ကမ္ဘောဒီးယားနှင့်ထိုင်းနယ်စပ်တွင် မြေမြှုပ်မိုင်းများ ကင်းရှင်း -Bangkokpost / ၁၅ အောက်တိုဘာ ၂၀၀၇

ကမ္ဘောဒီးယားနှင့်နယ်စပ်ချင်းထိစပ်နေသော ထိုင်းနိုင်ငံအရှေ့ဘက် စကယောက်ပြည်နယ်၊ အရန်ရာပရထေ့ခရိုင်အတွင်း အကျယ်အ၀န်း စတုရန်းမီတာ (၃၂၀,၀၀၀) ခန့်တွင် မြေမြှုပ်မိုင်း
များ ကင်းရှင်းသွားပြီဖြစ်ကြောင်း အစိုးရမဟုတ်သည့် ထိုင်းအဖွဲ့အစည်းတခုက ယမန်နေ့တွင် ပြောသည်။ကမ္ဘောဒီးယားပြည်တွင်းစစ် (၁၉၇၅-၇၈) ကာလအတွင်း ယင်းဒေသ၌ မြှုပ်နှံခဲ့သော မိုင်းပေါင်း (၂၀၀) ခန့်ကို တွေ့ရှိ ဖျက်ဆီးနိုင်ခဲ့သည်ဟု ‘ချတ်တီချိုင်းချွန်ဟာဗန်အဖွဲ့’ အကြီးအကဲ ဆူထိကီ ယက် ဆိုဖီနစ်က ပြောခြင်းဖြစ်သည်။

“အခုဆိုရင် မိုင်းတွေရှင်းသွားပြီဖြစ်တဲ့ အဲဒီနေရာတွေမှာ ဒေသခံတွေအနေနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေကို ပြန်ပြီးတော့ လုပ်ကိုင်နိုင်ကြပြီ” ဟု မစ္စတာဆူထိကီယက်က ပြောသည်။

မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းကို ကမ္ဘောဒီးယားနယ်စပ်ရှိ ကလောင်နမ်းစိုင်နှင့် ထာခမ်း ခရိုင်ခွဲများတွင် ယခင်နှစ် မတ်လမှ စတင်ခဲ့ခြင်းဖြစ်သည်။

မိုင်းရှင်းလင်းရေးလုပ်ငန်းများအပြင် ဒေသခံများအား မိုင်းအန္တရာယ်နှင့်ပတ်သက်၍ ပညာပေး လုပ်ငန်းများကိုလည်း လုပ်ဆောင်နိုင်ရန် အဆိုပါအဖွဲ့ကို ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ (၃) သိန်း ပေးခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ယနေ့ဖော်ပြသည်။

ပြည်နယ်ဆိုင်ရာတာဝန်ရှိသူများကလည်း အဆိုပါနယ်စပ်ဒေသတွင် မိုင်းများရှင်းလင်းသွားပြီဖြစ် သောကြောင့် နယ်စပ်ဒေသဈေးကွက်တခု ဖန်တီးရန် အစီအစဉ်များပြုလုပ်လျက်ရှိသည်။

ကမ္ဘောဒီးယားစစ်ပွဲအတွင်း ခမာနီတပ်ဖွဲ့ဝင်များ အခြေချလှုပ်ရှားခဲ့သော အဆိုပါ ကလောင်နမ်းစိုင် နှင့် ထာခမ်း ခရိုင်ခွဲနှစ်ခုလုံးရှိ မြေမြှုပ်မိုင်းကြောင့် လူအများသေကြေဒဏ်ရာရမှုများရှိခဲ့ပြီး ဒေသခံအမြောက်အမြားလည်း ၎င်းတို့၏နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရကြောင်း မစ္စတာဆူထိကီယက်က ပြောသည်။

နောက်ပိုင်းတွင် ဒေသခံများအနေဖြင့် ယင်းနယ်မြေအတွင်း ပြန်လည်အခြေချကြသော်လည်း မြေမြှုပ်မိုင်းများ ကျန်ရှိနေသေးသဖြင့် မြေလွတ်များတွင် လုပ်ကိုင်စားသောက်နိုင်ခြင်းမရှိဘဲ ကလေးနှင့် သက်ကြီးများကို ချန်ခဲ့ပြီး ဘန်ကောက်နှင့် အခြားခရိုင်များသို့ သွားရောက်အလုပ် လုပ်ကိုင်ကြရသည်။

အဆိုပါ ‘ချတ်တီချိုင်းချွန်ဟာဗန်အဖွဲ့’ သည် စကယောက်ပြည်နယ်အတွင်းရှိ အခြားနယ်မြေများ တွင်လည်း အလားတူ မိုင်းရှင်းလင်းရေးလုပ်ငန်းများအား ဆက်လက်လုပ်ကိုင်သွားနိုင်ရန် ဂျပန် နိုင်ငံအပါအ၀င် အခြားနိုင်ငံများမှ အထောက်အပံ့များ ထပ်မံရရှိနိုင်ရန် ကြိုးစားလျက်ရှိသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: