ကွာလာလမ်ပူ အမေရိကန်သံရုံးရှေ့တွင် အသံတိတ်ပိုစတာ ဆန္ဒပြပွဲပြုလုပ်

ကျော်ထင်(ထိုင်း) / ၉ အောက်တိုဘာ ၂၀၀၇-မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ အမေရိကန်
သံရုံးရှေ့တွင် မလေးရှားနိုင်ငံရောက် မြန်မာ့ဒီမို ကရေစီရေးလှုပ်ရှားသူများက ပိုစတာများကိုင်
ဆောင်၍ အသံတိတ် ဆန္ဒပြထုတ်ဖော်မှုတခုကို ယနေ့ ပြုလုပ်ခဲ့ကြသည်။အမေရိကန်သံရုံးတာ
ဝန်ရှိသူများထံသို့ လက်ရှိဖြစ်ပေါ်နေသောအခြေအနေများကို နအဖမှ မထိန်းသိမ်းနိုင်ကြောင်း၊
ထို့အပြင် သံဃာများဦးဆောင်သည့် ဒုတိယတော်လှန်ရေး လှုပ်ရှားမှုကိုလည်း အဆုံးရှုံးမခံနိုင်
သောကြောင့် လိုအပ်သော ပံ့ပိုးကူညီမှုများပေးရန်နှင့် နအဖ၏လမ်းပြမြေပုံကို လက်မခံကြရန်
တောင်းဆိုချက်များပါဝင်သော မေတ္တာရပ်ခံစာတစောင်ကို ပေးအပ်ခဲ့ကြောင်း မြန်မာဒုက္ခသည်
များအစည်းအရုံး (မလေးရှား) အတွင်းရေးမှူး ဒေါက်တာ ဒေါ်မြနုခိုင်က ပြောသည်။၎င်းက “ပို
စတာတွေမှာ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းကအခြေအနေက ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ သေဆုံးမှု
တွေ များနေတဲ့အတွက် ရပ်တန့်ပေးဖို့ အကူအညီတောင်းတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ယူအန်
ကိုလည်း ယူအန် Troop တွေ (ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့) ၀င်သင့်ပြီလို့
အသေအပျောက်နည်းအောင်လို့ ယူအန် Troop တွေဝင်ပေးပါလို့ ရေးပါတယ်။ Military
centerရဲ့ International Bank Account ထုတ်ယူခွင့်မပေးဖို့ လည်း တိုက်တွန်းထား
တဲ့ ပိုစတာတွေလည်း ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ကြပါတယ်” ဟု ပြောသည်။

မလေးရှားနိုင်ငံရှိ အထွေထွေသပိတ်ကော်မတီမှ အမေရိကန်သံရုံးနှင့် ကုလသမဂ္ဂရုံးရှေ့ တို့
တွင် အလားတူ လှုပ်ရှားမှုမျိုးပြုလုပ်ရန် နိုင်ငံပေါင်း (၃၀) ကျော်တွင် နေထိုင်ကြသည့် မြန်မာ
နိုင်ငံသားများနှင့်ဆက်သွယ်ခဲ့ပြီး (၁၈) နိုင်ငံမှ လုပ်ဆောင်မည်ဟု သဘောတူညီချက်ရရှိထား
ပြီဖြစ်ကြောင်း သိရသည်။

“ကျမတို့ ဒီလို ယူအက်စ်သံရုံးရှေ့မှာ လာရောက်ကြတာက ကိုယ့်တိုင်းပြည်ကို အကြမ်းဖက်တဲ့
သဘောတွေဖြစ်နေတာကို ဆန္ဒပြရတာပါ။လုပ်သင့်လိုက်ထိုက်တာတခုကို လုပ်လိုက်တယ်ဆိုတဲ့
ပီတိမျိုးတော့ ဖြစ်ပေါ်နေပါတယ်။ ဆက်လက်ပြီးတော့လည်းကြိုးစားပြီး တခြားနည်းလမ်းတွေနဲ့
လည်း ခေါ်ထုတ်ဖို့အစီအစဉ်တွေလည်းရှိပါတယ်” ဟု ဒေါက်တာ ဒေါ်မြနုခိုင်က ပြောသည်။

အထွေထွေသပိတ်ကော်မတီ တာဝန်ရှိသူတဦးဖြစ်သည့် ဦးတင်အေးက “သံရုံးတာဝန်ရှိပုဂ္ဂိုလ်
ဖြစ်တဲ့ သံအမတ်ကြီးကိုယ်တိုင်က ၀မ်းသာလှိုက်လှဲစွာနဲ့လက်ခံပြီးတော့ ဒီမေတ္တာရပ်ခံစာကို
အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်မှာရှိတဲ့ သမ္မတဘုရှ်ဆီကို အမြန်ဆုံး တိုက်ရိုက် အစီရင်ခံ
ပေးပါမယ်လို့ ကတိပေးပါတယ်” ဟု ပြောသည်။

“ဖြစ်နိုင်တဲ့နည်းလမ်းတခုခုကိုသုံးပြီး အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့၊ ယူအန်ကိုရော၊ယူ
အက်စ်ကိုပါ ကျနော်တို့ကတောင်းဆိုတာပါ။ ပြင်းထန်တဲ့ Action တခုနဲ့ပေါ့နော်၊ ထိရောက်တဲ့
အရေးယူ ဆောင်ရွက်မှုပေါ့နော်။ ကျနော်တို့တိုင်းပြည်ဒီလောက် အခြေအနေဆိုးကြီးကျရောက်
နေတာကို ကမ္ဘာ့မိသားစု၊ နိုင်ငံတကာမိသားစုက ထိရောက်တဲ့ အရေးယူတုံ့ပြန်မှုကိုမပြုလုပ်ဘူး
ဆိုရင် ယူအက်စ်အပါအ၀င် ကမ္ဘာ့မိသားစုအနေနဲ့ တာဝန်မဲ့ရာရောက်ပါလိမ့်မယ်” ဟု ဦးတင်
အေးက ပြောသည်။

အသံတိတ်ပိုစတာ ဆန္ဒပြပွဲတွင် မလေးရှားနိုင်ငံရှိ နိုင်ငံတကာတက္ကသိုလ်တွင် ပညာသင်ကြား
နေကြသော မြန်မာကျောင်းသားများအပါအ၀င် ဒီမိုကရေစီရေးလှုပ်ရှားသူ (၅၀၀) ကျော်ပါဝင်
ခဲ့ပြီး မလေးရှားရဲတပ်ဖွဲ့မှ ဆန္ဒပြချိန် မိနစ် (၂၀) သာခွင့်ပြုခဲ့ကြောင်း သိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: