မော်လမြိုင်နှင့်ဘားအံတွင် လိုင်စင်မဲ့ဆိုင်ကယ် သုံးစွဲသူများပြား

NEJ / ၁၄ နိုဝင်ဘာ ၂၀၀၇-မွန်ပြည်နယ် မော်လမြိုင်မြို့နှင့်ကရင်ပြည်နယ် ဘားအံမြို့တို့တွင် ထိုင်းနိုင်ငံမှ ၀င်ရောက် လာသည့်လိုင်စင်မဲ့ဆိုင်ကယ်များကို သာ အသုံးပြုနေရဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။

ပြည်တွင်းသို့ ကားတင်သွင်းခွင့်သာမက ဆိုင်ကယ်တင်သွင်းခွင့်ကိုပါစစ်အစိုးရက ပိတ်ပင်ထားသောကြောင့်ဆက်သွယ် ရေးလိုအပ်ချက်အရလိုင်စင်မဲ့ဆိုင်ကယ်များကို ပိုမိုသုံးစွဲလာကြခြင်းဖြစ်ကြောင်း မော်လမြိုင်ဒေသခံတဦးက ပြောသည်။

၎င်းက “၂၀၀၃ ခုနှစ်က လိုင်စင်မဲ့ဆိုင်ကယ်တွေကို အစိုးရကလိုင်စင်လုပ်ပေးတယ်။ဒီနောက်ပိုင်းဆိုင်ကယ်တင်သွင်းခွင့်
မပြုသလို လိုင်စင်လုပ်ပေးတာလည်းမရှိတော့ဘူး။ဒါကြောင့် မြို့လူထုတွေက ထိုင်းနိုင်ငံက၀င်လာတဲ့လိုင်စင်မဲ့ဆိုင်ကယ်
တွေကိုပဲ စီးနေရတယ်” ဟု ပြောသည်။

လိုင်စင်မဲ့ဆိုင်ကယ်အများစုကို စစ်အစိုးရနှင့်ပူးပေါင်းနေသည့် ဒီကေဘီအေ ခေါ် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုး
သား တပ်မတော် တပ်ဖွဲ့ဝင်များက ထိုင်း-မြန်မာနယ်စပ်ရှိမြ၀တီမြို့မှတဆင့် ဘားအံ၊ မော်လမြိုင်သို့ သယ်ယူရောင်းချ
နေကြကြောင်း ဒေသခံများထံမှ သိရသည်။

ယခုကဲ့သို့ ထိုင်းနိုင်ငံဘက်မှ တရားမ၀င်သွင်းလာသည့် ၂၀၀၇ မော်ဒယ် ဟွန်ဒါဆိုင်ကယ်များမှာ မြ၀တီတွင် ကျပ်
(၁၄) သိန်းမှ (၁၅) သိန်းလောက်ရှိပြီး မော်လမြိုင်တွင် ကျပ် (၁၇) သိန်းမှ (၁၈) သိန်းခန့် ပေါက်ဈေးရှိသည်။

ဒေသလိုင်စင်ဝင်ထားသည့် ၂၀၀၃ မော်ဒယ် ဟွန်ဒါဆိုင်ကယ်တစီးဆိုလျှင် မော်လမြိုင်တွင်ကျပ် (၂၅) သိန်းမှ သိန်း
(၃၀) ကျော်ကြားထိ ဈေးနှုန်းရှိနေသဖြင့် လူအများစုကဈေးသက်သာပြီး မော်ဒယ်ပိုမြင့်သည့် လိုင်စင်မဲ့ဆိုင်ကယ်များ
ကို ပိုမိုစီးနင်းကြကြောင်း သိရသည်။

ဒီကေဘီအေတပ်ဖွဲ့ဝင်များ ယခုကဲ့သို့ဆိုင်ကယ်ခိုးသွင်းနေခြင်းကို နအဖအာဏာပိုင်များက မသိကျိုးကျွန်ပြုထားသော်
လည်းစီးနင်းသည့်ပြည်သူများ ဆိုင်ကယ်မတော်တဆမှုဖြစ်ပါက ဆိုင်ကယ်ကိုသိမ်းယူသည့်အပြင် လူကိုပါထောင်ချမှု
များ ပြုလုပ်သည်ဟု မြို့ခံများက ပြောသည်။

စစ်အစိုးရက ဆိုင်ကယ်တင်သွင်းခွင့်ကို ပိတ်ပင်ထားသော်လည်း မကွေးနှင့်ရေနံချောင်းတွင် စီးပွားရေးသမားအချို့ကို
တရုတ် လုပ်ဆိုင်ကယ်များကို စက်ရုံတည် တပ်ဆင်ထုတ်လုပ်ခွင့် ပေးထားသည်ကို တွေ့ရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: