အမေရိကန်သံတမန်ရေးအရာရှိ မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့်တွေ့ဆုံမည်

The Guardian/ ၅ အောက်တိုဘာ ၂၀၀၇-မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတာဝန်ခံ Shari Villarosa သည်
နအဖ ထိပ်တန်းဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံရန် နေပြည်တော်သို့ ယနေ့ထွက်ခွာသွားပြီဖြစ်သည်။မြန်မာစစ်အစိုးရက ငြိမ်းချမ်းစွာဆန္ဒပြမှုများကို ရက်စက်စွာအကြမ်းဖက်နှိမ်နင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ်သွား
ရောက်သောယခုခရီးစဉ်သည် မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပွားနေသည့် နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်
၍ အမေရိကန်အစိုးရ၏ တိကျပြတ်သားသော သဘောထားကို အသိပေးနိုင်ရန်ဖြစ်သည်။

နအဖ စစ်ဗိုလ်ချုပ်များက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့
ဆုံမည်ဖြစ် ကြောင်း ယမန်နေ့က ကြေညာပြီးနောက် Shari Villarosa ၏ ယခုခရီးစဉ်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

Shari Villarosa သည် ဒီမိုကရေစီလှုပ်ရှားသူများအပေါ် မြန်မာစစ်အာဏာပိုင်များ၏ အကြမ်းဖက်ဖြိုခွင်းမှုများကို ပွင့်လင်းစွာဝေဖန်နေသူတဦးဖြစ်ပြီး ယခုခရီးစဉ်အတွင်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံ
မည့် အစီအစဉ်ရှိမရှိကိုမူ သံရုံးတာဝန်ရှိသူများက ပြောဆိုခြင်းမပြုပေ။

လတ်တလောဖြစ်ပေါ်ခဲ့သော ဒီမိုကရေစီအရေး ဆန္ဒပြမှုများကို စစ်တပ်ကအကြမ်းဖက်နှိမ်နင်းခဲ့ပြီး အနည်းဆုံးလူ
(၁၃) ဦး သေဆုံး၍ (၂,၀၀၀) ကျော် အဖမ်းဆီးခံခဲ့ရသည့် မတည်ငြိမ်မှုများအားဖြေရှင်းနိုင်ရန် သံတမန်ရေးကြိုးစား
မှုအနေဖြင့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု ပြောလာ
ခြင်းဖြစ်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: