ချင်းမိုင် တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ဘာသာပေါင်းစုံ ဆုတောင်း

ကျော်ထင်(ထိုင်း)/ ၈ အောက်တိုဘာ ၂၀၀၇-ငြိမ်းချမ်းစွာဆန္ဒပြရင်း ကျဆုံးသွားသည့် သံဃာ
များနှင့် ပြည်သူများအတွက် ဘာသာ ပေါင်းစုံ ဆုတောင်းမေတ္တာပို့သသည့် လှုပ်ရှား မှုတခုကို
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ တရုတ် ကောင်စစ်ဝန်ရုံး ရှေ့တွင် ယနေ့နံနက်ပိုင်းက မြန်မာ့ဒီမိုကရေ
စီရေးလှုပ်ရှားသူများနှင့် ထိုင်းလူမျိုးများက ပြုလုပ်ကြသည်။ခရစ်ယန်၊ မွတ်စလင်နှင့် ဗုဒ္ဓဘာ
သာတို့မှ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များအပါအ၀င်လူ (၃၀၀) ခန့်သည် ယူအန်နှင့် တရုတ်အစိုး
ရတို့ကို တိုက်တွန်းထားသော ပိုစတာများကို ကိုင်ဆောင်ပြီး ဆွမ်ဘိုဟပန်းခြံမှ စတင်လမ်း
လျှောက်ကာ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် အသံတိတ်ဆုတောင်း ဆန္ဒပြခဲ့ခြင်းဖြစ်သည်။“တ
ရုတ်ရဲ့အာဏာရှင်ကို ကူညီနေတာတွေရပ်ပါ၊ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ ပတ်သက်
လာရင် ဗီတိုအာဏာမသုံးပါနဲ့” ဆိုတဲ့ဆိုင်းဘုတ်တွေကို ကျမတို့က ကိုင်ဆောင်ထားပါတယ်။
ကျမတို့ ဆုတောင်းနေတဲ့အချိန်မှာ တရုတ်ကောင်စစ်ဝန်ကတော့ ထွက်လာမတွေ့ပါဘူး။ အထဲ
ကို လည်း ၀င်ခွင့်မပြုဘူး ” ဟု ဆန္ဒပြပွဲတွင် ပါဝင်သည့် မြန်မာတိုင်းရင်းသူတဦးကပြောသည်။

၎င်းက “ဗမာပြည်သားတယောက်အနေနဲ့ မြင်တာက စစ်အစိုးရအပြီးသတ်ဖို့ဆိုတာ ဒီတရုတ်
အစိုးရကပဲ ကူညီဖို့ အဓိကဖြစ်တယ်လို့ ကျမထင်တယ်လေ၊ ဘာဖြစ်လို့ဆိုတော့ ဗမာပြည်ကို
လည်း တရုတ်အစိုးရကနေပြီးတော့ ထောက်ပံ့လာတာပဲလေ၊ နှစ်ပေါင်း လေးငါးဆယ် ရပ်တည်
နေနိုင်တာက တရုတ်အစိုးရက ထောက်ပံ့လာတာ၊ ဒါကြောင့် နိုင်ငံရေးပြောင်းလဲဖို့အတွက် တ
ကယ့်ကို တရုတ်အစိုးရ ပါဝင်ကူညီဖို့လိုပါတယ်” ဟု ဆက်လက်ပြောသည်။

ပြည်တွင်းနှင့် နိုင်ငံတကာတွင်လည်း နအဖအစိုးရ၏ လက်ချက်ဖြင့် ကျဆုံးသွားသော သံဃာ
များနှင့် ပြည်သူများအတွက် ဘာသာပေါင်းစုံမှ ဆုတောင်းမေတ္တာပို့သပွဲများ ပြုလုပ်လျက်ရှိ
သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: