ဂျပန်ကျောင်းသားတဦး အီရန်တွင်ပြန်ပေးဆွဲခံရ -Agencies / ၁၂ အောက်တိုဘာ ၂၀၀၇

အီရန်နိုင်ငံအရှေ့တောင်ဘက်တွင် ဂျပန်ကျောင်းသားတဦး ပြန်ပေးဆွဲခံခဲ့ရကြောင်း ဂျပန်နိုင်ငံခြား ရေးဝန်ကြီးဌာနက ပြောကြားသည်။ဆာတိုရှီ နာကာမူရာ အသက် (၂၃) နှစ်သည် ပြီးခဲ့သည့် တနင်္လာနေ့တွင် ပြန်ပေးဆွဲခံရခြင်း ဖြစ်သည်။

ပြန်ပေးဆွဲခံထားရသူ ဂျပန်ကျောင်းသားသည် အဆိုပါနေ့က ၎င်းတည်းခိုနေသော အီရန်အရှေ့ တောင်ဘက် ခါမန်ပြည်နယ်အတွင်းရှိ ဘမ်းမြို့မှတဆင့် နိုင်ငံခြားသားခရီးသည်များ လည်ပတ် လေ့ရှိသော ရှေးဟောင်းဘမ်းခံတပ်သို့အသွား အဖမ်းခံရခြင်းဖြစ်ကြောင်း အီရန်အစိုးရသတင်း ဌာနက ဖော်ပြသည်။

ပြန်ပေးဆွဲမှုကျူးလွန်သူသည် လက်နက်ကိုင်အုပ်စုတစု၏ခေါင်းဆောင် ရှာဘားရှ်ဆိုသူဖြစ်ပြီး မကြာသေးမီက အီရန်အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသော ၎င်း၏သားနှင့် ဂျပန်ကျောင်းသား အား အလဲအလှယ်ပြုလုပ်ရန်ဖြစ်ကြောင်း အီရန်ရဲဌာနအားကိုးကား၍ Fars သတင်းဌာနက ယမန်နေ့တွင် ဖော်ပြသည်။

ဂျပန်ကျောင်းသားသည် ယခုအခါ ကောင်းမွန်စွာရှိနေသော်လည်း ပြန်ပေးဆွဲသူများက ၎င်းအား ဘမ်းနယ်မြေအတွင်းမှ ပါကစ္စတန်၊ အာဖဂန်နစ္စတန်တို့နှင့် နယ်စပ်ချင်းထိစပ်နေသော အီရန် အရှေ့တောင်ဘက် စစ္စတန်-ဘာလူချက်စတန် ပြည်နယ်အတွင်းသို့ ပြောင်းရွှေ့ခေါ်ဆောင် သွားပြီဖြစ်သည်။

ပြန်ပေးဆွဲမှုဖြစ်ပျက်ခဲ့သော နေရာနှင့် အဆွဲခံရသူအား မည်သည့်နေရာတွင်ထားသည်ကို အီရန်အစိုးရက အတိအကျ သိရှိထားကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး မာဆာဟီကို ကိုမူရာက သတင်းထောက်များကို ပြောသည်။

ပြန်ပေးဆွဲခံရသူသည် ဂျပန်နိုင်ငံ ယိုကိုဟားမားအမျိုးသားတက္ကသိုလ်တွင် လူမှုရေးဆိုင်ရာ ဘာသာရပ်ကို ဆည်းပူးနေသော နောက်ဆုံးနှစ်ကျောင်းသားဖြစ်ပြီး ကျောင်းမှခွင့်ယူထား၍ ပညာရေးဆိုင်ရာလူမှုဝန်ထမ်းအဖွဲ့တဖွဲ့တွင် ပါဝင်လှုပ် ရှားနေသူဖြစ်ကြောင်း အဆိုပါတက္ကသိုလ်မှ တာဝန်ရှိသူ နာအိုမီ အီရှိမိုဒါက ပြောသည်။

၎င်းသည် နီပေါတွင် အင်္ဂလိပ်နှင့် ဂျပန်စာများကို (၂) လကြာ အခမဲ့သင်ကြားပေးခဲ့ပြီးနောက် အီရန်နိုင်ငံသို့ ပါကစ္စတန်နိုင်ငံမှတဆင့် ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။

ဂျပန်အစိုးရပြောခွင့်ရသူ နိုဘူတာကာ မာချီမူရာက “အခုအဖြစ်အပျက်ဟာ အလွန်ဆိုးရွားတဲ့ ကိစ္စဖြစ်ပါတယ်။ ကျနော် တို့အနေနဲ့ ကျနော်တို့ရဲ့နိုင်ငံသားကို ဘေးရန်ကင်းကင်းနဲ့ ပြန်ခေါ်နိုင်ဖို့ ဦးစားပေးလုပ်ငန်းတခုအနေနဲ့ အစွမ်းကုန်ကြိုး စားသွားမှာဖြစ်ပါတယ်” ဟု ပြောသည်။

ယခုအခါ ဂျပန်နိုင်ငံခြားရေး ဒု- ၀န်ကြီး အစ်ဆုနိုရီ အိုနိုဒါရာ ကိုယ်တိုင်ဦးဆောင်၍ အထူးအဖွဲ့တဖွဲ့ ဖွဲ့စည်းပြီး ပြန်ပေးဆွဲမှုအားဖြေရှင်းနိုင်ရန် လုပ်ငန်းများကို စတင်နေပြီဖြစ်သည်။

ဂျပန်ကျောင်းသားအား ပြန်ပေးဆွဲသွားသူ လက်နက်ကိုင်ခေါင်းဆောင် ရှာဘားရှ်သည် ပြီးခဲ့သည့် သြဂုတ်လအတွင်း ကလည်း ဘယ်လ်ဂျီယံနိုင်ငံသား ခရီးသွားနှစ်ဦးကို ဖမ်းဆီးငွေညှစ်တောင်းခံ ခဲ့ဖူးသူဖြစ်သည်။ နောက်ပိုင်းတွင် ခရီးသွား နှစ်ဦးစလုံး ပြန်လည်လွတ်မြောက်ခဲ့သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: