တရုတ်နယ်စပ်မှ မြန်မာဈေးသည်များ ကျီးလန့်စာစား ဈေးရောင်းနေရ

NEJ / ၁၃ နိုဝင်ဘာ ၂၀၀၇-ယခုလ (၈) ရက်မှစ၍ မူဆယ်မြို့တဖက်ကမ်း တရုတ်ပြည် ကျယ်
ဂေါင်မြို့နှင့်ရွှေလီမြို့တို့ရှိ မြန်မာနိုင်ငံသားများ၏ကုန်စုံဆိုင်များတွင် စားသောက်ကုန်နှင့်ဆေးဝါး
များကို တရုတ်အာဏာပိုင်များက ရောင်းချခွင့်ပိတ်ပင်ကာ ဖမ်းဆီးနေသဖြင့် ကုန်ပစ္စည်းများကို
ခိုးဝှက်ရောင်းချနေကြရသည်။ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံထုတ် စားသောက်ကုန်များ၊ ဆေးဝါးများ
ကို တရုတ်ကုန်စည်စည်းကြပ်သည့်ဌာနတွင် လာရောက်မှတ်ပုံတင်မှသာ ရောင်းချရမည်ဖြစ်ပြီး
မှတ်ပုံတင်ထားခြင်းမရှိပါက ဖမ်းဆီးမည်ဟုသိရကြောင်း ရွှေလီရှိ ကုန်စုံဆိုင်ရှင်တဦးက ပြော
သည်။၎င်းက “ပစ္စည်းအမယ်တွေက အများကြီးဆိုတော့ တခုချင်းမှတ်ပုံတင်ဖို့ဆိုတာမဖြစ်နိုင်
ဘူးလေ။ ကုန်ပစ္စည်းတခုကို တကြိမ် မှတ်ပုံတင်စစ်ဆေးခံရင် ယွမ် (၂၀၀) ကျော် မြန်မာကျပ်
ငွေ(၄) သောင်းလောက်ကျတယ်။ အဲဒါ လေးလ တခါ၊ တနှစ်သုံးကြိမ်သွားပြီး အစစ်ဆေးခံရမှာ
ဆိုတော့ ဘယ်လိုမှ မကိုက်နိုင်တော့ဘူး” ဟု ပြောသည်။

လက်လီဆိုင်များအနေဖြင့် လက်ကားဆိုင်ကြီးများ၏ ဆိုင်လိုင်စင်မိတ္တူနှင့် ကုန်ပစ္စည်းဝယ်ယူ
သည့် ပြေစာ စာရွက်များ ပြသနိုင်မှသာ တရုတ်အာဏာပိုင်များကရောင်းချခွင့်ပေးသည်ဟုကုန်
စုံဆိုင်ရှင်တဦးက ပြောသည်။

၎င်းက “အမွှေးတိုင်တို့၊ ဆန်တို့ကတော့ သူတို့ဘာမှမပြောဘူး၊ ရှေ့မှာခင်းထားပြီး ကျန်တဲ့
ပစ္စည်းတွေကတော့ နောက်မှာဝှက်ထားရတယ်၊ အကြောင်းသိတဲ့ ဖောက်သည်လောက်ပဲ
ရောင်းလို့ရတာပေါ့၊ ခိုးဝှက်ရောင်းနေရတာပဲ” ဟု ပြောသည်။

ဆန်၊ ကွမ်းနှင့် ကွမ်းယာပစ္စည်းများ၊ ဆေးပေါ့လိပ် စသည့် ပစ္စည်းအချို့ကိုမူ ရောင်းခွင့်ပေး
ထားသဖြင့်တရုတ်အာဏာပိုင်များ၏ လုပ်ထုံးလုပ်နည်းကို နားမလည်ဖြစ်ကြရသည်ဟု ဈေး
သည်များက ပြောသည်။

၎င်းတို့အနေဖြင့် နိုင်ငံတော်အခွန်၊ ရွှေလီအခွန်၊ လုံခြုံရေးအခွန်၊ သန့်ရှင်းရေးအခွန်၊ ကျန်းမာ
ရေးကတ်စသည့် အခွန်အခများကိုလည်း လစဉ်တရုတ်ယွမ်ငွေ (၄၀၀) ခန့်ပေးပြီးဈေးရောင်း
နေကြခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာဘက်မှ ၀င်ရောက်လာသည့် မုန့်ပဲသရေစာ၊ လက်ဖက်ထုပ်၊ အချိုရည်ဘူး၊ စီးကရက်၊
တိုင်းရင်းဆေးဝါးများ၊ ငါးပိ၊ ငံပြာရည်၊ စားဆီ စသည့်စားသောက်ကုန်များနှင့် ထိုင်းနိုင်ငံလုပ်
စားသုံးကုန်ပစ္စည်းများ ရောင်းချခွင့် ပိတ်ပင်ခံထားရသည်။

တရုတ်ပြည်ဘက်တွင် ရောင်းချရန် မြန်မာပြည်ဘက်မှ မောင်းလာသည့် နွားများကိုလည်း
မကြာသေးမီရက်ပိုင်းက ဖမ်းဆီးခဲ့ပြီး ထိုင်းနိုင်ငံလုပ်စားအုန်းဆီများကိုလည်း သိမ်းယူမှုများ
ရှိခဲ့သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: