သရက်မြို့မှ သက်တော် (၉၂) နှစ်ရှိ ဆရာတော်ဘုရားကြီးက နအဖအာဏာပိုင်များ၏ အလှူကို သပိတ်မှောက်ကံဆောင်

ချမ်းလွန်/ ၅ အောက်တိုဘာ ၂၀၀၇- မကွေးတိုင်း သရက်မြို့နယ်မှ သက်တော် (၉၂) နှစ်ရှိသည့် သမင်ဇာတောရ
ကျောင်း ဆရာတော်ကြီးက နအဖအာဏာပိုင်များ၏ အလှူကိုလက်မခံဘဲ ကံဆောင်ထားကြောင်း သရက်မြို့ခံများက ပြောသည်။သရက်မြို့နယ်တခုလုံး ကြည်ညိုကိုးကွယ်သည့် သရက်မြို့မှ (၄) မိုင်ခန့်ဝေးသည့် သမင်ဇာတောရ
ကျောင်းမှ ဆရာတော်ဘုရားကြီးက နအဖအာဏာပိုင်များ၊ စစ်တပ်နှင့် ရဲများ၏ အလှူကိုလက်မခံဟု မိန့်ကြားခဲ့
ကြောင်း မြို့ခံအမျိုးသမီးတဦးက ပြောသည်။

၎င်းက “ကျမတို့ သရက်ဘိလပ်မြေစက်ရုံက ၀န်ထမ်းတွေက အဲဒီဆရာတော်ဘုရားကြီးရဲ့ ကျောင်းကိုရောက်သွားတဲ့
အခါဆရာတော်ဘုရားကြီးကို ၀င်ဖူးကြတယ်။ စက်ရုံဝန်ထမ်းတွေက ဘောင်းဘီတွေနဲ့ပေါ့၊ အမျိုးသားတွေကလေ။ ဆ
ရာတော်ဘုရားကြီးက မေးခိုင်းတယ်။ မင်းတို့ အုပ်ချုပ်ရေးကလား၊ စစ်ကလား၊ ရဲကလား။ အုပ်ချုပ်ရေးတို့ စစ်တပ်တို့
ရဲတို့ကဆိုရင် ငါ့ဆီကိုမလာနဲ့တော့။ ငါသံဃာ့ကံဆောင်ထားပြီ။ အဲတော့ မင်းတို့လှူတာကိုလည်း ငါလက်ခံလို့မရသလို
ဘဲ ငါလည်း မင်းတို့ကိုသီလတောင် ပြန်ပေးလို့မရတော့ဘူးလို့ ဆရာတော်ဘုရားကြီးက မိန့်ပါတယ်” ဟုပြောသည်။

သမင်ဇာတောရ ဆရာတော်ဘုရားကြီး ကံဆောင်သည့်သတင်းကို ကြားရသဖြင့် သရက်မြို့နယ် တခုလုံးရှိ လူထုများ
က အားရ၀မ်းသာဖြစ်ကြရကြောင်း ယင်းမြို့ခံအမျိုးသမီးကပြောသည်။

၎င်းက “အဲလို မိန့်လိုက်တော့ ကျမတို့ သရက်ကလူတွေကဘယ်လိုပြောမတုန်း၊ တောမီးပျံ့သလိုဝမ်းသာအားရတနယ်
လုံး ဖြစ်ကြရပါတယ်။ အသက် (၉၀) ကျော်ရှိ သိက္ခာရော သမာဓိရောရှိတဲ့ ဆရာတော်ကြီးရဲ့ သီလကိုလည်း ကျမတို့
ပိုပြီးတော့ ကြည်ညိုလေးစားပြီးတော့ ၀မ်းလည်းသာရပါတယ်” ဟုပြောသည်။

ဆရာတော် ဘုရားကြီး၏ တောရကျောင်းနားတွင် တည်ဆောက်နေသည့် နအဖစစ်အစိုးရ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ
မှ ၀န်ထမ်းများကလည်း ဆရာတော်ဘုရားကြီးအား လှူဖွယ်ပစ္စည်း အမြောက်အများလှူဒါန်းလေ့ရှိသဖြင့် ယင်းသို့ ဆရာ
တော်ဘုရား၏ ကံဆောင်မှုအပေါ် သရက်မြို့လူထုများက ပိုမိုဝမ်းမြောက်ဝမ်းသာဖြစ်လျှက်ရှိကြောင်း သိရသည်။

မနက်ဖြန်တွင် အမျိုးသားညီလာခံလူထုထောက်ခံပွဲသို့ မကွေးတိုင်းမှတက်ရောက်ရန်အတွက် သရက်မြို့မှ တရပ်ကွက်
လျှင် လူ (၃၀) နှုန်းနှင့် စက်ရုံအလုပ်ရုံဝန်ထမ်းများလည်း ဌာနဆိုင်ရာ အလိုက်တက်ရောက်ရန် အာဏာပိုင်များက
ဆင့်ခေါ်ထားကြောင်း ဒေသခံများကပြောသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: