မြ၀တီမြို့တွင် ဗုံးပေါက်ကွဲ၍ လူတဦးဒဏ်ရာရ

NEJ/ ၁၂ အောက်တိုဘာ ၂၀၀၇- ယနေ့ မွန်းလွဲ(၃) နာရီခွဲခန့်က ကရင်ပြည်နယ် မြ၀တီမြို့ အမှတ် (၁) ရပ်ကွက်
ချစ်ကြည်ရေးတံတားအနီးရှိ မွန်ပြည်သစ်ပါတီ မြ၀တီစီးပွားရေးတာဝန်ခံ နိုင်မြင့်အောင် ပိုင်ဆိုင်သည့် ရွှေပြည်စံရာ
တည်းခိုခန်း၌ ဗုံးပေါက်ကွဲသည်။မြ၀တီမြို့ခံ အမျိုးသမီးတဦးက “အသေအပျောက်ဘယ်လိုရှိလဲဆိုတာ လောလော
ဆယ်မသိရသေးဘူး။ အဲဒီတည်းခိုခန်းကိုအာဏာပိုင်တွေက ၀ိုင်းထားပြီး အနားကိုဘယ်သူမှပေးမသွားဘူး။ ဒီလောက် အသံကျယ်တဲ့ဗုံးဟာ အနည်းနဲ့အများတော့ ထိခိုက်မှာပဲ” ဟုပြောသည်။

မြ၀တီမြို့မှကုန်သည်တဦးက “ဒီတည်းခိုခန်းက လေးထပ်ရှိတယ်။ ပထမအထပ်မှာရှိတဲ့လူမနေတဲ့ အခန်းတခုမှာပေါက်
ကွဲတာဖြစ်တယ်။ လောလောဆယ်တော့ လူတဦးဒဏ်ရာရတာရှိတယ်” ဟုပြောသည်။

လက်ရှိအခြေအနေအရ မြ၀တီမြို့တွင် လုံခြုံရေးတိုးမြှင့်ချထားသော်လည်း ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို ပုံမှန်
အတိုင်းဖွင့်လှစ်ထားသည်။

မြ၀တီမြို့မှ သံဃာတော်တပါးက “ဘုန်းကြီးတော့ ဒီကိစ္စကို နိုင်ငံရေးမကင်းဘူးလို့ထင်တယ်။ လက်ရှိမြန်မာပြည်
အခြေအနေတွေနဲ့ ပတ်သက်ပြီး နအဖရဲ့ လုပ်ရပ်ကို မထောက်ခံတဲ့အကြောင်း အတိအလင်းပြောကြားခဲ့တဲ့ မွန်ပြည်
သစ်ပါတီနဲ့ သူ့ရဲ့ပတ်သက်ရာပတ်သက်ကြောင်းတွေကို ပြဿနာလုပ်ဖို့ ရမယ်ရှာတာပဲလို့ ထင်တယ်” ဟု မိန့်ကြား
သည်။

မြ၀တီမြို့တွင် ယခင်ကလည်း ဗုံးပေါက်ကွဲမှုများရှိခဲ့ပြီး တရားခံများအား ဖမ်းဆီးနိုင်ခြင်းမရှိဘဲ မြန်မာစစ်အစိုးရက မြန်မာအတိုက်အခံအဖွဲ့အစည်းများ၏ လက်ချက်ဖြစ်သည်ဟုစွပ်စွဲလေ့ရှိသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: