ဂျပန်သတင်းထောက် ကန်ဂျီနာဂအိအတွက် ဈာပနအခမ်းအနားပြုလုပ်

Reuters/AFP ၈ အောက်တိုဘာ ၂၀၀၇- မြန်မာနိုင်ငံ ရန်ကုန်မြို့ဆန္ဒပြပွဲတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့်သေဆုံးခဲ့
သည့် ဂျပန်ဗီဒီယို သတင်းထောက် ကန်ဂျီနာဂအိ၏ ဈာပနအခမ်းအနားကို ဂျပန်နိုင်ငံတွင် ယနေ့ ပြုလုပ်သည်။မြန်မာလူ
မျိုးများ အပါအ၀င် လူရာပေါင်းများစွာက ကန်ဂျီနာဂအိ၏ ဈာပနအခမ်းအနားသို့ တက်ရောက်ကြသည်။

တိုကျိုမြို့အခြေစိုက် APF သတင်းဌာနတွင် လုပ်ကိုင်နေ သည့် အသက်(၅၀) အရွယ်ရှိ ၀ါရင့် သတင်းထောက် ကန်ဂျီ
နာဂအိသည် ယခင်လ (၂၇) ၌ ရန်ကုန် ဆူးလေဘုရားလမ်းရှိဆန္ဒပြပွဲတွင် သတင်းယူနေစဉ် မြန်မာ စစ်အစိုးရတပ်၏ ပစ်ခတ်မှုကြောင့်သေဆုံးခဲ့သည်။

APF သတင်းဌာနအကြီးအကဲ Toru Yamaji က “ရိုးရိုးသားသားပြောရရင် ကန်ဂျီနာဂအိ သေဆုံးသွားတယ်ဆိုတာကို ကျနော်မယုံနိုင်ဘူး” ဟု အသုဘအခမ်းအနားတွင် ပြောသည်။

၎င်းက “တကယ့်လက်တွေ့အဖြစ်အပျက်ကို ကျနော် လက်ခံလို့မရဘူး ဖြစ်နေတယ်” ဟုပြောသည်။

မြန်မာစစ်အစိုးရက ကန်ဂျီနာဂအိသေဆုံးမှုသည် မတော်တဆ ထိခိုက်သေဆုံးမှုဖြစ်သည်ဟု ပြောသော်လည်း ဂျပန်ရဲဌာ
နကမူ ယင်းကိစ္စနှင့်ပတ်သက်၍ အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်သည်။

ကန်ဂျီနာဂအိ အပစ်ခတ်ခံရပြီး လဲကျသေဆုံးချိန်၌ လက်တွင်ကိုင်ထားသည့် အသေးစား ဗီဒီယို ကင်မရာကို ပြန်လည်
ပေးအပ်ရန်လည်း ဂျပန်အစိုးရက မြန်မာစစ်အစိုးရထံ တောင်းဆိုထားသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: