နအဖကိုဘက်ပေါင်းစုံမှ တိုက်မည်ဟု ကေအန်အယ်လ်အေ ပြောကြား

NEJ/ ၁၁ အောက်တိုဘာ ၂၀၀၇-မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲနှင့် အစိုးရအပြောင်း
အလဲဖြစ်စေရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ)အနေဖြင့်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ စစ်မဟာ မိတ်အဖွဲ့အစည်းများ၊ အခြားမဟာမိတ်
အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ အရှိန်အဟုန်မြှင့် တိုက်ပွဲဝင်သွားမည်ဟုပြောသည်။ယမန်နေ့က
ပြီးဆုံးသွားသည့် ကေအန်အယ်လ်အေ စစ်ဌာနချုပ် (၆) လပတ် အစည်းအဝေး အပြီးတွင်ကေ
အန်အယ်လ်အေ ဒု-စစ်ဦးချုပ် ဗိုလ်ချုပ် စောဖလဲခို့ (အော်လီဗာ) က ပြောက်ကျား စစ်အပါအ
ဝင်နိုင်ငံရေး၊ သံတမန်ရေးတို့ကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ပြောသည်။၎င်းက “တိုင်းပြည်
မှာ ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးရဖို့အတွက် တွေ့ဆုံဆွေးနွေးရေး မလိုလားတဲ့ နအဖကို
လက်နက်ကိုင်နည်းလမ်းအပြင် အခြားနည်းလမ်းတွေနဲ့လည်း ဖိအားပေးလုပ်ဆောင်သွားဖို့ဖြစ်
တယ်” ဟု ပြောသည်။

ကေအန်အယ်လ်အေအစည်းအဝေးကို ယခုလ (၈) ရက်မှ (၁၀) ရက်အထိ ကရင်အမျိုးသား
အစည်းအရုံး အခြေခံဒေသတနေရာတွင် ကျင်းပခဲ့ပြီး တပ်မဟာအသီးသီးမှ တပ်မဟာမှူးများ
နှင့် အဆင့်မြင့်အရာရှိများ၊ ဗဟိုအထူးတပ်ရင်းများမှ အရာရှိများ စုံညီစွာ တက်ရောက်ခဲ့ပြီး
အဆိုပါ အစည်းအဝေးမှ ခံစစ်ရှင် ပြောက်ကျားစနစ်ကို အရှိန်မြှင့်ဆောင်ရွက်သွားရန် ဆွေး
နွေးသဘောတူညီခဲ့ကြသည်။

ကေအန်အယ်လ်အေ ရှေ့လုပ်ငန်းစဉ်နှင့် ပတ်သက်၍ မဟာမိတ်အဖွဲ့အစည်းများမှလည်း သ
ဘောထားများ ထုတ်ဖော်ခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက“လက်
နက်ကိုင်ဖြစ်တဲ့ နအဖဟာ သူ့ကို လက်နက်နဲ့ ဒုက္ခပေးနိုင်တဲ့လူကို ဂရုစိုက်အလေးထားတဲ့
သဘောရှိတယ်။ သူတို့ကို ဘက်စုံဖိအားပေးမှု အချိန်ကိုက်အစွမ်းကုန်မြှင့်တဲ့အချိန်မှာ မ
လျော့တဲ့ဇွဲနဲ့ ကိုယ့်ဖက်က တာဝန်ကျေကျေနဲ့ ဖိအားဆက်ပေးဖို့လိုတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ဥက္ကဋ္ဌ ကိုသံခဲက “ဒီမိုကရေစီ
အရေး၊ အမျိုးသားရေး တန်းတူရေးအတွက် တိုက်ပွဲဝင်နေတဲ့ မဟာမိတ်အဖွဲ့တွေဟာ ဒီနေ့
အခြေအနေမှာ အဖက်ဖက်ကနေပြီး အတူတကွလက်တွဲ ဆောက်ရွက်နေရတဲ့ ကာလဖြစ်
တော့ ကျနော်တို့ အားလုံးဟာလည်း အရှိန်အဟုန်မြှင့်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်”
ဟု ပြောသည်။

ကေအန်အယ်လ်အေ စစ်ဌာနချုပ် တပ်မှူးများ လပတ်အစည်းအဝေးကို (၆) လတကြိမ် ကျင်းပ
သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: