မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို ၀ိုင်းဝန်းကူညီကြရန်အန်စီယူဘီ တောင်းဆို

ပီတာအောင်/ ၅ အောက်တိုဘာ ၂၀၀၇-မြန်မာ့ဒီမိုကရေးလှုပ်ရှားမှုအောင်မြင်စေရန် ကုလသ
မဂ္ဂအပါအ၀င် နိုင်ငံတကာက စစ်အစိုးရ အား ပိုမိုဖိအားပေးကြရန်နှင့် ဒီိမိုကရေစီရေး လှုပ်ရှား
မှုအတွက် ငွေကြေးအကူအညီပိုမိုပေးရန် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (အန်စီ
ယူဘီ) က နိုင်ငံတကာအသိုင်းအ၀န်းကို တောင်းဆိုသည်။ထိုင်းနိုင်ငံဘန်ကောက်မြို့ နိုင်ငံခြား
သတင်း ထောက်များအသင်း၌ ယနေ့မွန်းလွဲပိုင်းတွင်ပြုလုပ်သည့် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံ
ရေးအခြေအနေနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ အန်စီယူဘီ အထွေထွေအတွင်း
ရေးမှူး ဦးမောင်မောင်က ပြောကြားခြင်းဖြစ်သည်။နအဖစစ်အစိုးရ၏ နှိပ်ကွပ်မှုများရပ်တံ့သွား
စေရန် နိုင်ငံတကာက ၀ိုင်းဝန်းဖိအားပေးရန် လိုအပ် နေကြောင်း အစိုးရ၀င်ငွေရပ်တံ့သွားစေ
ရန် စစ်အစိုးရပိုင် စီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့ဒဏ်ခတ်မှုများ ပြုလုပ်ကြရန်နှင့် လုံခြုံရေး
ကောင်စီကလည်း ဆုံးဖြတ်ချက်ချမှတ်ကာ မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှု တားမြစ်ခြင်း၊ နိုင်
ငံရေးအကျဉ်းသားများအား လွှတ်ခိုင်းခြင်း၊ စေ့စပ်ဆွေးနွေး ရေးလုပ်စေခြင်းတို့ပြုလုပ်ရန် လို
အပ်ကြောင်း ဦးမောင်မောင်က ပြောသည်။

၎င်းက “အရေးအကြီးဆုံးအရာတခုကတော့ နိုင်ငံတကာအသိုင်းအ၀န်းဆီက ဒီမိုကရေစီရေး
လှုပ်ရှားမှုအတွက် တိုက်ရိုက်ငွေကြေးအကူအညီ လိုအပ်နေတာပါပဲ။ ဒီမိုကရေစီရေးလှုပ်ရှားမှု
ဒီမှာရှိနေပါတယ်။ ငွေကြေးအကူအညီမရပါဘူး။ အကူငွေအချို့တော့ ရပါတယ်၊ ဒါပေမယ့်
နိုင်ငံတွင်းမှာချိတ်ဆက်လှုပ်ရှားဖို့ မလုံလောက်ပါဘူး” ဟုပြောကြားသည်။

ကုလသမဂ္ဂဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးဟောင်း အဆဒါ ဂျရာနာမ ကလုံခြုံရေးကောင်စီ
အနေဖြင့် မြန်မာနိုင်ငံ၏လက်ရှိအခြေအနေနှင့်ပတ်သက်၍ ဘုံရပ်တည်ချက်သဘောထား
ထုတ်ပြန်ခြင်း သာပြုလုပ်နိုင်ချေရှိပြီး ရုရှားနှင့်တရုတ်တို့က ကန့်ကွက်ကြဦးမည်သာဖြစ်၍
မလိုက်နာမနေရ ဆုံးဖြတ်ချက်များ ချမှတ်နိုင်မှာ မဟုတ်သလို ငြိမ်းချမ်းရေးတပ်ဖွဲ့များ စေ
လွှတ်ရန်မှာလည်း အိမ်ရှင်နိုင်ငံအစိုးရ၏ သဘောတူညီချက်ရယူ ရမည်ဖြစ်၍ ဖြစ်နိုင်ချေမရှိ
ဟု ပြောသည်။

မြန်မာနိုင်ငံတွင်းဖြစ်ပေါ်နေသည့် သံဃာတော်များဦးဆောင်သည့် ဒီမိုကရေစီရေးလှုပ်ရှားမှု
သည် အကြမ်းမဖက်ဘဲ မေတ္တာဖြင့်တိုက်ပွဲဝင်သည့် နည်းဖြစ်သည့်အတွက် အဆုံး၌အောင်မြင်
မည်ဖြစ် သည်ဟု ထိုင်းလူမျိုး နိုင်ငံရေးနှင့် လူမှုဗေဒ ဝေဖန်ရေးဆရာကြီး ဆူလတ် စိဝတရတ်
စာကပြောသည်။

“အကြမ်းမဖက်မှုဟာ အောင်နိုင်ပါလိမ့်မယ်။ အကြမ်းမဖက်မှုကသာ တခုတည်းသော နည်း
လည်းဖြစ် ပါတယ်။ အကြမ်းဖက်တဲ့နည်းတွေကို နေရာတကာမှာ အချိန်အတော်ကြာကြာသုံး
ခဲ့ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။ မြန်မာစစ်အစိုးရက ဒါကိုသင်ခန်းစာယူသင့်ပါတယ်။ စကား
ပြောရမယ်၊ ဆွေးနွေးညှိနှိုင်းရမယ်။ ခုချိန်ခါမှာ တွေ့ဆုံဆွေးနွေးဖို့ အခွင့်အလမ်းတွေပွင့်နေ
ပါပြီ ” ဟုပြောသည်။

မြန်မာနိုင်ငံ၌ လတ်တလောဖြစ်ပွားခဲ့သော သပိတ်တိုက်ပွဲ၌ မေတ္တာတရားနှင့် ရက်စက်ကြမ်း
ကြုတ်မှုကို ကမ္ဘာက ယှဉ်တွဲ၍ တွေ့လိုက်ရခြင်းဖြစ်ပြီး ယင်းအဖြစ်အပျက်သည် မြန်မာပြည်
သူတရပ်လုံးကို တသားတည်းဖြစ်သွားအောင် ပေါင်းစည်းလိုက်ခြင်းဖြစ်သည်ဟု တိုင်းရင်းသား
လူမျိုးများကောင်စီ အထွေထွေအတွင်းရေးမှူး ဒေါက်တာဆလိုင်းလျှန်မှုန်းဆာခေါင်း က ပြော
သည်။

၎င်းက “ကံကောင်းထောက်မစွာ ဒါမှမဟုတ် ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ ခံစားနေရမှု
တွေ၊ ရက်ရက်စက်စက် နှိမ်နင်းခံရမှုတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ လူတွေအားလုံးအတွက်ဖြစ်
သွားပါပြီ၊ အရင်ကတော့ ကျနော်တို့ တိုင်းရင်းသားလူမျိုးစုတွေ ခံစားနေရတာ၊ ငိုကြွေးနေရ
တာ၊ သေဆုံး နေရတာတွေကို ကမ္ဘာကမသိကြပါဘူး။ ကျနော်တို့ စာနာမှုတွေမရကြဘူး၊ အ
ထောက်အပံ့တွေမရဘူး၊ ကျနော်တို့ဒါတွေ ခံစားနေရတာ အချိန်အကြာကြီးရှိပါပြီ ကမ္ဘာကမ
သိကြပါဘူး။ ခုမြန်မာ နိုင်ငံဟာ သွေးစည်းညီညွတ်သွားပါပြီ၊ မြန်မာပြည်သူလူထုအားလုံးဟာ
တသားတည်းဖြစ်သွား ပါပြီ”ဟုပြောသည်။

သံဃာတော်များဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးကြီး မြန်မာနိုင်ငံ၌ဖြစ်ပွားခဲ့မှုကို ပြည်
သူ အားလုံး၏ အောင်ပွဲဖြစ်သည်ဟု မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (FDB) အတွင်းရေး
မှူးချုပ် ဒေါက်တာ နိုင်အောင်က ပြောကြားပြီး သံဃာတော် အများအပြား ဖမ်းဆီးခံရသော်
လည်း တော်လှန်ရေးရပ်ဆိုင်း မသွားသေးဘဲ ကျန်ရှိသည့် သံဃာတော်များက တော်လှန်ရေး
ဆက်လက် ဆင်နွှဲလျက်ရှိသည်ဟုပြောသည်။

အန်စီယူဘီ၊ အက်ဖ်ဒီဘီနှင့် အီးအန်စီအဖွဲ့များသည် ထိုင်း-မြန်မာနယ်စပ် နိုင်ငံအခြေစိုက်မြန်
မာ့ဒီမိုကရေစီရေးလှုပ်ရှားနေသည့် တပ်ပေါင်းစုအဖွဲ့များဖြစ်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: