ကော့သောင်းမှသံဃာများ ရနောင်းသို့ ခရီးသွားခွင့်မပြု

ကျော်ထင်(ထိုင်း)/ ၁၆ အောက်တိုဘာ ၂၀၀၇-မြန်မာတနိုင်ငံလုံးတွင် ဆန္ဒပြသပိတ်မှောက်ကံဆောင်ခဲ့ကြသောသံဃာ
တော်များအား စစ်အစိုးရက ပိုက်စိပ်တိုက် လိုက်လံဖမ်းဆီးနေသည်သာမက ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့ရှိသံ
ဃာတော်များကိုလည်း ထိုင်းနိုင်ငံ၊ ရနောင်းမြို့ဘက်သို့ ခရီးသွားလာခွင့်ပိတ်ပင်လိုက်သည်။ကော့သောင်း မြို့နယ်အာ
ဏာပိုင်များက မြို့နယ်သံဃာ့မဟာနာယက ဆရာတော်များကို ပင့်ဖိတ်ပြီး မြို့နယ်အတွင်းရှိ သံဃာတော်များ၏ ခရီး
သွားလာခွင့်ကို ၀ါကျွတ်သည်အထိ ပိတ်ပေးပါရန် ယခုလ (၁၄) ရက်တွင် လျှောက်ထားခဲ့ကြောင်း ကော့သောင်းမြို့မှ အမည်မဖော်လိုသည့် သံဃာတပါးက မိန့်ကြားသည်။

၎င်းက “ဆန္ဒပြရာမှာ ပါတဲ့သံဃာရော၊ မပါတဲ့သံဃာရော အားလုံး ဟိုဘက်ကမ်းကို ကူးခွင့်မရှိတာ။ သီတင်းကျွတ်အထိ
ပိတ်ထားတယ်။ နောက်ထပ် (၁၀) ရက်ပေါ့။ ဦးဇင်းထင်တာက ရန်ကုန်မှာဘုန်းကြီးတွေကို လိုက်ဖမ်းနေတယ်မဟုတ်
လား။ ဒါတွေနဲ့ဆက်စပ်မယ်နဲ့တူတယ်။ ရန်ကုန်ဘက်ကိုကျတော့ သွားလို့ရပါတယ်။ အခုလို နယ်စပ်ကို ရေရှည်ပိတ်လို့
တော့မရပါဘူး။ ပြဿနာတွေတက်မှာပေါ့။ ဘာဖြစ်လို့ဆိုတော့ ဒီမှာရှိတဲ့ဘုန်းကြီးတွေလည်း ဟိုဘက်မှာ သာသနာရေး
ကိစ္စတွေ အများကြီး ရှိတယ်လေ” ဟု မိန့်ကြားသည်။

ပုံမှန်အားဖြင့် ကော့သောင်းရှိသံဃာတော်များ ရနောင်းဘက်သို့ ခရီးသွားမည်ဆိုပါက သက်ဆိုင်ရာကျောင်းထိုင်ဆရာ
တော်၏ ထောက်ခံချက်ဖြင့် မြို့နယ်သံဃာ့မဟာနာယကရုံးမှတဆင့် ခွင့်ပြုချက်ယူကာ (၁) တ်အထိသွားခွင့်ရှိကြောင်း
သိရသည်။

တနိုင်ငံလုံးရှိ သံဃာများ သပိတ်မှောက်ကံဆောင်ခဲ့စဉ်က ကော့သောင်းရှိသံဃာတော်များကလည်း (၂) ကြိမ်လမ်း
လျှောက်သပိတ်မှောက်ကံဆောင်ခဲ့ရာ အဆိုပါကိစ္စနှင့်ပတ်သက်၍ မိမိတို့အရှက်ရခဲ့သည်ဟုအာဏာပိုင်များက မြို့နယ်
သံဃာ့မ ဟာနာယကဆရာတော်ကြီးများကို လျှောက်ထားခဲ့ကြောင်း၊ ဆရာတော်ကြီးများကလည်း ခရီးသွားခွင့်ကို ရေ
ရှည်ပိတ် ပင်ရန်မသင့်ဘဲ အရေးပေါ်ကိစ္စများအတွက် ခွင့်ပြုရန် ပြန်လည်မိန့်ကြားခဲ့ကြောင်း အဆိုပါသံဃာက မိန့်ကြား
သည်။

နအဖသည် တန်ပြန် ပြည်သူ့သဘောထားဖော်ထုတ်ပွဲများကို တနိုင်ငံလုံးအတိုင်းအတာဖြင့် အတင်းအကျပ်ပြုလုပ်လျက်
ရှိရာ မနက်ဖြန်နေ့လယ် (၂) နာရီတွင် ကော့သောင်းလေဆိပ် ဗွီအိုင်ပီခန်းမတွင် သံဃာ (၂၄) ပါးနှင့် မြန်မာနိုင်ငံ၏
တောင်ဘက် အစွန်းဆုံးဖြစ်သော ဘုရင့်နောင်ရုပ်ထုတည်ရှိရာ ၀ိတိုရိယအငူတွင် သံဃာ (၂၄) ပါးအား ပရိတ်တရား၊ ပဌာန်းတရားနှင့်ကမ္မ၀ါဖတ်ရန် ပင့်ဖိတ်ထား ကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုက တနိုင်ငံလုံးရှိသံဃာတော်များအား နအဖစစ်အစိုးရနှင့်စစ်အစိုးရအာဏာပိုင်
များ အား ပြီးခဲ့သည့်စက်တင်ဘာ (၁၈) ရက်မှစ၍ ပတ္တနိက္ကုဇ္ဖန ကံဆောင်ရန် နှိုးဆော်ထားခဲ့သည်။

ထိုသို့သပိတ်မှောက်ကံဆောင်နေကြသည့် သံဃာတော်များအားနအဖအာဏာပိုင်များက ပစ်ခတ်ရိုက်နှက်ဖမ်းဆီးထောင်
ချ ကာ ယခုနောက်ပိုင်းတွင် သံဃာတော်များအား ဆန်၊ ဆီ၊ ဆေး၊ ဆား စသည့် လှူဖွယ်ပစ္စည်းများ အတင်းအဓမ္မလှူ
ဒါန်းနေကြောင်း သိရသည်။

%d bloggers like this: