ရတနာပုံ ဆိုင်ဘာစီးတီး အကြမ်းထည်နှင့် ဖွင့်ရန်ပြင်

NEJ / ၁၃ နိုဝင်ဘာ ၂၀၀၇-ပင်မအဆောက်အဦအပြင်ပိုင်း အကြမ်းထည် ကိုသာဆောက်လုပ်
ပြီးစီးနေပြီး အပြီးသတ်လုပ်စရာအများအပြား ကျန်နေသေးသည့် ရတနာပုံဆိုင်ဘာစီးတီးဖွင့်ပွဲ
ကို ရှေ့လအတွင်း ကျင်းပနိုင်ရန် စစ်အစိုးရက ကြိုးပမ်းနေကြောင်းသိရသည်။ဆောက်လုပ်ရေး
အဖွဲ့မှ အင်ဂျင်နီယာတဦးက “စီမံကိန်းမြေကဧက (၁)သောင်းကျော်တယ်။ အခုဆောက်နေတာ
က ပင်မအဆောက်အဦတခုရဲ့ အကြမ်းထည်လောက်ပဲပြီးသေးတယ်၊ ဒါကိုပဲ ဒီဇင်ဘာလမှာဖွင့်
ပွဲလုပ်မှာမို့ဆိုပြီး အလုပ်တွေပြီးအောင် သက်ဆိုင်ရာက အတင်းတွန်းခိုင်းနေတယ်” ဟုပြော
သည်။ပင်မအဆောက်အဦ အပြီးမသတ်သေးရုံသာမက လမ်းများလည်း မြေကြီးတူးထားရုံသာရှိ
သေးပြီး မခင်းရသေးကြောင်း၊နောက်ထပ်ဆောက်စရာ အဆောက်အဦများစွာတို့အပြင် လျှပ်စစ်
စနစ်၊ ရေပေးဝေရေးစနစ်၊ လမ်း၊ အင်တာနက် ကေဘယ်လ်ကြိုးများ၊ အဆောက်အဦ အတွင်း
ထည့်သွင်းမည့် စက်ကိရိယာများစသဖြင့် များစွာ ကျန်ရှိသေးကြောင်း ၎င်းကပြောသည်။

“ဒါပေမယ့် အာဏာပိုင်တွေက ရတနာပုံလို့အမည်ပေးထားတဲ့ ဆိုင်ဘာမြို့တော်ကိုဘာမှလက်
စမသတ်ရသေးဘဲ၊ လုပ်ငန်းစ တင်နိုင်ခြင်းမရှိသေးဘဲ ဖွင့်ပွဲလုပ်ဖို့ အာရုံစိုက်နေတာကတော့
နိုင်ငံတော်အတွက် သူတို့ အလုပ်လုပ်နေပါတယ်ဆိုတာ ကြွားဝါ ရုံသက်သက်အတွက်ပဲ ဖြစ်
လိမ့်မယ်ထင်တယ်” ဟု အဆိုပါ အင်ဂျင်နီယာက ပြောသည်။

စစ်အစိုးရဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာတွင်အဆိုပါ
ရတနာပုံဆိုင်ဘာစီတီးကို မြန်မာ နိုင်ငံ၏ပထမဆုံး အိုင်တီမြို့အဖြစ် အကောင် အထည်ဖော်
မည်ဖြစ်ကြောင်း၊ ယခုပင်မအဆောက်အဦသာမက software အခြေခံ အဆောက်အဦ၊ Har-
dware အခြေခံအဆောက်အဦ၊ ဆက်သွယ်ရေးစနစ် သုံးမျိုးဖြစ်သည့်VOIP, Internet, IP-
TV များ စုစည်းထားသည့် Triple Play စနစ်နှင့် Cable TV စနစ်၊ မြန်နှုန်းမြင့် ADSL လိုင်း
များနှင့် Wimax စနစ်များကိုပါ ဆက်လက်တပ်ဆင်ပေးသွားမည်ဟု ကြေညာထားသည်။

ရန်ကုန်မြို့ အမ်အိုင်စီတီပါခ့်မှ ဆော့ဖ်ဝဲအင်ဂျင်နီယာတဦးက နအဖသည်လက်ရှိအချိန်တွင်နိုင်
ငံတွင်းသတင်းများ ပြင်ပမ ပေါက်ကြားစေရန်နှင့် ပြင်ပကသတင်းများ နိုင်ငံတွင်းမှ မကြည့်နိုင်
ရန် အင်တာနက်လိုင်းများကို မကြာခဏ ဖြတ်တောက် လေ့ရှိကြောင်းပြောသည်။

၎င်းက “အခုလို အိုင်တီမြို့တော်ကို မြို့ကြီးတွေနဲ့ဝေးတဲ့နေရာမှာသွားဆောက်ပြီး အင်တာနက်
လိုင်းကို နိုင်ငံတကာနဲ့ရောပြည် တွင်းနဲ့ပါ အမြဲချိတ်ဆက်ပေးထားရင်တော့ ကောင်းပါတယ်။
ဒါပေမယ့် ပြဿနာပေါ်လာတိုင်းအင်တာနက်လိုင်း တွေဖြတ် တောက်ပစ်နေရင်တော့ အလုပ်
လုပ်လို့ရနိုင်စရာ လမ်းမမြင်ဘူး” ဟု ပြောသည်။

သံဃာတော်များဦးဆောင်သည့် ပြီးခဲ့သည့် စက်တင်ဘာဆန္ဒပြပွဲအတွင်းတွင် နအဖ အာဏာ
ပိုင်များက ပြည်တွင်းမှ အင်တာ နက်လိုင်းများနှင့် တယ်လီဖုန်းလိုင်းများကို ဖြတ်တောက်ခဲ့
သည်။

နအဖစစ်အစိုးရသည် ပြီးခဲ့သည့်လဆန်းပိုင်းကလည်း ရန်ကုန်နှင့် သံလျင်သီလ၀ါဆိပ်ကမ်းကို
ဆက်သွယ်သည့် ဒုတိယမြောက်တံတားကို ဖွင့်လှစ်ခဲ့သော်လည်း တံတားနှင့် သီလ၀ါဆိပ်ကမ်း
ကြား သံလျင်ဘက်ခြမ်းကားလမ်းများကို ဖောက်လုပ် မပြီးသည့်အတွက် လက်တွေ့တွင် မသုံး
နိုင်သေးကြောင်း ဒေသခံများက ပြောသည်။

အလားတူ မန္တလေးနှင့်စစ်ကိုင်းဆက်သွယ်သည့် ရတနာပုံတံတားကြီးကိုလည်း အမြန်ဆောက်
လုပ်ပြီးစီးခဲ့ပြီး ခိုင်ခံ့စိတ်ချရမှုမရှိခြင်းကြောင့် တံတားဖွင့်လှစ်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းကာ
ပြီးခဲ့သည့်စက်တင်ဘာ၌ ပြင်ဆင်မှုများပြုလုပ်နေသည်မှာ ယခုအချိန်ထိမပြီးပြတ်သေးကြောင်း
သိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: