ရုဒ်မက်အတိုင်းဆက်သွားရန် အခြေခံဥပဒေမူကြမ်း ရေးဆွဲရေးကော်မရှင် စစ်အစိုးရဖွဲ့စည်း

ပီတာအောင်/ ၁၉ အောက်တိုဘာ ၂၀၀၇-နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းရေးဆွဲရန်
အတွက်တရားသူကြီးချုပ် ဦးအောင်တိုး ခေါင်းဆောင်သည့်အဖွဲ့ဝင် (၅၄) ဦးပါ ဖွဲ့စည်းပုံအခြေခံ
ဥပဒေ မူကြမ်းရေးဆွဲရေးကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း နအဖစစ်အစိုးရက ကြေညာသည်။
အမျိုးသားညီလာခံနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုတရပ်လုံးက ထောက်ခံကြိုဆိုပွဲ
များ ကျင်းပ၍ အုန်းအုန်းကျွတ်ကျွတ် ထောက်ခံအားပေးနေမှုကို လေးစားသောအားဖြင့်သော်
လည်းကောင်း၊ မူဝါဒလမ်းစဉ် (၇) ရပ်ကို အကောင်အထည် ဖော်သည့်အနေဖြင့်သော်လည်း
ကောင်း ထိုကော်မရှင်ကို ဖွဲ့စည်းခြင်းဖြစ်သည်ဟု နအဖ အတွင်းရေးမှူး(၁) ဒု-ဗိုလ်ချုပ်ကြီး
သိန်းစိန် အမိန့်ဖြင့်ထုတ်ပြန်သည့် ယမန်နေ့ ကြေညာချက်တွင် ပါရှိသည်။ကော်မရှင်၌ တရား
သူကြီးချုပ် ဦးအောင်တိုးက ဥက္ကဋ္ဌ၊ ရှေ့နေချုပ် ဦးအေးမောင်က ဒု-ဥက္ကဋ္ဌ၊မန္တလေးဆေးတက္က
သိုလ် အငြိမ်းစားပါမောက္ခဒေါက်တာ သောင်းမြင့်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး အဖွဲ့
ဝင်များအဖြစ် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း၊ ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ်ခင်
အောင်မြင့်နှင့်အငြိမ်းစားပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာစိုးရင်၊ ဒေါက်တာ သာလှရွှေ၊
ဒေါက်တာခင်ဇော် စသူတို့ပါဝင်သည်။

ယခုဖွဲ့စည်းလိုက်သည့် နအဖစစ်အစိုးရ၏ ဖွဲ့စည်းပုံမူကြမ်းရေးဆွဲရေးကော်မရှင်သည် ရုပ်ပြအ
ဖွဲ့သာဖြစ်သည်ဟု ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ
ဥပဒေ မူကြမ်းရေးဆွဲရေးနှင့်ညှိနှိုင်းမှု ကော်မတီ၏ အတွင်းရေးမှူး ဦးသိန်းဦးက ပြောကြား
သည်။

“သူတို့ချမှတ်ခဲ့တဲ့ လမ်းညွှန်မူ (၆)ချက်၊ အခြေခံမူ (၁၀၄) ချက်နဲ့ အသေးစိတ်အခြေခံရမယ့်
မူတွေချလိုက်တာက ပြီးသ လောက်ဖြစ်နေပါပြီ၊ အဲ့ဒါတွေကို လိုက်ပြီး နံပါတ်တွေ ဂဏန်းတွေ
တပ်လိုက်လို့ရှိရင် ပုဒ်မတွေဖြစ်သွားပြီးတော့ ဖွဲ့စည်းပုံအခြေ ခံဥပဒေဖြစ်လာမှာပါပဲ။ မူကြမ်းရေး
ဆွဲရေးကော်မရှင်ဆိုတာ တကယ့်ရုပ်ပြဖွဲ့ စည်းထားတဲ့အဖွဲ့ပဲဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်
သက်ဆိုးရှည်စေရေးနဲ့ စစ်တပ်ကနေ လေးပုံတပုံ အချောင်နေရာဝင်ပြီး ယူမယ်ဆိုတဲ့ဟာကိုပဲ
ပုဒ်မလိုက်တပ်တဲ့အဆင့်ပဲရှိ ပါတယ်။ ကျန်တာကတော့ လုံးဝထူးခြားမှုမရှိဘူး” ဟု ပြောကြား
သည်။

လူထုထောက်ခံမှုအမှန်တကယ်ရစေရန် နိုင်ငံ၏အမျိုးသားနိုင်ငံရေး၌ စစ်တပ်ကဦးဆောင်ရမည်
ဆိုသည့် အခန်းကဏ္ဍကိုပြင် ဆင်ရေးဆွဲပေးရန် လိုအပ်ကြောင်း၊ ထိုသို့မလုပ်ဆောင်ပဲ နအဖ
စိတ်ကြိုက်ရေးဆွဲထားသည့် အခြေခံဥပဒေကို အတည်ပြုမည်ဆိုပါက ပြည်သူလူထုလက်ခံမည်
မဟုတ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သက်ဆိုင်သူများအားလုံးပါဝင်ဆွေးနွေးလုပ်ဆောင်
ရန် ကုလသမဂ္ဂနှင့်နိုင်ငံတကာက တွန်းအားပေးနေချိန်၌ နအဖစစ်အစိုးရက ၎င်းတို့ချမှတ်ထား
သည့်မူဝါဒလမ်းစဉ် (၇)ရပ်အတိုင်းရှေ့ဆက်ရန် တတိယအဆင့်ဖြစ်သည့် အခြေခံဥပဒေမူကြမ်း
ရေးဆွဲရေးကိုအကောင်အထည်ဖော်သည့်အနေဖြင့် ကော်မရှင်တရပ်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: