ဖိလစ်ပိုင်လွှတ်တော် ဗုံးပေါက်ကွဲမှု လူသုံးဦးသေဆုံး -Agencies / ၁၄ နိုဝင်ဘာ ၂၀၀၇

14-11-07_philipine.gifဖိလစ်ပိုင်အောက်လွှတ်တော်ဝင်းအတွင်း၌ ယမန်နေ့ညက ဗုံးပေါက်ကွဲမှုတခုဖြစ်ပွားရာ အမတ်တဦးအပါအ၀င် လူ (၃) ဦး သေဆုံးပြီး အနည်းဆုံး (၈) ဦး ဒဏ်ရာရရှိခဲ့သည်။ယမန်နေ့ကပြုလုပ်သော အစည်းအဝေးအပြီးအောက်လွှတ်တော်အဓိက အဆောက်အဦနှင့် တွဲလျက်တည်ရှိသည့် ကားရပ်နားရာနေရာတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အမတ်ဖြစ်သူ ၀ါဟတ် အက်ဘာ၊ ယာဉ်မောင်းတဦးနှင့် လွှတ်တော်ဝန်ထမ်းတဦးတို့ သေဆုံးခဲ့သည်။အခြားဝန်ထမ်းများနှင့်အတူ ဒဏ်ရာရခဲ့သည့် လွှတ်တော်အ မတ်နှစ်ဦးအနက် တဦးမှာ ပြင်းထန်စွာ ခံစားနေရသည်။ပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကမျှ ၀န်ခံခြင်း မရှိ သေးသော်လည်း အောက်လွှတ်တော်ပြောခွင့်ရ သူ ဂျိုဆေးဒီဗန်နေရှာက အကြမ်းဖက်လုပ်ရပ်တခုအဖြစ် သတ်မှတ်ပြောဆို လိုက်သည်။

သေဆုံးသူ ၀ါဟတ်အက်ဘာ (၄၇) နှစ်၏ ကားအနီးတွင် ရပ်ထားသောမော်တော်ဆိုင်ကယ်၌ ထောင်ထားသည့် ဗုံးပေါက်ကွဲ ခြင်းဖြစ်ကြောင်း ကနဦးစုံစမ်းစစ်ဆေးမှုအရ သိရသဖြင့် ၎င်းအား ပစ်မှတ်ထားခဲ့ခြင်းဖြစ်နိုင်သည်ဟု မြို့တော်မနီလာ ရဲတပ်ဖွဲ့ အကြီးအကဲ ဂေရီဘာရီးက သတင်း ထောက်များကို ပြောသည်။

မျက်မြင်တဦးက မစ္စတာအက်ဘာသည် လက်ကိုင်ဖုန်းဖြင့် စကားပြောလျက် ၎င်း၏ကားရှိရာသို့အသွား ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ ကြောင်းပြောသည်။

အစ္စလမ်စစ်သွေးကြွများထံမှ ခြိမ်းခြောက်စာများ ရရှိခဲ့ဖူးပြီး ခွဲထွက်သူပုန်တဦးလည်းဖြစ်ခဲ့ဖူးသူ မစ္စတာအက်ဘာသည် ၁၉၉၈ ခုတွင် အဘူဆာရပ်အကြမ်းဖက်အဖွဲ့ဌာနချုပ်ရှိရာ ဘာစီလန်ပြည်နယ်၏ အုပ်ချုပ်ရေးအရာရှိအဖြစ် နိုင်ငံရေးနယ်ပယ်အတွင်း ၀င်ရောက်ခဲ့သည်။

အဆောက်အဦမျက်နှာကြက်ထိခိုက်ပြီး ကားအချို့လည်း မီးလောင်ပျက်စီးခဲ့ရသည့် အဆိုပါ အောက်လွှတ်တော်ဝင်း အတွင်း ပေါက်ကွဲမှုသည် ဖိလစ်ပိုင်သမိုင်းတွင် ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ယင်းမတိုင်မီက မနီလာရှိ ကုန်တိုက်တခု၌ လူ (၁၁) ဦးသေ ဆုံးပြီး (၉၀) ကျော်ဒဏ်ရာရခဲ့သော ပေါက်ကွဲမှုတခုဖြစ်ခဲ့သည်။

သမ္မတအာရိုယိုကိုယ်တိုင်က အဂတိလိုက်စားမှုစွပ်စွဲချက်များအား ရင်ဆိုင်နေရသည့် ဖိလစ်ပိုင်နိုင်ငံ၌ ပြန်ပေးမှုနှင့် ဗုံးခွဲတိုက် ခိုက်မှုများကျူးလွန်ခဲ့ပြီး အဲလ်ကိုင်ဒါအဖွဲ့နှင့် အဆက်အစပ်ရှိသည်ဟု စွပ်စွဲခံထားရသော အဘူဆာရပ် အပါအ၀င် အကြမ်းဖက် အဖွဲ့အမျိုးမျိုး အခြေချလျက်ရှိသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: