ဝန်ကြီးချုပ်စိုးဝင်း၏ နိုင်ငံတော်ဈာပနကို ယမန်နေ့ကကျင်းပ

NEJ / ၁၅ အောက်တိုဘာ ၂၀၀၇-နအဖ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း၏ နိုင်ငံတော်ဈာပနအ
ခမ်းအနားကို နအဖစစ်အစိုးက ယမန်နေ့က ကျင်းပ ပြုလုပ်သည်။ယမန်နေ့က ရန်ကုန်မြို့ မင်္ဂ
လာဒုံစစ်ဆေးရုံရှိ ငြိမ်းအေးဇရပ်၌ ဗိုလ်ချုပ်ကြီးစိုးဝင်း၏ ဈာပနကို ကျင်းပပြုလုပ်ပြီး ဗိုလ်ချုပ်
မှူးကြီးသန်းရွှေ၊ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း နှင့် ဒု- ဗိုလ်ချုပ်ကြီး
သိန်းစိန်တို့ပါဝင်တက်ရောက်ကြောင်း ယနေ့ထုတ်သတင်း များတွင် ဖော်ပြထားသည်။အသက်
(၅၉) နှစ်ရှိသည့်ဗိုလ်ချုပ်ကြီးစိုးဝင်းသည် ခုလက (၁၂)ရက်နေ့ ညနေ (၅)နာရီခွဲတွင် ရန်ကုန်
မင်္ဂလာဒုံ စစ်ဆေးရုံကြီးတွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီးစိုးဝင်းသည် ယခုနှစ် မတ်လအစောပိုင်းမှစ၍ စင်ကာပူအထွေထွေဆေးရုံသို့သွား
ရောက်ဆေး ကုသမှုခံယူနေပြီး သွေးကင်ဆာရောဂါခံစားနေရသည်ဟု သတင်းများထွက်ပေါ်
နေသော်လည်း ၎င်း၏ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ စစ်အစိုးရက သတင်းလျှို့ဝှက်
ထားသည်။

ဗိုလ်ချုပ်ကြီးစိုးဝင်းသေဆုံးသည့် ယခုလ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ ၀မ်းနည်းကြောင်း
အထိမ်းအမှတ် ကာလအဖြစ်သတ်မှတ်ပြီး နို်င်ငံတော်လံကိုတ၀က်လွှင့်ထူရန်လည်း နအဖအစိုးရ
က ထုတ်ပြန်ကြေညာသည်။

၎င်း၏ ရုပ်အလောင်းကို ယမန်နေ့က (၂) နာရီတွင် ရန်ကုန်မြို့ မင်္ဂလာဒုံစစ်သင်္ချိုင်းတွင်သဂြိုလ်
ကြောင်းနှင့် ယင်းဈာပနအခမ်းအနားသို့ ကြွရောက်လာသည့် သံဃာတော်ဆရာတော်ကြီးများ၏
ဘွဲ့နာမည်များကိုလည်း သတင်းတွင် အသေးစိတ်ရေးသားဖော်ပြထားသည်။

၂၀၀၄ ခုတွင် ရာထူးမှဖယ်ရှားခံရသည့် ဗိုလ်ချုပ်ကြီးခင်ညွန့်နေရာတွင် အစားထိုးခန့်အပ်ခြင်း
ခံရသူ ဗိုလ်ချုပ်ကြီးစိုးဝင်းသည် ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုတွင် ဆန္ဒပြတောင်းဆိုသူများအား
ဖြိုခွဲခဲ့သူအဖြစ် နာမည်ကြီးသည်။

စစ်ကိုင်းတိုင်းမှူးအဖြစ်၎င်းတာဝန်ယူခဲ့စဉ် ၂၀၀၃ ခု၌ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်
ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များအား ဒီပဲယင်းခရိုင်၌ တိုက်ခိုက်သတ်
ဖြတ်မှု ဖြစ်ပွားခဲ့သည်။

ဝန်ကြီးချုပ်စိုးဝင်း၏ ရာထူးနေရာတွင် အတွင်းရေးမှူး (၁) ဒု-ဗိုလ်ချုပ်ကြီးသိန်းစိန်အားမြန်မာ
နိုင်ငံ၏ ခေတ္တ၀န်ကြီးချုပ်အဖြစ်ခန့်အပ်ကြောင်း ပြီးခဲ့သည့် မေ (၁၈) တွင် စစ်အစိုးရထုတ်ပြန်
ကြေညာသည်။

ပြီးခဲ့သည့်လက ဗိုလ်ချုပ်ကြီးစိုးဝင်းအား ရိုးတွင်းချဉ်ဆီအစားထိုးကုသပေးနေသည့် အမြွှာညီ
အစ်ကိုဖြစ်သူ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်တင်ထွန်း သေဆုံးသွားပြီးနောက်
ဗိုလ်ချုပ်ကြီးစိုးဝင်းကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: