ပြည်ပမီဒီယာများအားတိုက်ခိုက်မှုအပေါ် မြန်မာသတင်းသမဂ္ဂတုံ့ပြန်

ကျော်ထင်(ထိုင်း) / ၈ အောက်တိုဘာ ၂၀၀၇-စစ်အစိုးရထုတ် မီဒီယာများတွင် ပြည်ပအခြေစိုက် သတင်းဌာနများဖြစ်
သည့် BBC / VOA / RFA သတင်းဌာနများသည် လေလှိုင်းပေါ်က လူသတ်သမားများဖြစ်သောကြောင့် ပြည်သူအား
လုံးသိထားသင့်ကြောင်း ဖော်ပြချက်အပေါ် ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂ (BMA) က အခြေအမြစ်မရှိသည့် စွတ်စွဲချက်ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုလိုက်သည်။အောက်တိုဘာ (၆) ရက်ထုတ် မြန်မာ့အလင်းသတင်းစာပါ အဆိုပါ
စွပ်စွဲချက်နှင့် ပတ်သက်၍BMA အတွင်းရေးမှူး ဦးစံမိုးဝေက သံဃာများဦးဆောင်သော ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုမှု
ကို အကြမ်းဖက် ပစ်ခတ်နှိမ်နင်းချိန်တွင် စစ်အစိုးရက အင်တာနက်ကွန်ယက်စနစ်ကိုပါ ဖြတ်တောက်ထားခဲ့ကြောင်းနှင့်
ပြည်သူများ သတင်းရနိုင်သည့် နည်းလမ်းမှန်သမျှကို ပိတ်ပင်ရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောသည်။

၎င်းက“ကျန်တဲ့လမ်းကြောင်းတွေ အကုန်ဖြတ်လို့ရတယ်လေ။ လေလှိုင်းကိုကျတော့ဖြတ်လို့မရဘူး။ ဒါကြောင့်နောက်
ပိုင်းဆိုရင် ဘီဘီစီနားထောင်ရင် ထောင်ဒဏ် ဘယ်လောက်ဆိုတာတောင်ဖြစ်လာနိုင်ပါတယ်။ ဒီဟာတွေက တကယ်
တမ်း အောက်လမ်းနည်းနဲ့ လုပ်နေတာတွေပါ။ ညာနေသလား၊ လိမ်နေသလား၊ ရန်တိုက်ပေးနေသလားဆိုတာက နား
ထောင်တဲ့သူတွေ ဆုံးဖြတ်ပါလိမ့်မယ်။ နအဖက ဒီလိုပြောနေတာက မလိုအပ်တာကို အကျယ်ချဲ့နေတာပါ ”ဟု ပြော
သည်။

ငြိမ်းချမ်းစွာဆန္ဒပြသည့်ရဟန်းသံဃာများနှင့် ပြည်သူလူထုကို ပစ်ခတ်နှိမ်နင်းမှုများစတင်ခဲ့စဉ်က အကြမ်းဖက်နေသည့်
ဓာတ်ပုံ၊ ဗီဒီယို အထောက်အထားအပါအ၀င် မှတ်တမ်းများသည် နိုင်ငံတကာသတင်းဌာနများသို့ လျှင်မြန်စွာပျံ့နှံ့ခဲ့
သော်လည်း အင်တာနက်ဆက်သွယ်ရေးကွန်ယက်ကို ဖြတ်တောက်လိုက်သည့် နောက်ပိုင်းတွင် ယခင်ကကဲ့သို့အလွယ်
တကူ မပျံ့နှံ့တော့ပေ။

“ အခုအချိန်မှာ ဗမာပြည်မှာရှိတဲ့ သတင်းစာဖတ်တဲ့ ပရိတ်သတ်တွေ၊ ရေဒီယိုနားထောင်တဲ့လူတွေကို လျှော့တွက်လို့
မရတော့ဘူး။ အထင်သေးတာပေါ့နော်။ ဒီလိုပဲ ၀ါဒဖြန့်လိုက်လို့ရှိရင် သူတို့ပြောတာကို ယုံသွားမယ်လို့ထင်တာကို။
ဘီဘီစီလိမ်နေပြီ။ အာအက်ဖ်အေညာနေပြီ။ ဗွီအိုအေ ရန်တိုက် ပေးနေပြီဆိုတာကို ပြည်သူတွေ ယုံသွားမယ်လို့ထင်နေ
တာ။ ပြည်သူတွေအဆင့်က ဒီလိုပြောတိုင်းယုံမယ့် လူမျိုးတွေမဟုတ်တော့ပါဘူး” ဟု ဦးစံမိုးဝေက ဆက်လက်ပြော
သည်။

ပြည်တွင်းထုတ် လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်အား ပြည်ပအခြေစိုက် အသံလွှင့် ဌာနများနှင့် မီဒီယာ
များအပေါ် နအဖက စွတ်စွဲပြောဆိုမှုနှင့်ပတ်သက်၍ မှတ်ချက်တောင်းခံရာ ခေတ်ပြိုင် သတင်းဂျာနယ်ပါ စက်တင်ဘာ
(၂၃) ရက်စွဲဖြင့် ထုတ်ပြန်သော ၎င်း၏ကင်မရာ အသိမ်းခံရသည့် သတင်းနှင့် အခြားပြည်ပသတင်းဌာနများက ထုတ်
ပြန်သော အဆိုကျော် ဆောင်းဦးလှိုင်၊ တင်မိုးလွင်တို့၏ သတင်းများ မှားယွင်းနေကြောင်းသာ ပြောဆိုပြီး တယ်လီဖုန်း
ချသွားသည်။

“အဘက်ဘက်က သတင်းအမှောင်ချထားတဲ့ တိုင်းပြည်မှာတော့ သတင်းလိုက်တဲ့နေရာမှာ အမှားအယွင်းတော့ရှိမှာပါပဲ။
အခုဟာက ပြည်ပမီဒီယာတွေကို တိုက်ခိုက်နေတာပါ။ ဒီသတင်း ဌာနကြီးတွေကသာ သတင်းအမှားတွေကို ထုတ်လွှင့်
နေတယ်ဆိုရင် ဘယ်သူက နားထောင်တော့မှာလည်းဗျာ။ ဘယ်ဟာက မှန်သလဲ၊ ဘယ်သူကမှားသလဲဆိုတာ နားဆင်
တဲ့သူတွေ၊ ဖတ်တဲ့သူ တွေကသာ ဆုံးဖြတ်ပါလိမ့်မယ်” ဟု ဦးစံမိုးဝေ ကပြောသည်။

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် သတင်း၊ မီဒီယာလွတ်လပ်ခွင့် အနည်းဆုံးနိုင်ငံ တနိုင်ငံအဖြစ် သတ်မှတ်ခံထားရပြီး
စစ်အစိုးရသည် မီဒီယာကို မီဒီယာဖြင့် ပြန်လည်တိုက်ခိုက်မည်ဟု မကြာခဏ ပြောဆိုရေးသားလေ့ရှိသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: