ကျောင်းသားများ သွေးချင်းဆက်၍ လှုပ်ရှားသွားမည်ဟု ၈၈ မျိုးဆက်ကျောင်းသားများ ပြောကြား

NEJ/ ၁၅ အောက်တိုဘာ ၂၀၀၇-၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် အတော်များများ အဖမ်းဆီးခံခဲ့ရသော်လည်း
ကျောင်းသားလှုပ်ရှားမှုသည် ရပ်တန့်သွားမည်မဟုတ်ဘဲ ပြည်သူများနှင့်အတူ အမှန်တရားဘက်မှ ဆက်လက် ရပ်တည်
သွားမည်ဟု ၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်သူ ကိုစိုးထွန်းက ပြောကြားသည်။၎င်းက “အခုလောလောဆယ်တော့
ကျနော်တို့က လုံခြုံရေးအရ ခေတ္တခဏငြိမ်သက်ပြီးတော့ လှုပ်ရှားမှုတွေကို ခဏငြိမ်သက်လိုက်တာပါ၊ လူထုထဲမှာ အ
ချိတ်အဆက်ရှိရှိနဲ့ ရှိနေပါတယ်။ကျောင်းသားတွေရဲ့လှုပ်ရှားမှု အရှိန်အဟုန်ဟာ ရပ်တန့်သွားမှာမဟုတ်ပါဘူး။ အခုဆို
ရင် ကျနော်တို့ရဲ့ ငြိမ်းချမ်းစွာဆန္ဒပြလှုပ်ရှားမှုကြောင့် ကျနော်တို့ရဲ့မျိုးဆက်သစ်တွေ သွေးသစ်တွေ အကုန်လုံးဟာ
သွေးချင်း ဆက်မိကြပါပြီ” ဟု ပြောသည်။

နအဖအာဏာပိုင်များက ငြိမ်းချမ်းစွာဆန္ဒပြခဲ့သူများကို လိုက်လံဖမ်းဆီးနေခဲ့ရာမှ ယခုလ (၁၃) ရက်တွင် ၈၈မျိုးဆက်
ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဌေးကြွယ် အပါအ၀င် ကျောင်းသား (၄) ဦးကို ဖမ်းဆီးခဲ့သည်။

(၁၃) ရက် နံနက်ပိုင်းတွင် ၎င်းတို့တိမ်းရှောင်ပုန်းအောင်းနေသည့် နေအိမ်ကိုစစ်အစိုးရ အာဏာပိုင်များက ၀င်ရောက်
စီးနင်းခဲ့ပြီးနောက် ကိုဌေးကြွယ်နှင့်အတူ ၈၈ မျိုးဆက်ကျောင်း သားများဖြစ်သည့် ကိုအောင်သူ၊ မမီးမီးခေါ် မသင်း
သင်းအေးနှင့် အခြားကျောင်းသားတဦးဖြစ်သည့် ဇော်ထက်ကိုကိုတို့ကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

နအဖစစ်အစိုးရက ပြီးခဲ့သည့်သြဂုတ် (၁၅) တွင် လောင်စာဆီဈေးနှုန်း တိုးမြှင့်လိုက် သောကြောင့် လူထုလမ်း
လျှောက်ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ရာတွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များကို အာဏာပိုင်များက ဖမ်းဆီးခဲ့
သည်။

ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ စသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို သြဂုတ်လအတွင်း စတင်ဖမ်းဆီးခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသော ကိုဌေးကြွယ်ကို အာဏာပိုင်များက ပိုက်စိပ်တိုက်ရှာဖွေနေရာ
မှ ဖမ်းမိသွားခြင်းဖြစ်သည်။

ကိုဌေးကြွယ်သည် တိမ်းရှောင်ပုန်းအောင်းနေရင်းမှ စစ်အာဏာရှင်များကို သံဃာတော်များ၊ ကျောင်းသားများနှင့်အတူပူး ပေါင်းတွန်းလှန်ရာတွင် ပါဝင်ရန် ပြည်သူလူထုကို တိုက်တွန်းခဲ့သူ ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုလှမျိုးနောင်နှင့် ဗမာနိုင်
ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဗဟိုစည်းရုံး ရေးကော်မတီဝင် ကျော်ကိုကိုအပါအ၀င် ကျောင်း
သား (၃) ဦးတို့ကို စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ထိုသို့ကျောင်းသားများကို ဖမ်းဆီးနေသော်လည်း ကျောင်းသားမျိုးဆက်သစ်များအနေဖြင့် တိုင်းပြည်အတွက် သမိုင်း
ပေးပခုံးပြောင်း တာဝန်ကို ဆက်လက်ယူဆောင်သွားမည်ဖြစ်ကြောင်း ကိုစိုးထွန်းက ပြောသည်။

၎င်းက “အခုကျောင်းသားအတော်များများဟာ အဖမ်းဆီးခံနေရတယ်။ ထောင်တွေထဲမှာ ထိန်းသိမ်းရေးစခန်းတွေထဲ
မှာရှိကြတယ်။ ဒါပေမယ့်ထောင်တွေကို အောင်မြေအဖြစ်မှတ်ပြီး သူတို့တွေရဲဝံ့စွာနဲ့ လှုပ်ရှားမှုတွေကို လုပ်နေကြတယ်။
ကျနော်တို့ ကျောင်းသားမျိုးဆက်တွေကို ဘယ်တော့မှနှိပ်ကွပ်လို့မရဘူး” ဟု ပြောသည်။

အလားတူ ပြည်သူများကလည်း ပစ်ခတ်နေသည့်ကြားမှ ရဲဝံ့စွာထွက်၍ ၎င်းတို့၏ဆန္ဒများကို ဖော်ထုတ်ပြသကြကြောင်း
ကိုစိုးထွန်းက ပြောသည်။

“ဒီလိုပဲ ကျနော်တို့ပြည်သူတွေမှာလည်း အဓမ္မနဲ့ ဓမ္မကို ခွဲခြားပြီးတော့ ပြတ်ပြတ်သားသားသိတဲ့ စိတ်တွေဓမ္မဘက်ကရပ် တည်ချင်တဲ့စိတ်တွေရှိနေကြပြီ၊ သူတို့တွေအဖမ်းခံရပေမယ့်လည်း ဆက်လက်လှုပ်ရှားနေကြမယ်လို့ ကျနော်တို့ယုံကြည်
တယ်” ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ရဟန်းရှင်လူ ကျောင်းသားပြည်သူများ၊ အလုပ်သမား၊ လယ်သမားအားလုံး စုစည်းညီညွတ်စွာဖြင့် ဆက်
လက်ချီတက်သွားမည်ဆိုပါက မတရားမှုကို တော်လှန်နိုင်မည်မှာ သေချာကြောင်း ၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်
သူ ကိုစိုးထွန်းက ပြောသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: