အစိုးရမှ စီစဉ်ပေးသည့် တစညပါတီမှ ပုဂ္ဂိုလ်များ၊ ပြည်
ထောင်စု ပအိုဝ်းအမျိုးသားပါတီမှ ပုဂ္ဂိုလ်များ စသူတို့နှင့်တွေ့ဆုံကြသည့် ရောင်စုံဓာတ်ပုံနှင့်သ
တင်းများကို ဝေေ၀ဆာဆာဖော်ပြထားသည်ကို တွေ့ရသည်။

ယင်းသို့ဖော်ပြခွင့်ရသော်လည်း သတင်းဓာတ်ပုံတွင်ဒေါ်အောင်ဆန်းစုကြည်ပုံကိုဝန်ကြီးချုပ်ဗိုလ်
ချုပ်ကြီးသိန်းစိန်ပုံထက် နှိမ့်ပြီးဖော်ပြရကြောင်း၊ သတင်းစာသားနှင့်ပတ်သက်၍ အပြုသဘော
ဆောင်သည်များကိုသာ ရေးသားဖော်ပြခွင့်ရှိကြောင်း၊ ပြည်ပမီဒီယာများတွင် ဖော်ပြသကဲ့သို့
လွတ်လွတ်လပ်လပ် ဝေဖန်ရေးသားမှုမျိုးကိုမူ ခွင့်မပြုကြောင်း အဆိုပါ ဂျာနယ်အယ်ဒီတာက
ပြောသည်။

ရန်ကုန်မြို့မှ ၀ါရင့်သတင်းစာဆရာကြီးတဦးကမူ “အခုလို သတင်းတွေဖော်ပြပေးနေတာဟာ
ကုလသမဂ္ဂကကြားဝင်ဆောင်ရွက်နေတဲ့ကိစ္စကြောင့် ဖော်ပြခွင့်မပြုရင် ပြင်းပြင်းထန်ထန် ဝေ
ဖန်ခံရနိုင်တာရယ်၊ ပြည်သူတွေက စစ်အစိုးရအပေါ် အထွေထွေမကျေနပ်မှု ဖြစ်ပေါ်နေတာကို
အာရုံပြောင်းတဲ့အနေနဲ့ တကယ်ပဲ တွေ့ဆုံဆွေးနွေးတော့မယောင်၊ အပြောင်းအလဲလုပ်တော့မ
ယောင်လှည့်စားလိုတာရယ်ကြောင့် ဖြစ်တယ်” ဟု ပြောဆိုသည်။

ပြီးခဲ့သည့် ဗုဒ္ဒဟူးနေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်တွင် မစ္စတာဂမ်ဘာရီ စင်ကာပူနိုင်ငံ၌ ထုတ်
ပြန်ခဲ့သည့် ဒေါ်အောင်ဆန်းစု ကြည်၏ သဘောထားကြေညာချက်ကိုပင် ကောက်နုတ် ဖော်ပြခဲ့
သည်။

ပြည်သူအတော်များများကလည်း ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ပုံနှင့်သတင်းများကိုစိတ်ဝင်
တစားဝယ်ယူဖတ်ရှုကြပြီး စစ်မှန်သည့်တွေ့ဆုံဆွေးနွေးပွဲပေါ်ပေါက်လာလေမလားဟု မျှော်လင့်
နေသူများရှိသကဲ့သို့ စောင့်ကြည့်ရမည်ဟု ပြောဆိုသူ များလည်းရှိသည်။

“စစ်အစိုးရက အချိန်ဆွဲတာ၊ မမှန်မကန် လုပ်တာမျိုးဆိုရင်တော့ လမ်းပေါ်ထွက်ဆန္ဒပြပွဲတွေ
အချိန်မရွေး ပြန်ဖြစ်လာနိုင် တယ်” ဟုလည်း ပြည်တွင်း နိုင်ငံရေးအကဲခတ်အချို့က သုံးသပ်
ကြသည်။

မြန်မာနိုင်ငံတွင် တွေ့ဆုံဆွေးနွေးရေး၊အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ဖြစ်ထွန်းရေးအတွက်
ကုလသမဂ္ဂအထူးကိုယ်စား မစ္စတာဂမ်ဘာရီသည် ယခုလ (၃) ရက်မှ (၈) ရက်ထိမြန်မာနိုင်ငံသို့
သွားရောက်ခဲ့ပြီး စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်
တွေ့ဆုံဆွေးနွေးခွင့်ရခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ကောင်းကျိုးအတွက်ဆိုပါက စစ်အစိုးရနှင့် ပူးပေါင်းလက်
တွဲဆောင်ရွက်ရန် အသင့်ရှိကြောင်း မစ္စတာဂမ်ဘာရီမှတဆင့် ထုတ်ပြန်သည့်ကြေညာချက်တွင်
ပြောကြားထားသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: