စပါးဈေးကျသဖြင့် လယ်သမားများ အခက်တွေ့

NEJ / ၁၂ နိုဝင်ဘာ ၂၀၀၇-ပြီးခဲ့သည့်နှစ်နှင့်နှိုင်းယှဉ်ပါက စပါးဈေး သိသိသာသာကျဆင်းနေခြင်းကြောင့် လယ်သမား
များ အခက်အခဲကြုံနေကြကြောင်းသိရသည်။ဧရာဝတီတိုင်း ၀ါးခယ်မမြို့မှလယ်သမားတဦီးက “မနှစ်ကစပါးပေါ်ပေါ်ခြင်း
ဧည့်မထအုပ်စုက နှံကားလိုစပါးမျိုးဟာ တင်း (၁၀၀) ကို ကျပ် (၃) သိန်းအထက်ရှိတယ်။ ဒီနှစ် စပါးပေါ်ချိန် (၂) သိန်း
ခွဲအောက်မှာရှိနေတယ်။ ဓနြုဖူလို မြို့တွေမှာဆိုရင် (၂) သိန်း (၁) သောင်းလောက်ပဲ ဈးပေါက်တယ်။ ဒီတော့လယ်သ
မားတွေ အတွက်သိပ်ပြီးအမြတ်မကျန် ဘူး” ဟု ရှင်းပြသည်။

စပါးတဧကအတွက် အရင်းအနှီး ကျပ် (၁) သိန်းခန့်ရှိပြီး ဆန်ကြမ်းစပါး တဧကကို ပုံမှန် (၆၅) တင်းခန့် ထွက်သဖြင့်
လက်ရှိ ပေါက်ဈေးနှင့် တွက်ပါက (၆၅) တင်းကို ကျပ် (၁) သိန်းခွဲခန့် ရမည်ဖြစ်သဖြင့် တဧကအတွက် ကျပ် (၅)
သောင်းလောက် သာ အမြတ်ရှိကြောင်း ၎င်းက ရှင်းပြသည်။

“ဒါပေမယ့်ဒီအမြတ်ငွေဟာ စိုက်ပျိုးကာလ (၆) လတာအတွက်ရတဲ့အမြတ်ဖြစ်လို့ အလွန်နည်းတာပေါ့။ တဖက်ကလည်း
မနှစ်ကနဲ့စာရင် အထွေထွေကုန်ဈေးနှုန်းတွေက ပိုကြီးလာတော့ လက်ရှိ စပါးပေါက်ဈေးနဲ့ဆို လယ်သမားမိသားစုတွေ စီးပွားရေးအရစားဝတ်နေရေး မပြေလည်ကြဘူး” ဟု အဆိုပါလယ်သမားက ပြောသည်။

ဧရာဝတီတိုင်းအတွင်း အချို့နေရာများတွင် လယ်သမားများသည် မိုးစပါးကရသည့်ငွေကို နွေစပါးစိုက်ပျိုးချိန် သုံးလစာ
အတွက် ပြန်လည်အရင်းအနှီးလုပ်ရသောကြောင့် ယခုကဲ့သို့ စပါးဈေးကျပြီး ၀င်ငွေနည်းသွားသဖြင့် နွေစပါးအတွက်ပင်
စိုက်ပျိုးစရိတ် လုံလောက်မှု မရှိနိုင် တော့ကြောင်း ဒေသခံလယ်သမားအချို့က ပြောကြားသည်။

ယခုကဲ့သို့ စပါးဈေးများ ကျဆင်းရခြင်းသည် စစ်အစိုးရက နိုင်ငံခြားသို့ စပါးတင်ပို့ခွင့် ပိတ်ပင်ထားပြီး ကုန်သည်များက ရသည့်ဈေးနှင့်ရောင်းချနေကြသောကြောင့်ဖြစ်ကြောင်း ဘုရင့်နောင်ပွဲရုံမှ ဆန်ကုန်သည်တဦးက ပြောသည်။

၎င်းက “အခုလိုအချိန်မှာ စစ်တပ်အတွက် ရိက္ခာဝယ်ယူတဲ့ အစိုးရနဲ့ နိုင်ငံခြားကို ဆန်တင်ပို့ခွင့် ရထားတဲ့ ဆန်ကုန်သည်
ကြီးအချို့ကတော့ အကျိုးအမြတ်ရှိတာပေါ့” ဟု ပြောသည်။

အချို့လယ်သမားများထံမှ စပါးထွက်ချိန်မတိုင်မီ တင်း (၁၀၀) လျှင် ကျပ် (၂) သိန်းခွဲမှ (၂) သိန်း (၈) သောင်းနှုန်းနှင့်
စပါးကြိုပေးစနစ်ဖြင့် ၀ယ်ယူထားသည့် စပါးလှောင်သူများ၊ ဆန်စက်ပိုင်ရှင် များနှင့် နယ်ဆန်ကုန်သည်များလည်း အရှုံး
ပေါ်ကြ ကြောင်း သိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: