မြန်မာနိုင်ငံကိုပေးမည့်အကူအညီ ဂျပန်ဖျက်သိမ်း

AFP / ၁၆ အောက်တိုဘာ ၂၀၀၇-ဂျပန်သတင်းထောက် သေဆုံးမှုကြောင့် မြန်မာနိုင်ငံအားပေးမည့် အကူအညီဂျပန်
ယန်းငွေ (၅၅၂) သန်းကို ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ယနေ့ပြောသည်။ယ
ခင်လ ရန်ကုန်မြို့ဆန္ဒပြပွဲတွင် မြန်မာစစ်တပ်၏ပစ်ခတ်မှုကြောင့် ဂျပန်ဗီဒီယိုသတင်းထောက်ကန်ဂျီ နာဂအိ သေဆုံး
သဖြင့် ယခုကဲ့သို့ အကူအညီဖြတ်တောက်ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး ၀န်ကြီး Mashiko Komura
က ပြောသည်။

ငြိမ်းချမ်းစွာဆန္ဒပြသူများကို စစ်အစိုးရက ပြင်းပြင်းထန်ထန်နှိမ်နင်းခဲ့ပြီးသည့်နောက်ပိုင်း မြန်မာနိုင်ငံအပေါ် ဂျပန်နိုင်ငံက
ပထမဦးဆုံး ဒဏ်ခတ်အရေးယူခြင်းဖြစ်သည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထပ်မံဖမ်းဆီးထိန်းသိမ်းခံရသည့် ၂၀၀၃ ခုမှစ၍ ဂျပန်နိုင်ငံက မြန်မာ
နိုင်ငံအား ကျန်းမာရေးစီမံကိန်းအပါအ၀င် အရေးပေါ်လိုအပ်ချက်များအတွက် ငွေကြေးထောက်ပံ့မှုများမှလွဲ၍ ကျန်သည့်
အကူ အညီများကို ရပ်တန့်ခဲ့သည်။

ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား လူသားချင်းဆိုင်ရာ အကူအညီများသာပေးနေသည်ဟု ပြောဆိုနေသော်လည်း ၎င်း
သည် မြန်မာနိုင်ငံအတွက် အကြီးမားဆုံး အလှူရှင်နိုင်ငံတခုဖြစ်သည်။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံအား နောက်ဆုံးဘဏ္ဍာရေးနှစ်မှ ၂၀၀၇ ခုအထိ စုစုပေါင်းယန်းငွေ(၁.၃၅၃) ဘီလီယံထောက်ပံ့ ကူညီထားပြီးဖြစ်သည်။

တိုကျိုအခြေစိုက် APF သတင်းဌာနမှ အသက် (၅၀) အရွယ်ရှိသည့် ၀ါရင့်ဗီဒီယိုသတင်းထောက် ကန်ဂျီနာဂအိသည် ယ
ခင်လ (၂၇) တွင် မြန်မာနိုင်ငံ ဆူးလေဘုရားလမ်းရှိ ပြည်သူလူထုဆန္ဒပြမှုကို သတင်းယူ ရိုက်ကူးရင်း နအဖစစ်တပ်၏ ပစ်သတ်ခြင်းခံခဲ့ရသည်။

ယင်းကိစ္စနှင့်ပက်သက်၍ ဂျပန်နိုင်ငံအာဏာပိုင်များက အစောပိုင်းကပင်မြန်မာနိုင်ငံအပေါ် အပြစ်ပေးအရေးယူရန်ထုတ်
ဖော်ပြောဆိုခဲ့သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: