ဘုန်းတော်ကြီး ဒလိုင်လားမား ကွန်ဂရက်ရွှေတံဆိပ်ဆုရ-Agencies / ၁၈ အောက်တိုဘာ ၂၀၀၇

18-10-07_a.gifပြည်ပရောက် တိဘက်ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဒလိုင်လားမားသည် အမေရိကန်ကွန်ဂရက်မှ အရပ်သားများအား ဂုဏ်ပြု ပေးအပ်သော အမြင့်ဆုံးဆုဖြစ်သည့် ‘ကွန်ဂရက်ရွှေတံဆိပ်ဆု’ ကို ယမန်နေ့၌ လက်ခံရယူသည်။တိဘက်တွင် မိမိတို့ ထိန်းချုပ် နေမှုအား ဘုန်းတော်ကြီး ဒလိုင်လားမားက ခြိမ်းခြောက်နေသည်ဟု အမြင်ရှိနေသည့် တရုတ်နိုင်ငံရေး ခေါင်းဆောင်များက ကန့်ကွက်နေ သည့်ကြားမှပင် အသက် (၇၂) နှစ်ရှိပြီဖြစ်သော ဘုန်းတော်ကြီးအား အမေရိကန်သမ္မတ ဘုရှ်ကိုယ်တိုင် အဆိုပါ ဆုကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။ဘာသာရေးလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီအရေး အပြည့်အ၀ရပ်တည်ပေးနေသော သမ္မတဘုရှ် အား ကျေးဇူးတင်ကြောင်းနှင့် ဆုရရှိသဖြင့် “လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်ရပြီး တိဘက်ပြည် သူများအတွက်လည်း အားတက် ဖွယ်ရာ” ဖြစ်ကြောင်း ဒလိုင်းလားမားက ပြောသည်။

အမေရိကန်သမ္မတက ဘုန်းတော်ကြီးအား “ယုံကြည်မှု၊ ရိုးသားမှုနှင့် ငြိမ်းချမ်းရေး အမှတ် အသား” အဖြစ် တင်စားခေါ်ဆို လိုက်ပြီးအမေရိကန်နိုင်ငံသားများအနေဖြင့် ဘာသာရေးအရ မည်သည့်ဖိနှိပ်မှုမျိုးကိုမျှ မျက်ကွယ်ပြုနေမည် မဟုတ်ကြောင်း၊ တရုတ်ခေါင်းဆောင်များအနေဖြင့် ဒလိုင်လားမားနှင့် ဆွေးနွေးမှုများပြုလုပ်သင့်ကြောင်း ဆုပေးပွဲ အခမ်းအနား ပြုလုပ်သည့် ၀ါရှင်တန်မြို့တော်ရှိ လွှတ်တော်အဆောက်အဦ၌ ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ လီယူဂျင်ချောင်က “ဒလိုင်လားမားကို အခု ဒီ ကွန်ဂရက်ရွှေတံဆိပ် ဆုပေးတာနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက ကန့်ကွက်တဲ့အကြောင်း အမေရိကန်နိုင်ငံကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးဖြစ်ပါတယ်။ အခု ဆုပေးတဲ့ကိစ္စကို အကြောင်းပြုပြီး နိုင်ငံတနိုင်ငံအရပဲ ဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်တဦးအရပဲဖြစ်ဖြစ် တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်လာမယ်ဆိုရင် ကျနော်တို့က ဆန့်ကျင်သွားမှာပဲဖြစ်တယ်” ဟု ပြောသည်။

“ခွဲထွက်ရေးသမား” ဟု တရုတ်တို့၏ စွပ်စွဲခေါ်ဆိုမှုကို အစဉ်တစိုက်ခံခဲ့ရသော ဘုန်းတော်ကြီး ဒလိုင်လားမားကမူ “ကျွန်ုပ်ဟာ တရုတ်နိုင်ငံကနေ လုံးဝလွတ်လပ်ရေးရဖို့ကို လိုလားနေတာ မဟုတ်ပါဘူး။ အဓိပ္ပာယ်ပြည့်ဝတဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးအတွက် လိုလားနေတာသာဖြစ်ပါတယ်” ဟု ဆုပေးပွဲတွင် ပြောသည်။

၁၉၈၉ ခုတွင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရရှိခဲ့သော ဘုန်းတော်ကြီး ဒလိုင်လားမားသည် ၁၉၅၁ခု၌ တရုတ်နိုင်ငံက တိဘက်နိုင်ငံအား ကျူးကျော်သိမ်းပိုက်ခဲ့မှုကို ဆန့်ကျင်လှုပ်ရှားခဲ့ရာမှ မအောင်မမြင်ဖြစ်ကာ ၁၉၅၉ ခုမှစတင်၍ အိန္ဒိယနိုင်ငံတွင် ခိုလှုံနေခဲ့ရသည်။

အဆိုပါ “ကွန်ဂရက်ရွှေတံဆိပ်ဆု” ကို ဘုန်းတော်ကြီးမတိုင်မီ လက်ခံရရှိသူများအထဲတွင် မာသာထရေဆာ၊ နယ်ဆင်မန်ဒဲလား၊ ကွယ်လွန်သွားပြီဖြစ်သည့် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်နှင့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲတို့ပါ ၀င်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: