ဒေါ်အောင်ဆန်းစုကြည်နှင့်ဆက်သွယ်ရန် ဆက်ဆံရေးဝန်ကြီးတဦးကို နအဖ ခန့်အပ်

ပီတာအောင်/ ၉ အောက်တိုဘာ ၂၀၀၇-ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖစစ်အစိုးရတို့အကြား ဆက်သွယ်ဆောင်ရွက်
ရန် အလုပ်သမားဒု-၀န်ကြီး ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးအဖြစ်ခန့်အပ်ကြောင်း နအဖစစ်အစိုးရက ထုတ်ပြန်
ကြေညာ သည်။ထိုသို့ခန့်အပ်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဘရာဟမ် ဂမ်ဘာ
ရီက ပြီးခဲ့သည့် သီတင်းပတ် မြန်မာနိုင်ငံသို့ရောက်ရှိစဉ် အကြံပေးခဲ့ခြင်းဖြစ်ပြီး ထိုအကြံပြုချက်ကို လေးစားသောအား
ဖြင့်ဒေါ်အောင်ဆန်းစုကြည်နှင့် နောင်တွင်လုပ်ငန်းများ ဆက်သွယ်ဆောင်ရွက်ရန် ဦးအောင်ကြည်ကို တာဝန်ပေးသည်
ဟု ယနေ့ထုတ်မြန်မာ့အလင်းသတင်း စာ၌ ပါရှိသည်။

ယင်းအမိန့်ကို အောက်တိုဘာ (၈) နေ့စွဲဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးကြီး
သန့်ရှင်းက ထုတ်ပြန်ခြင်းဖြစ်ပြီး ဦးအောင်ကြည်အနေဖြင့် မည်သည့်အချိန်မှစတင်၍ ဒေါ်အောင်ဆန်းစုကြည်နှင့်ဆက်
သွယ် ဆောင်ရွက်မည်ကိုမူ မသိရှိရသေးချေ။

နအဖစစ်အစိုးရ၏ ယခုကဲ့သို့ ဆောင်ရွက်မှုကို ရှေ့တိုးလုပ်ဆောင်ချက်တရပ်အဖြစ် ရှုမြင်ကြောင်း အမျိုးသားဒီမိုက
ရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးဥာဏ်ဝင်း ကပြောသည်။

၎င်းက “သိပ်အသေးစိတ်တော့ ကျနော်တို့မသိသေးဘူး။ ဒါပေမယ့်လို့ ခုဒီအခြေအနေမှာတော့ လုပ်ရိုးလုပ်စဉ်ထက်
ရှေ့တလှမ်းတော့တိုးလာတာပေါ့။ အဲဒီသဘောတော့မြင်ပါတယ်။ တွေ့ဆုံဆွေးနွေးရေးကို အလေးအနက်ထား လုပ်
ဆောင်လာ တယ်ဆိုတဲ့ အဲသလိုထင်မြင်ချက်တော့ ကျနော်တို့မပေးချင်ဘူးဗျ။ ဘာဖြစ်လို့လဲဆို အခုမှစသွားနေတာ။
အရင်တုန်းက ဆက်ဆံရေး အရာရှိဆိုပြီး တရားဝင်မရှိခဲ့ပါဘူး။ တရားဝင်အခုလိုမျိုးထားလာတာ ပထမဆုံးလို့ ပြော
လို့ရပါတယ်” ဟုပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်လက်ထက်က ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရအကြား ဆက်သွယ်ဆောင်ရွက်ပေး
သည့်လုပ်ငန်း များကို နအဖစစ် ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးချုပ်သန်းထွန်းက ဆောင်ရွက်ခဲ့ဖူးသည်။

ဆက်ဆံရေးဝန်ကြီးဖြစ်လာသူ အငြိမ်းစားဗိုလ်ချုပ် ဦးအောင်ကြည်သည် စစ်ဦးစီးတက္ကသိုလ်၌ သင်တန်းဆရာတဦး အဖြစ်လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေး ဒု-၀န်ကြီးအဖြစ်လည်းကောင်းတာဝန်ထမ်းဆောင်ခဲ့ဖူးပြီး နိုင်ငံတကာအဖွဲ့
အစည်းများနှင့် ဆက်ဆံရာတွင် ပြေပြေပြစ်ပြစ် ဆက်ဆံနိုင်သူတဦးဖြစ်သည်ဟု ထိုင်းနိုင်ငံချင်းမိုင်မြို့ အခြေအစိုက်
အရပ်ဘက် စစ်ဘက်ဆက်ဆံရေး လေ့လာသူ ဦးဝင်းမင်းကပြောသည်။

၎င်းက “သူ့ကိုခန့်တာတော့ကောင်းပါတယ်။ တခြားဗိုလ်ချုပ်တွေထက်စာရင်တော့ သူက ဆက်ဆံရေး ပိုပြီးတော့ ပြေ
ပြစ်ပြီး အဖြေရအောင်ရှာတတ်တဲ့ ပူးပေါင်းဆောင်ရွက်တတ်တဲ့လူမျိုးဖြစ်တယ်။ အထက်အရာရှိကို နားပေါက်အောင်
လည်းပြောနိုင်တယ်” ဟုပြောသည်။

ဦးအောင်ကြည်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ထံ အမြန်ဆုံးသွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားလို
သည့်စကားများကို ဗိုလ်ချုပ်မှူးကြီးထံ တိုက်ရိုက်ပေးပို့၍ လုပ်ငန်းစဉ်စတင်သင့်ကြောင်း၊ ထိုသို့မလုပ်ဆောင်ပါကတွေ့
ဆုံဆွေးနွေးရေး တကယ်ဖြစ်မြောက်စေလိုသည်ထက် နိုင်ငံတကာဖိအား လျော့ချရေးအတွက် လုပ်ဆောင်ခြင်းသက်
သက်သာ ဖြစ်သွားမည်ဟုဦးဝင်းမင်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိပ်တိုက်ရင်ဆိုင်မှုနှင့် စီးပွားရေးပိတ်ဆို့မူတို့ကို စွန့်လွှတ်ပါက တိုက်ရိုက် တွေ့ဆုံ
စကားပြောမည်ဟု နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ထုတ်ဖော်ကြေ
ညာထားပြီး ယင်းကမ်းလှမ်းချက်အပေါ် ဒေါ်အောင်ဆန်း စုကြည်ဘက်က မည်သို့သဘောထားရှိသည်ကိုမူ မသိရှိရ
သေးချေ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: