မြန်မာပြည်တွင်း မတည်ငြိမ်မှုကြောင့် ခရီးသွားလုပ်ငန်းများထိခိုက်

ကျော်ထင်(ထိုင်း) / ၁၂ အောက်တိုဘာ ၂၀၀၇-မကြာသေးမီက မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများအား အကြမ်းဖက်နှိမ်နင်းမှုများကြောင့် ထိုင်းနိုင်ငံရှိ ခရီးသွားလုပ်ငန်းများကိုလည်း ထိခိုက်ကြောင်း ဘန်ကောက်အခြေစိုက်
ခရီးသွား လုပ်ငန်းရှင်များက ပြောသည်။ခရီးသွားလုပ်ငန်းကုမ္ပဏီများတည်ရှိရာ ဘန်ကောက်မြို့၊ စီးလုံလမ်းရှိ အမည်
မဖေါ်လိုသူ လုပ်ငန်းရှင်တဦးက ပစ်ခတ်နှိမ်နင်းမှုများဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံခရီးစဉ်များကို ဖျက်သိမ်းခဲ့ကြကြောင်း၊
သို့သော် နိုဝင်ဘာလအတွက် ကြိုတင်ဝယ်ယူထားသော ခရီးစဉ်များကိုမူ ဖျက်သိမ်းခြင်းမရှိသေးကြောင်း ပြောသည်။

“သူတို့ရန်ကုန်မှာရှိတဲ့အချိန်၊ မန္တလေးမှာရှိတဲ့အချိန် ထွက်လာလို့မရမှာ စိုးရိမ်နေကြတာခင်ဗျ။ ကျနော့်ဆီမှာရှိတဲ့
Group တွေက ဒီအခြေအနေမှာ cancel လုပ်တယ်ဗျာ။ တချို့တွေကျတော့ ခရီးစဉ်ဖျက်တာမဟုတ်ဘဲ ရွေ့ဆိုင်း
လိုက်တာလည်းရှိပါတယ်။သဘောကဗျာ ဒီအောက်တိုဘာမှာ မသွားဘူး၊အကယ်၍ အားလုံးအေးချမ်းသွားပြီဆိုရင်သူ
တို့ပြန်သွားမယ် ဆိုတဲ့သဘော။ လောလောဆယ်ဖြစ်နေတဲ့ အချိန်မှာတော့ အားလုံးရပ်သွားတာပါဘဲ” ဟု ၎င်းကပြော
သည်။

မြန်မာနိုင်ငံနှင့် ဆက်သွယ်လုပ်ကိုင်နေသော ထိုင်းခရီးသွားလုပ်ငန်းများအနေဖြင့် ယခုနှစ်စတုတ္ထ (၃) လပတ်အတွင်း
(၆၀) ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်သည်ဟု ဘန်ကောက်အခြေစိုက် သုတေသနအဖွဲ့တခုဖြစ်သည့် Kasikorn
Research Center ထုတ်ပြန်ချက်ကိုကိုးကားပြီး တီအန်အေသတင်းတွင် ဖော်ပြထားသည်။

အခြားအမည်မဖေါ်လိုသူ မြန်မာလူမျိုးခရီးသွားလုပ်ငန်း လုပ်ကိုင်သူတဦးကလည်း တိုင်းပြည်အခြေအနေ မငြိမ်သက်မှု
ကြောင့် မြန်မာပြည်မှ အထွက်ခရီးသည်အပါအ၀င် အ၀င်ခရီးသည်ပါ နည်းပါးသွားခြင်းကြောင့် ယခင်နှင့်စာလျှင် သိသိ
သာသာ အရောင်းပါးသွားသော်လည်း ၎င်းတို့ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံသာမက နိုင်ငံတကာ ခရီးစဉ်များကိုပါ စီစဉ်
ပေးသည့်အတွက် ခံသာသေးသည်ဟုဆိုသည်။

၎င်းက “အခုလိုဖြစ်သွားတော့ စီးပွားရေးအရ နည်းနည်းအခက်အခဲဖြစ်သွားမှာပေါ့။ လူတွေကလည်း လုံခြုံမှုရှိမှသွားကြ
မှာပေါ့။ အခုဆိုရင် Group ရော တဦးချင်းခရီးသွားတွေရော ပျက်သွား တယ်လို့ လေကြောင်းလိုင်းတွေကလည်းပြော
တယ်။ ကျနော်တို့ဆီမှာက Local ခရီးသွားတာ သိပ်မရှိတော့ နိုင်ငံခြားသား ခရီးသည်ကိုပဲ အားထားနေရလေ။ ထိုင်း တော်တော်များများ သွားကြတာ။ ကျနော့်တို့ အတွက် စီပွားရေးအရသိပ်မကောင်းဘူးပေါ့ဗျာ” ဟုပြောသည်။

ယခင်လက မြန်မာနိုင်ငံတွင် စစ်အစိုးရကပစ်ခတ်မှုများပြုလုပ်နေစဉ်အတွင်း မြန်မာနိုင်ငံတွင်းရှိ ထိုင်းလူမျိုးများ ပြန်လာ
နိုင်ရန်အတွက် ထိုင်းအစိုးရက စစ်ဘက်လေယာဉ်များ စီစဉ်ခဲ့သော်လည်း စေလွတ်သည့်အဆင့်သို့ မရောက်ခဲ့ကြောင်း
သိရသည်။

အလားတူ ဆန္ဒပြမှုများဖြစ်ပွားနေစဉ်အတွင်း ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီ-မဲဆောက် ကုန်သွယ်ရေးဂိတ်များမှ ထိုင်း
ကုန်ပစ္စည်းတင်ပို့မှု ဘတ်ငွေသန်း (၃၀၀) ဖိုးခန့် ကျဆင်းသွားကြောင်းတပ်ခရိုင် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ အန်
ဖွန်း ကျန်ချိုင်းရလေ့ဒ် က ပြောသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: