မဲဆောက်ရှိ မြန်မာအလုပ်သမားတဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ချမ်းလွန် / ၁၄ နိုဝင်ဘာ ၂၀၀၇-မဲဆောက်မြို့ရှိ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအနီးရှိ သိုးမွေးစက်ရုံတရုံမှ မြန်မာ
အလုပ်သမားတဦး ယမန်နေ့ညတွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်းသိရသည်။သေဆုံးသူမှာပခုက္ကူဇာတိဖြစ်ပြီး ထိုင်း
-မြန်မာ ချစ်ကြည်ရေးတံတားနီး မယ်တော်ကမ်းနဖူးရှိ သိုးမွေးစက်ရုံတရုံတွင်လုပ်ကိုင်နေသည့် အသက် (၂၄) နှစ်ဝန်း
ကျင်ရှိ ကိုကျော်မင်းသန်း ဖြစ်သည်။

ယမန်နေ့ည (၇)နာရီခန့်တွင် ယင်းစက်ရုံမှအလုပ်ဖြုတ်ခံထားရသူအလုပ်သမားသုံးဦးက စက်ရုံနားတွင်အရက်သောက်
နေသည်ကို အလုပ်ရှင်က ထိုင်းနယ်ခြားစောင့်တပ်ကိုခေါ်၍ ရိုက်နှက်ခိုင်းကြောင်း၊ ထိုအချိန်တွင် အနီးအနား၌ တဦး
တည်းထိုင်၍အရက်သောက်နေသော ကိုကျော်မင်းသန်းကိုလည်း ရိုက်နှက်မောင်းထုတ်လိုက်ကြောင်း ရောင်ခြည်ဦးအ
လုပ်သမားအဖွဲ့တာဝန်ခံ ဦးမိုးဆွေက ပြောသည်။

၎င်းက “ကိုကျော်မင်းသန်းကတော့ သူနဲ့ဘာနဲ့မဆိုင်တော့ ပြန်လာတာပေါ့။ အဲဒါကို စက်ရုံကအ၀င်မခံတော့ဘူး ပြန်
မောင်းထုတ်လိုက်တယ်။သူပြန်ထွက်သွားပြီးတော့ လမ်းမှာပဲသေနတ်သံကြားလို့ လူတွေကထွက်ကြည့်တော့သူ့ကိုသေ
နတ်နဲ့ပစ် သတ်သွားတယ်။ ဘယ်သူပစ်တယ်လို့တော့ မသိဘူး” ဟု ပြောသည်။

ကိုကျော်မင်းသန်းလုပ်ကိုင်နေသည့် ယင်းစက်ရုံသည် ယခင်ကလုပ်ခကို(၁၀) ရက်နေ့တွင် ပုံမှန်ထုတ်ပေးလေ့ရှိသော်
လည်း ယခုလတွင်မူ (၂၅) ရက်နေ့၌ ထုတ်ပေးရန်ရက်ရွှေ့လိုက်သဖြင့် အလုပ်သမားများကမကျေနပ်၍ အလုပ်ဆက်
မလုပ်ဘဲ ရပ်နားထားကြကြောင်းသိရသည်။

ယခုလက်ရှိတွင်မူ ကိုကျော်မင်းသန်းသေဆုံးမှုကြောင့် အလုပ်သမားများက ကြောက်ရွံ့ပြီးအလုပ်ပြန်လုပ်နေကြောင်း
ကိုမိုးဆွေက ပြောသည်။

ရောင်ခြည်ဦးအလုပ်သမားအဖွဲ့အနေဖြင့် ကိုကျော်မင်းသန်း သေဆုံးသည့်ကိစ္စကို အကူအညီပေးရန်အတွက် ၎င်း၏မိ
သားစုနှင့် ဆွေမျိုးသားချင်းများကို ရှာဖွေစုံစမ်းနေသည်။

ကိုမိုးဆွေက “လောလောဆယ်တော့ အလောင်းကဆေးရုံကြီးမှာ။အလောင်းထုတ်ဖို့ကကျနော်ဝိုင်းလုပ်ပေးမယ်။ ပြီး
တော့ ဘယ်လိုဆက်လုပ်ချင်လဲပေါ့နော်၊ အဓိက ကတော့ သူတို့ရဲ့ဆွေမျိုးမိသားစုတွေရဲ့ သဘောထားတွေကိုစောင့်
နေတယ်” ဟု ပြောသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: