ရန်ကုန်ဆန္ဒပြသံဃာ (၃) ပါး မဲဆောက်သို့ တိမ်းရှောင်လာ

ကျော်ထင်(ထိုင်း)/ ၅ အောက်တိုဘာ ၂၀၀၇- ငြိမ်းချမ်းစွာမေတ္တာသုတ်ရွတ်ဖတ်ပြီး သပိတ်မှောက်ကံဆောင်ကြသော
သံဃာထုအား သတ်ဖြတ်ဖမ်းဆီးမှုကြောင့် ရန်ကုန်မြို့တွင်း ဆန္ဒပြမှုများတွင်ပါဝင်သည့် သံဃာ (၃) ပါး သည် ထိုင်း-
မြန်မာနယ်စပ် မဲဆောက်မြို့သို့ ယမန်နေ့ နေ့လယ်ပိုင်းက တိမ်းရှောင်ရောက်ရှိလာသည်။တိမ်းရှောင်လာသော ဦးပဉ္စင်း
များမှာ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် မဟာဝိစိတ္တာရုံ ကျောင်းတိုက်မှ ဦးကောဝိဒ၊ ဦးကောသလ္လနှင့် ဦးသာသနတို့
ဖြစ်သည်။

အရှင် ဦးကောဝိဒက “ဒီကိုထွက်လာတဲ့ အကြောင်းရင်းကတော့ ရန်ကုန်မြို့မှာ ရဟန်းသံဃာတွေကို ဖမ်းတယ်၊ ထု
တယ်၊ ရိုက်တယ်၊ နှက်တယ်၊ ကျောင်းတိုက်တွေလည်း ကုန်သလောက်ရှိနေပြီ။ ဆရာတော်တွေလည်း ပျံလွန်တော်မူ
တာတွေ ရှိတယ်၊ နောက်ပြီးတော့ ဆွမ်းခံလို့ လည်း မရဲတော့ဘူး ဒကာရေ။ ဆွမ်းခံရင်လည်း ရပ်ကွက်က ရ၀တတွေ
ရှိတယ်၊ သူတို့ခန့်တဲ့ လက်ကိုင်တုတ်ကြံ့ဖွံ့တို့ ဘာတို့လည်း ရှိတယ်။ ဒီကောင်တွေကလည်း လိုက်လံပြီးချောင်းမြောင်း
တာပေါ့နော်၊ ချောင်းမြောင်းနေတော့ ဦးဇင်းတို့ ကျောင်းပြန်အိပ်ဖို့ကလည်း ဝေးတယ်ပေါ့နော်” ဟု မိန့်ကြားသည်။

ငြိမ်းချမ်းစွာ မေတ္တာပို့ချီတက် သပိတ်မှောက်သည့် သံဃာတော်များကို ပခုက္ကူမြို့တွင်စက်တင်ဘာ (၅) ရက်မှစတင်ပြီး
ရိုက်နှက်အကြမ်းဖက် လူစုခွဲခဲ့ပြီးနောက် စက်တင်ဘာ (၂၆) ရက် တွင် ရန်ကုန်မြို့၌ စတင်ပစ်ခတ်ခဲ့သည်။

“ဒကာ ဒကာမတွေကလည်း အတတ်နိုင်ဆုံးတော့ သူတို့အိမ်မှာ ပုန်းအောင်းဖို့ ထိန်းသိမ်းပေးတာပေါ့နော်။ နေဖို့အတွက်။
ဒါပေမယ့် ဦးဇင်းတို့ ဆက်နေရင် သူတို့တွေ ဒုက္ခ ရောက်မယ်။ အဲဒါသူတို့ကို ဒုက္ခမဖြစ်စေချင်တာရယ်၊ နောက်တချက်က ကျောင်းတိုက်မှာ ပြန်အိပ်လို့မရတာရယ်၊ အဲဒါကြောင့် ဦးဇင်းတို့ ခေတ္တ၀ါတွင်း အခုဆို ရက် (၂၀) ပဲ လိုပါတော့တယ်။
အဲဒါ အဲဒီ ရက် (၂၀)ကို ဦးဇင်းတို့ ရှောင်လာတာပေါ့ ခဏ” ဟု ဆက်လက်မိန့်ကြားသည်။

အရှင် ဦးသာသနမှလည်း “ဦးဇင်းတို့ မေတ္တာသုတ်ရွတ်တယ်ပေါ့နော်။ ဒကာဒကာမတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေ ငြိမ်း
အေးအောင်လို့။ အဲဒီလိုရွတ်နေတဲ့အချိန်မှာ စရွတ်တဲ့ နှစ်ရက်ကဘာမှပြဿနာ မရှိဘူး။ နောက်ပိုင်း (၂၆) ရက်နေစပြီး
တော့ပေါ့၊ ရန်ကင်းလမ်းဆုံမှာလေ မျက်ရည်ယိုဗုံးခွဲတယ်ပေါ့နော်။ ဦးဇင်းတို့လည်းရှေ့တက်လို့မရဘူး၊သံဃာတွေရော၊
ပြည်သူတွေ ရောပြန့်သွားကြတယ်၊ ဦးဇင်းတို့လည်း ဒကာဒကာမ ကားတစီးက အတင်းခေါ်သွားလို့ တိုက်တွေမှာ တက်
အိပ်ရတယ်။ ညဘက်တွေဆိုရင်လည်း စစ်တပ်နဲ့ စွမ်းအားရှင်ဆိုတဲ့သူတွေလည်း ကျောင်းတွေကိုဝိုင်းတယ်။ သံဃာတွေ
ကို ဆွဲတယ်၊ ကားပေါ်တင်တယ်၊ အဲဒါနဲ့ ဦးဇင်းတို့ ဒီဘက်ကိုထွက်လာတာပဲ” ဟု မိန့်ကြားသည်။

နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ယနေ့ထုတ်ပြန်သော စာရင်းဇယားအရ တနိုင်ငံလုံး
တွင် ဘုန်းတော်ကြီးကျောင်း (၃၆) ကျောင်း ၀င်ရောက်စီးနင်း ခြင်းခံခဲ့ရပြီး ငွေကြာယံဘုန်းကြီးကျောင်းအပါအ၀င်
(၁၂) ကျောင်းမှ သံဃာအပါးရေ (၅၁၉) ပါး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: