ဓာတ်ပုံနှင့်တိုက်ပြီး လူဖမ်းရန် နအဖအာဏာပိုင်များ ညွှန်ကြား

NEJ / ၁၂ အောက်တိုဘာ ၂၀၀၇-ပြီးခဲ့သည့်လအတွင်း သံဃာတော်များနှင့် လူထုဆန္ဒပြပွဲများတွင် ပါဝင်သူများကို
ဓာတ်ပုံနှင့် တိုက်ကြည့်စစ်ဆေးပြီး ဖမ်းဆီးရန် စစ်အစိုးရအာဏာပိုင်များက ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရ
သည်။

ကျောက်တံတားမြို့နယ်၊ လမ်း (၄၀) ရှိ ရယကရုံးမှ ရယက အဖွဲ့ဝင်တဦးက “ဒီလ (၇) ရက်နေ့ က စစ်ဒေသကနေ
ညွှန်ကြားချက် ရောက်လာတယ်၊ ဓာတ်ပုံတွေပါတဲ့ စီဒီပို့ပေးမယ်။ အဲဒါ ကိုကြည့်ပြီး ကိုယ့်ရပ်ကွက်ထဲက ဘယ်သူတွေ
ပါသလဲ သိရင် ဖမ်းပေးဖို့ပါ” ဟု ပြောသည်။

ပြီးခဲ့သည့်လအတွင်း သံဃာတော်များ၏ မေတ္တာပို့လမ်းလျှောက်ပွဲတွင် ပူးပေါင်းပါဝင်သူပေါင်း သိန်းချီရှိပြီး ဆူးလေစေ
တီတ၀ိုက် ကျောက်တံတားမြို့နယ်ဝန်းကျင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရယကအဖွဲ့ဝင်ဖြစ်သူက “ကျနော်တို့ ကျောက်တံတားမြို့နယ်မှာဖြစ်တော့ မြို့နယ်ထဲက လူတွေ ပါဝင်ကြည့်ရှု
အားပေးကြမှာသေချာပါတယ်။ ဒီလိုပါဝင်ရုံနဲ့ သာမန်ပြည်သူတွေကို ဖမ်းဆီးဖို့ကိုတော့ ကျနော်တို့ ရယက အဖွဲ့ဝင်တွေ
က စိတ်မပါကြဘူး။ ဒါလောက်များတဲ့လူတွေကို ၀တ်ကျေ တမ်းကျေတော့ ဓာတ်ပုံတွေကြည့်ရမှာပဲ” ဟု ပြောသည်။

ကျောက်တံတားမြို့နယ်အတွင်း နေထိုင်သူအချို့အားအဖမ်းအဆီးများနှင့်ပတ်သက်၍မေးမြန်းရာတွင် ၎င်းတို့က ဓာတ်
ပုံနှင့်တိုက်ပြီး ဖမ်းဆီးမည်ဆိုသည်ကို ထွက်ပြေးတိမ်းရှောင်မည်မဟုတ်ကြောင်း၊ ဖမ်းမည်ဆိုပါက အဖမ်းခံရန်အသင့်ရှိ
ကြောင်း၊ တသိန်းလောက်ရှိသည့် လူအုပ်ကြီးအားလုံးကို ဖမ်းဆီးနိုင်ပါက ဖမ်းပါစေ ဂရုမစိုက်ကြောင်း ပြောဆိုသည်။

နအဖအာဏာပိုင်များက ငြိမ်းချမ်းစွာမေတ္တာပို့ စီတန်းလှည့်လည်လမ်းလျှောက်သည့် သံဃာတော်များကို ပစ်ခတ်ရိုက်
နှက်ဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီး ယခုနောက်ပိုင်းတွင်လည်း ကျောင်းတိုက်များသို့ ရက်ဆက်ဆိုသလို ညဖက်တွင် ၀င်
ရောက်ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

ရန်ကုန်မြို့ရှိ ကျောင်းတိုက်တတိုက်မှ သံဃာတော်တပါးက “ညပိုင်းတွေမှာဖမ်းတာ။ အိပ်ကောင်းတဲ့ အချိန်သန်းခေါင်
ယံ မနက်သုံးနာရီ လေးနာရီအချိန်မျိုးတွေမှာဖမ်းတာ။ ဟိုတနေ့ကဆို ရွှေတောင်နဲ့ သိမ်ကုန်းကျောင်းတိုက်တွေကို
ဝင်သွားတယ်။ ဘယ်ကျောင်းရယ်ဆို မဟုတ်တော့ဘူး ဓာတ်ပုံနဲ့ ကြည့်ပြီး ဓာတ်ပုံထဲမှာပါတာ လိုက်ဖမ်းနေတာ။ ဘာ
မှမပြောဘူး ခေါ်သွားတာပဲ” ဟု မိန့်ကြားသည်။

ယခုလက်ရှိအခြေအနေအထိ အဖမ်းအဆီးများ လျှော့မသွားသေးဘဲ ဆုတောင်းဆန္ဒပြရာတွင်ပါဝင်သည့် သံဃာတော်
များအပါအ၀င် ကျောင်းသားပြည်သူများကို ပိုက်စိပ်တိုက်ရှာဖွေ ဖမ်းဆီးနေကြောင်းသိရသည်။

လသာမြို့နယ်တွင်နေထိုင်သူ ကျောင်းဆရာတဦးက “သံဃာတွေကို ဖမ်းတာကလည်း အသက်(၆) နှစ် (၇) နှစ်အ
ရွယ်ကိုရင်ငယ်လေးတွေတောင်ပါတယ်။ အခုနောက်ပိုင်းဆို သံဃာတွေကို ရေကပ်တဲ့သူ၊ ဆွမ်းကပ်တဲ့သူတွေတင်မက
သံဃာထုနဲ့အတူလိုက်ပါတဲ့ လူတွေကိုပါ ဖမ်းဆီးမယ်ဆိုတဲ့သဘောပဲ။ ဒါကိုကြည့်ရင်စစ်အစိုးရက ပြည်သူတွေကို ရန်
သူလို သဘောထားနေတာ ထင်ရှား တယ်။ ဒီလိုအစိုးရမျိုးက စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံဆီ သွားမယ်ဆို
တာ လုံးဝယုံကြည်စရာ မရှိဘူး” ဟု ပြောသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ၏ ယခုလ (၁၁) ရက်အထိ စုဆောင်းရရှိထား
သော စာရင်းအရ ပြီးခဲ့သည့်သြဂုတ်မှ စတင်သော သံဃာတော်များနှင့် လူထုပါဝင်သည့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်
လှုပ်ရှားမှုတွင် ပါဝင်သူများအနက် (၅၀၀) ကျော် အဖမ်းဆီးခံနေရပြီး (၁၂) ဦးသေဆုံးကာ ပျောက်ဆုံးသူ (၄၀) ဦး
ရှိကြောင်း သိရှိရသည်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: