ကြံမစိုက်သူများကို အာဏာပိုင်များက အမှုဆင် ဖမ်းဆီးထောင်ချ

ချမ်းလွန် / ၁၀ အောက်တိုဘာ ၂၀၀၇-မကွေးတိုင်း အောင်လံမြို့နယ်တွင် တောင်ယာစိုက်ပျိုးသူဒေသခံ (၃၀) ကျော်
ကို နအဖအာဏာပိုင်များက ၀တ္တရားနှောင့်ယှက်မှုဖြင့် ဖမ်းဆီးထောင်ချလိုက်သည်။အောင်လံမြို့နယ်ရှိ နအဖစစ်အစိုး
ရပိုင် ရုံးဆိတ်အမှတ်(၅)သကြားစက်ရုံနှင့် သစ်တောဌာနတို့ပူးပေါင်းကာ ညောင်ပင်ဝိုင်းရွာမှ ကြံမစိုက်လိုသူ တောင်သူ
(၃၁) ဦးကို ယခုလ (၂) ရက်တွင် ဖမ်းဆီးလိုက်ပြီး နောက်တနေ့တွင် သရက်ထောင်သို့ ပို့ဆောင်ချုပ်နှောင်လိုက်
ကြောင်း ဒေသခံတဦးက ပြောသည်။

၎င်းက “သကြားစက်ကနေပြီးတော့ မြေထိုးစက်ကြီးတွေနဲ့ ယူကလစ်ပင်တွေကို ထိုးတယ်။ အဲဒါ ယူကလစ်ပင်လေအ
လွင့်အပြတ်တွေကို တောင်သူတွေက အသုံးအဆောင်အဖြစ်နဲ့ မိမိအိမ်ကို ထင်းအဖြင့်နဲ့ သုံးစွဲတယ်ပေါ့ဗျာ။ ဒါကို သ
ကြားစက်နဲ့ သစ်တောက အမှုဆင်ဖမ်းတဲ့ သဘောပေါ့ဗျာ၊ သူတို့ရဲ့ပိုင်ဆိုင်မှု မြေထဲကို တောင်သူတွေက ၀င်ပြီးတော့ ခုတ်ယူသွားတဲ့ပုံစံမျိုးပေါ့ဗျာ”ဟု ပြောသည်။

နအဖစစ်အစိုးရက ယင်းဒေသ၌ ၁၉၉၀ ခုတွင် စိမ်းလန်းစိုပြေရေးစီမံချက်စတင်ပြုလုပ်ခဲ့ပြီး ယင်းစီမံကိန်းအရ အောင်
လံမြို့နယ်ရှိ သမ္ဘူလ-ရွှေဘန်းဒေါကားလမ်းနံဘေး ညောင်ပင်ဝိုင်း ရွာမြောက်ဖက်၊ ရေပေါ်ရွာ အရှေ့ဖက်ရှိ တောင်
သူလယ်သမားများ၏ ဘိုးဘွားပိုင်မြေများကို သစ်တောဌာနက သိမ်းဆည်း၍ ယူကလစ်ပင်များကို စိုက်ပျိုးခဲ့သည်။

ထိုမှတဆင့် ယင်းမြေများကို သကြားစက်ရုံအားလွှဲပြောင်းပေးလိုက်ကြောင်း၊ သကြားစက်ရုံက မြေကွက်များကို တောင်
သူလယ် သမားများအား တဧကလျှင် (၃) ထောင်ကျပ်မှ (၅) ထောင်ကျပ်အထိ ပြန်လည်အငှားချ၍ အတင်းအဓမ္မ
ကြံစိုက်ခိုင်းကြာင်း အဆိုပါဒေသခံကပြောသည်။

၎င်းက “တောင်သူတွေကလည်း ဒီကြံကို စိက်မ၀င်စားဘူးဗျ။ သူတို့စိတ်ဝင်စားတာက ပဲတီစိမ်းတို့ဝါတို့ ပဲစိုက်ချင်တာ
ကိုး၊ လတို သီးနှံဆိုတော့ စားစရာသောက်စရာ ရှိတာပေါ့ဗျာ။ ကြံလိုမျိုး တနှစ်ကြာစောင့်ရမယ်ဆိုတော့ တောင်သူတွေ
က ထမင်းငတ်သေရင်သေဖို့ပဲရှိတယ်” ဟုပြောသည်။

ခရိုင်ရဲများ၊ ကျောက်ပန်းတောင်းမြို့နယ်ရဲများ၊ အောင်လံမြို့နယ်မှူးနှင့် သစ်တောဌာနအပါအ၀င် မီးသတ်များက ယခုလ
(၃) ရက်နေ့ည (၁၂) နာရီခန့် တွင် ညောင်ပင်ဝိုင်းရွာကို ၀င်စီးပြီး လူများအား ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ
ကပြောသည်။

ယင်းဖမ်းဆီးထားသည့်သူများကို တဦးလျှင်ကျပ်ငွေ (၁) သိန်းပေးလျှင် လွှတ်ပေးမည်ဟု အာဏာပိုင်များက ပြော
ကြောင်း၊ သို့သော် တောင်သူများက မပေးနိုင်သဖြင့် သရက်ထောင်သို့ ပို့ဆောင်ချုပ်နှောင်ခံရခြင်းဖြစ်ကြောင်း ဒေသ
ခံများက ပြောသည်။

ယခုဖမ်းဆီးခံရသူများထဲတွင် အသက် (၁၈) နှစ်အောက် လူငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး အပါအ၀င်
အမျိုးသမီး (၈) ဦးပါကြောင်းသိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: