၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် (၁) ဦးထပ်မံဖမ်းဆီးခံရ

NEJ/ ၁၀ စက်တင်ဘာ ၂၀၀၇-၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုလှမျိုးနောင်ကို ယနေ့နံနက်က အာဏာပိုင်
များက ဖမ်းဆီးလိုက်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားတဦးက ပြောသည်။

ယနေ့နံနက် (၁၁)နာရီခန့်က စမ်းချောင်းမြို့နယ်ရှိ Neo Vision ဆေးခန်းသို့မျက်စိဆေးကုရန်အသွား ဖမ်းဆီးလိုက်
ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ ဆေးခန်းသို့လိုက်ပါသွားသူ မသရဖီလည်း ဖမ်းဆီးခံရသည်ဟု သိရသည်။

ကိုလှမျိုးနောင်သည် မျက်စိဝေဒနာခံစားနေရသူတဦးဖြစ်ပြီး အချိန်မီ ခွဲစိပ်ကုသမှုမပြုလုပ်ပါက မျက်စိနှစ်ဘက်စလုံး
ကွယ်သွားနိုင်သည်ဟု ဆရာဝန်၏ သတိပေးခြင်းခံထားရသူဖြစ်သည်။

“သူ့မျက်စိကလည်း လုံးဝမကောင်းတော့ဘူး။ ဒီနှစ်ရက်သုံးရက်အတွင်း ခွဲရင်ခွဲ၊ မခွဲလို့ရှိရင် မျက်စိကွယ်သွားနိုင်တဲ့အ
ခြေအနေရှိတယ်။ ဒါကြောင့်မို့လို့ မဖြစ်မနေထွက်ပြီးသွားရတာ” ဟု၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်သူ ကိုအောင်သူ
ကပြောသည်။

စစ်အစိုးရက မင်းကိုနိုင်အပါအ၀င် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် (၁၅) ဦးကို ပြီးခဲ့သည့် သြဂုတ်လ ကတည်း
က ဖမ်းဆီးထားပြီး ၎င်းတို့အား ပြန်လွှတ်ပေးရန် နိုင်ငံတကာက တောင်းဆို နေသည့်ကြားမှ ပြန်မလွှတ်ပေးသည့်အပြင် ထပ်မံဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။ ကျန်ရှိသည့် ၈၈ မျိုးဆက်ကျောင်းသားများသည်လည်း ထွက်ပြေးတိမ်း
ရှောင်နေကြရသည်။

ယမန်နေ့ကလည်း အသစ်ပြင်ဆင်ဖွဲ့စည်းထားသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ဗဟိုစည်းရုံးရေးကော်မတီဝင် ကျော်ကိုကို (စီးပွားရေးတက္ကသိုလ်)၊ စည်သူမောင် (စီးပွားရေးတက္ကသိုလ်) နှင့် မဟန်နီဦး (အရှေ့ပိုင်းတက္ကသိုလ်) တို့ ဖမ်းဆီးခံရသည်။

ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးနေရုံဖြင့် ကျောင်းသားလှုပ်ရှားမှု ရပ်တန့်သွားမည် မဟုတ်ကြောင်း၊ကျောင်း
သား များလွတ်မြောက်ရေးနှင့် မြန်မာပြည်လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဗကသ
နိုင်ငံခြားရေးရာ ကော်မတီက ယမန်နေ့က ထုတ်ပြန်ကြေညာသည်။

ပြီးခဲ့သည့် လအတွင်း သံဃာတော်များနှင့်ပြည်သူလူထုတို့၏ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သည့် လှုပ်ရှားမှုတွင်ပါဝင်သူများ
ကို ရန်ကုန်မြို့အတွင်း၌ နေ့စဉ်ဆိုသလို ဖမ်းဆီးနေပြီး ၈၈ မျိုးဆက် ကျောင်းသားများနှင့်ပတ်သက်သူများ၊ သံဃာတော်
များကို ပိုက်စိတ်တိုက်ဖမ်းဆီးနေကြောင်း သိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: