မင်းကိုနိုင်မွေးနေ့ ထိုင်း-မြန်မာနယ်စပ်တွင်ကျင်းပ

NEJ / ၁၈ အောက်တိုဘာ ၂၀၀၇-ယနေ့ကျရောက်သည့် ၈၈ ကျောင်းသားခေါင်းဆောင်ကိုမင်း
ကိုနိုင်၏ (၄၅) နှစ်မြောက် မွေးနေ့နှင့် စက်တင်ဘာလူထုလုပ်ရှားမှုတွင် ကျဆုံးသွားသည့်ရဟန်း
ရှင်လူပြည်သူများကို အမျှအတန်းပေးဝေသည့် ဆွမ်းကျွေးတရားနာယူပွဲအခမ်းအနားတရပ်အား
ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ယနေ့နံနက်က နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်
ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီ-ဘီမှ ကမကထပြု ကျင်းပခဲ့သည်။အေအေပီပီ-ဘီ အ
တွင်းရေးမှူး ကိုတိတ်နိုင်က “ကိုမင်းကိုနိုင်ရဲ့အရည်အချင်းတွေကို အသိအမှတ်ပြု စံနမူနာယူ
တယ်။ ဒါကြောင့် သူ့ရဲ့ထုံးကို နှလုံးမူနိုင်ဖို့ သူ့မွေးနေ့ပွဲကို ကျင်းပရခြင်းဖြစ်တယ်” ဟုပြော
သည်။ မြန်မာနိုင်ငံတွင် လူထု၏အကျိုးကို အားသွန်ခွန်စိုက် ပြုခဲ့သူများ၏ အမြော်အမြင် လုံ့လ
စိုက်ထုတ်မှု၊ စွန့်လွှတ်အနစ်နာခံမှုများကို ဂုဏ်ယူအသိအမှတ်ပြုသည့်အနေဖြင့် ၎င်းတို့၏ မွေး
နေ့ပွဲများကို နိုင်ငံတကာရောက် မြန်မာများက ကျင်းပလေ့ရှိသည်။

သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ လူထု ဒေါ်အမာ၊ ဒေါ်အောင်ဆန်းစုကြည်တို့၏မွေး
နေ့အထိမ်းအမှတ် အခမ်းအနားများကိုလည်း နိုင်ငံတကာတွင် ကျင်းပမြဲဖြစ်သည်။

ယနေ့အခမ်းအနားတွင် စက်တင်ဘာလူထုလုပ်ရှားမှု၌ ကျဆုံးသွားသည့် ရဟန်းရှင်လူပြည်သူ
များအား ရည်စူး၍ သံဃာတော် အရှင်သူမြတ်များအား ဆွမ်းဆက်ကပ်ပြီး တရားနာယူကာအမျှ
အတန်းပေးဝေခဲ့ကြသည်။

အခမ်းအနားသို့ မြန်မာ့အရေးဆောင်ရွက်နေကြသည့် အဖွဲ့အစည်း အသီးသီးမှခေါင်းဆောင်
များ၊ လွတ်မြောက်နယ်မြေရောက် ကိုမင်းကိုနိုင်၏ လုပ်ဖော်ကိုင်ဖက်များ တက်ရောက်၍ ဂုဏ်
ပြုအမှတ်တရစကားများ ပြောကြား ကြသည်။

ယမန်နှစ်က ကျရောက်ခဲ့သည့် ကိုမင်းကိုနိုင်၏ (၄၄) နှစ်မြောက်မွေးနေ့အား ရန်ကုန်မြို့ရှိနေ
အိမ်တွင်မွေးနေ့ရှင်ကိုယ်တိုင် ကျင်းပနိုင်ခဲ့သော်လည်း ယခုနှစ်တွင် အာဏာပိုင်များ၏ ဖမ်းဆီး
ခြင်းခံရသဖြင့် မွေးနေ့ပွဲအား မကျင်းပနိုင်ခဲ့ပေ။

၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် ၁၉၈၉ ခု မတ် (၂၃) ရက်တွင် စစ်အစိုးရ၏
ဖမ်းဆီးခြင်းခံရကာ ၂၀၀၄ ခု နိုဝင်ဘာတွင် ပြန်လည်လွတ်မြောက်ခဲ့ပြီး (၁၆) နှစ်နီးပါး အကျဉ်း
ချခံခဲ့ရသည်။

အမှားပြင်ဆင်ချက်။ ။ အထက်ပါသတင်းတွင်ဖော်ပြထားသော“ယမန်နှစ်က ကျရောက်ခဲ့သည့်
ကိုမင်းကိုနိုင်၏ (၄၄) နှစ်မြောက်မွေးနေ့အား ရန်ကုန်မြို့ရှိနေအိမ်တွင် မွေးနေ့ရှင်ကိုယ်တိုင်
ကျင်းပနိုင်ခဲ့သော်လည်း…” အစား ယမန်နှစ်ကလည်းမင်းကိုနိုင်အား စစ်အစိုးရက ဖမ်းဆီး
ထိမ်းသိန်းထားခဲ့သည့်အတွက် မွေးနေ့ရှင်မပါဘဲ နေအိမ်တွင် မွေးနေ့ပွဲကျင်းပခဲ့ရသည်ဟု ပြင်
ဆင်ဖတ်ရှုပါရန် မေတ္တာရပ်ခံပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: