လွတ်မြောက်နယ်မြေရောက် ၈၈ မျိုးဆက်ကျောင်းသား (၂) ဦး ကိုယ်တွေ့ဖြစ်ရပ်များ ရှင်းလင်းတင်ပြ

NEJ/ ၁၅ အောက်တိုဘာ ၂၀၀၇ -တော်လှန်ရေးအင်အားစုများအားလုံး နည်းလမ်း ပေါင်းစုံဖြင့်
တပြိုင်နက်တည်း လုပ်နိုင်မည်ဆိုပါက စစ်အာဏာရှင်ကိုဖြုတ်ချနိုင်မည်ဟု ယမန်နေ့က လွတ်
မြောက်နယ်မြေသို့ရောက်ရှိလာသည့်၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုနေ၀င်းလှိုင်က
ပြောသည်။ယမန်နေ့က လွတ်မြောက်နယ်မြေတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်
ကိုနေ၀င်းလှိုင်က “မြို့ထဲမှာ လူထုတိုက်ပွဲကို ဆင်နွှဲတယ်၊ မြို့ထဲကလူတွေ တောင်းတတာရှိ
တယ်တော်လှန်ရေး အင်အားစုတွေ အကုန်လုံးဟာ တပြိုင်နက်တည်းပူးပေါင်းလုပ်ဆောင်မယ်
ဆိုရင် ဘယ်လောက်ကောင်းမလဲဆိုတာ စဉ်းစားကြတယ်။ အခုဟာက လူထုတိုက်ပွဲတခုပဲ မြို့
ထဲမှာဖြစ် နေသလို ခံစားနေရတယ်။ အဲလိုမဟုတ်ဘဲ တော်လှန်ရေး အင်အားပေါင်းစုံက နည်း
လမ်းပေါင်းစုံနဲ့ တပြိုင်တည်းလုပ်နိုင်မယ်ဆိုရင်တော့ စစ်အာဏာရှင်ကို ဖြုတ်ချနိုင်လိမ့်မယ်”ဟု
ပြောသည်။သတင်းစာရှင်းလင်းပွဲတွင် ကိုနေ၀င်းလှိုင်နှင့်အတူ ၈၈ မျိုးဆက်ကျောင်းသားတဦး
ဖြစ်သူ ကိုရဲထွန်းကျော်ကလည်း ၎င်းတို့ပါဝင်လှုပ်ရှားခဲ့သည့် စက်တင်ဘာလလူထုလှုပ်ရှားမှု
နှင့်ပတ်သက်၍ ရှင်းလင်းပြသည်။

လူထုလှုပ်ရှားမှု နောက်ထပ်ဖြစ်ပေါ်လာမည့် အချိန်ကာလကို မခန့်မှန်းနိုင်သော်လည်း ယခုအခါ
ဘာသာ သာသနာနှင့် ရဟန်းသံဃာများကိုပါ သတ်ဖြတ်လာသည့်အတွက် လူထု၏ နအဖအ
ပေါ်မုန်းတီးစိတ်သည် ၈၈ ထက်မလျော့ဘူးဆိုသည်ကို အသေအချာပြောနိုင်ကြောင်း ကိုရဲထွန်း
ကျော်က ပြောသည်။

၎င်းက “ဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေကို ပြန်ကြည့်ရင် ၈၈ မှာတုန်းက ကျောင်းသားတွေကို ရက်ရက်စက်
စက် သတ်ခဲ့တယ်။ ကျနော်တို့မသေပါဘူး။ ဆက်လက်ပြီးတော့ တော်လှန်ရေးတွေဆက်ဖြစ်နေ
တယ်။ ၉၆ နှင့် ၉၈ တွေမှာလည်း ဖမ်းတယ်၊ ဆီးတယ်။ ဒါပေမယ့် တောက်လျှောက် ဆက်လက်
ရှင်သန်နေတယ်။ လူထုကိုယ်နှိုက်ကိုက ရင်ထဲအသည်းထဲကနေ နအဖကိုမုန်းတီးနေတဲ့အတွက်
အကြောင်းရင်း တခုရလာတာနဲ့ ချက်ချင်းထပ်မံပေါက်ကွဲပြီး ဒီထက်ကြီးမားတဲ့ လူထုလှုပ်ရှားမှု
ကြီး ဆက်လက်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တယ်” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် တိုင်းပြည်တွင် တာဝန်အရှိဆုံးသူဖြစ်ပြီး ၎င်းအနေဖြင့် ကိုယ်ပေးခဲ့
သည့် ကတိနှင့်ကိုယ်လုပ်ခဲ့သည့် လုပ်ရပ်များအပေါ် တာဝန်ယူစဉ်းစားမည်ဆိုပါက နိုင်ငံအတွက်
အကျိုးရှိလိမ့်မယ်ဟု ယုံကြည်ကြောင်း ကိုရဲထွန်းကျော်က ဆက်လက်ပြောကြားသည်။

စက်တင်ဘာလူထုလှုပ်ရှားမှု၌ ကိုယ်တွေ့ဖြစ်ရပ်များကိုပြောကြားရာတွင် ကိုနေ၀င်းလှိုင်က“သိန်း
နဲ့ချီတဲ့လူထုတွေ၊ သံဃာတွေ၊ သီလရှင်တွေ အဲလိုပါဝင်ခဲ့တဲ့ မြင်ကွင်းဟာ မြန်မာ့နိုင်ငံရေးသ
မိုင်းအတွက် ၀မ်းမြောက်စရာဖြစ်တယ်။ စက်တင်ဘာ (၂၆) ရက်က အလံကိုင်ပြီးထွက်လာတဲ့
သံဃာတော်တွေကို ပြည်သူတွေ ရှိခိုးနေတာကို မြင်လိုက်ရတာဟာ မေ့မရနိုင်တဲ့မြင်ကွင်းပါ” ဟု
ဆိုသည်။

ကိုရဲထွန်းကျော်ကလည်း “ညမထွက်ရ အမိန့်ထုတ်လိုက်တဲ့ရက်မှာပဲ သံဃာတော်တွေ စုစုစည်း
စည်းချီတက်လာတဲ့ မြင်ကွင်းနဲ့ ဗုဒ္ဓဘာသာအများစု ကိုးကွယ်တဲ့ တိုင်းပြည်မှာ နအဖစစ်တပ်က
သံဃာတွေကို ရွှေတိဂုံစေတီတော် ခြေရင်းမှာ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နှိမ်နင်းခဲ့တဲ့
မြင်ကွင်းဟာဘယ်လိုမှ မေ့ပျောက်လို့ရမှာ မဟုတ်ဘူး” ဟု ပြောသည်။

ယခုရောက်လာသည့် ၈၈ မျိုးဆက်ကျောင်းသားနှစ်ဦးက မြန်မာပြည်တွင်း စစ်အာဏာရှင်စနစ်
ချုပ်ငြိမ်းသွားသည်အထိ နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ပြောကြား
သည်။

ယမန်နေ့သတင်းစာရှင်းလင်းပွဲ၌ ရဟန်းရှင်လူကျောင်းသားပြည်သူများနှင့် တော်လှန်ရေးအင်
အားစု အသီးသီးသို့ ၈၈ မျိုးဆက်ကျောင်းသားများက ပန်ကြားချက်တစောင်ထုတ်ပြန်သည်။

ထိုပန်ကြားချက်၌ အကြမ်းဖက် ခြိမ်းခြောက်နှိမ်နင်းမှုများဖြင့် လူထုတော်လှန်ရေးကို ချေမှုန်း
ဖျက်ဆီး၍ ရတော့မည်မဟုတ်ကြောင်း၊ တိုင်းပြည်နှင့်လူမျိုးကိုသာမက ဘာသာသာသနာတော်
ကိုပါ စော်ကားဖျက်ဆီးခဲ့သော နအဖအား လူထုတော်လှန်ရေးကြီး အရှိန်အဟုန်ဖြင့် ပြန်လည်
ပေါ်ပေါက်လာချိန်တွင် ရဟန်းရှင်လူကျောင်းသားပြည်သူ တရပ်လုံးနှင့် တော်လှန်ရေးအင်အား
စု အားလုံးကတိုက်ပွဲပုံသဏ္ဌာန်ပေါင်းစုံဖြင့် လူထုအောင်ပွဲရသည်အထိ စည်းလုံးညီညွတ်စွာဖြင့်
ပါဝင်ဆင်နွှဲကြပါရန် အလေးအနက်ပန်ကြားကြောင်း ဖော်ပြထားသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: