နအဖဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်ကြေညာ

NEJ / ၅ အောက်တိုဘာ ၂၀၀၇-နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသည့် မြန်မာ့
ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် တင်ပြထားသည့် ကြေညာချက် တရပ်ကို
ယမန်နေ့ ည (၈) နာရီတွင် နအဖရုပ်မြင်သံကြားမှ ထုတ်လွှင့်ဖတ်ကြားသွားသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့အနေဖြင့် ၂၀၀၇ ခု၊ အောက်တိုဘာ (၄)၊ ရက်စွဲဖြင့် ထုတ်လွှင့်သွားသည့် ယင်းထုတ်ပြန်ချက်တွင် အပိုဒ် (၉) ပိုဒ်ပါရှိပြီး နံပါတ် (၇) စာပိုဒ်တွင်နအဖဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးသန်းရွှေကဒေါ်အောင်
ဆန်း စုကြည်နှင့်တွေ့ဆုံမည့်အကြောင်းကို တင်ပြထားသည်။

ယင်းစာပိုဒ်တွင် “နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မစ္စတာဂမ်
ဘာရီတို့တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကျနော်တို့အပေါ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လုပ်ဆောင်နေ
သည့်အချက် လေးချက်ရှိကြောင်း၊ ၎င်းတို့မှာ ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုန်းရေး၊ မြန်မာနိုင်ငံအားစီးပွားရေး
အဆက်အသွယ်ဖြတ်တောက်ရေး အပါအ၀င် အလုံးစုံပိတ်ဆို့ရေးတို့ပင်ဖြစ်ကြောင်း၊ အဆိုပါဆောင်ရွက်ပိတ်ဆို့မှု လေး
ချက်ကို သူမအနေဖြင့် စွန့်လွှတ်ကြောင်းကြေညာရန်နှင့် ထိုသို့ကြေညာပါက မိမိကိုယ်တိုင် သူမနှင့်တိုက်ရိုက်တွေ့ဆုံ စကားပြောမည်ဖြစ်ကြောင်းတို့ကို ပြောဆိုမှာကြားလိုက်ပါသည်” ဟု ပါရှိသည်။

ယင်းသို့ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ ပြောကြားချက်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီမှ ပြောခွင့်ရသူတဦးဖြစ်သည့် ဦးဉာဏ်ဝင်းက “ဒီအချက်ကြီးလေးချက်က အန်အယ်ဒီကဆုပ်ကိုင်ထားတဲ့ မူဝါဒတွေတခု
မှမဟုတ်ဘူး။ မိမိမလုပ်တဲ့အလုပ်ကို နောင်မလုပ်ပါ ဘူးလို့ ပြောရမယ့်သဘော။ သို့သော် အခုပြောတာနဲ့ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်မလဲဆိုတာကတော့ အရေးကြီးဆုံးက ဒေါ်အောင်ဆန်းစုကြည်က လွတ်လွတ်လပ်လပ်ရှိဖို့ပဲ” ဟုတုံ့
ပြန်ပြောဆိုသည်။

တဖက်က ဒေါ်အောင်ဆန်းစုကြည်နာမည်တပ်ပြောဆိုနေပြီး ဒေါ်အောင်ဆန်းစုကြည်မှာ လွတ်လွတ်လပ်လပ်မရှိသဖြင့်
အများသိအောင် တုံ့ပြန်ဆောင်ရွက်နိုင်မည့် အခြေအနေမရှိကြောင်း ၎င်းကပြောသည်။

ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားကောင်စီမှ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ကယခုထုတ်ပြန်ပြောဆိုမှုများ
သည် ယခင်ကတည်းက နအဖက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲခဲ့သည့် စွပ်စွဲချက်များသာဖြစ်ပြီး တွေ့ဆုံဆွေး
နွေးမှုဖြစ်မြောက်ရန်အတွက် ကြိုတင်သတ်မှတ်ချက်များထား၍ မရနိုင်ဟုပြောဆိုသည်။

၎င်းက “အခုဟာက ဒေါ်စုတယောက်ထဲကို သွားပြီးတော့ အပြစ်တင်သလိုဖြစ်နေတယ်။ စီးပွားရေး ပိတ်ဆို့မှုဆိုတာက အပြည်ပြည်ဆိုင်ရာကနေပြီး မြန်မာနိုင်ငံမှာ တကယ်ဖြစ်နေတဲ့အနေအထားကို မြင်လို့ ၀ိုင်းပြီးတော့ စကားပြောဖို့၊ ဖိ
အားပေးဖို့ ပြောတဲ့ကိစ္စပဲလို့ ကျနော်တို့မြင်တယ်။ ဒေါ်စု တယောက်ထဲကြောင့်လို့ ပြောဆိုတာဟာ မမှန်ကန်ဘူး” ဟု
ပြောသည်။

ယခုကဲ့သို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့် တွေ့ဆုံဆွေးနွေးရန်ထုတ်ဖော်ပြောဆိုလာမှုသည် အပြည်ပြည်ဆိုင်ရာဖိ
အားနှင့် ပြည်တွင်းရှိဖိအားများ များလာခြင်းကြောင့်ဖြစ်ကြောင်း၊ ပိတ်ဆို့အရေးယူမှုများ ဖြစ်ပေါ်လာရခြင်းသည်နအဖ စစ်အစိုးရကိုယ်တိုင်၏ လုပ်ဆောင်ချက်များကြောင့်သာဖြစ်ကြောင်း ၎င်းကပြောသည်။

“ဥပမာ အိုင်အယ်လ်အိုမှာဆို ပိတ်ဆို့အရေးယူမှုတွေလုပ်တာဟာ အဓမ္မလုပ်အားပေးရှိလို့ဖြစ်တာကိုး။ အလုပ်သမား
အခွင့်အရေးတွေ မချိုးဖောက်ဖို့ လက်မှတ်ထိုးထားတဲ့သူတွေက ချိုးဖောက်နေတဲ့အတွက်ကြောင့် ပိတ်ဆို့အရေးယူမ
ှုတွေလုပ်နေတာဖြစ်တယ်။ ဒါတွေက ဒေါ်စုလုပ်လို့ဖြစ်တာမှ မဟုတ်ဘဲ၊ သူတို့လုပ်လို့ဖြစ်တဲ့ကိစ္စပဲ” ဟု ဦးမောင်မောင်
က ပြောသည်။

ယခု ထုတ်ပြန်ချက်သည် ပြီးခဲ့သည့် သြဂုတ် (၂၈) ရက်မှစတင်ကာဖြစ်ပွားခဲ့သည့် သံဃာတော်များ၏ မေတ္တာပို့ဆန္ဒပြ
မှုများနှင့်ပြည်သူများ၏ပါဝင်လှုပ်ရှားမှုများကို နအဖက ပစ်ခတ်ရိုက်နှက် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံတော်
အစိုးရအနေဖြင့် ပထမဆုံးထုတ်ပြန်ခြင်းဖြစ်သည်။

ယင်းသို့သံဃာတော်များနှင့်လူထုအား အကြမ်းဖက်နှိမ်နင်းမှုများကြောင့် ကုလသမဂ္ဂအထူး ကိုယ်စားလှယ် မစ္စတာ ဂမ်
ဘာရီသည် စက်တင်ဘာ(၂၉) ရက်၌ မြန်မာနိုင်ငံသို့ (၄) ရက်ကြာ သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ကို တွေ့ဆုံခဲ့ကာ ၎င်း၏ခရီးစဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ယနေ့
တံခါးဖွင့်ရှင်းလင်း တင်ပြမည်ဖြစ်သည်။

ယင်းသို့ နအဖဥက္ကဋ္ဌက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေးစကားကို မူအားဖြင့် ပြောဆိုနေသော်လည်း
တဖက်တွင် အန်အယ်လ်ဒီပါတီဝင်များ၊ သံဃာတော်များနှင့် ကျောင်းသား ပြည်သူများကို နေ့စဉ်ရက်ဆက်ဆိုသလို ဖမ်းဆီးလျက်ရှိသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က သံဃာတော်များနှင့်လူထု ဆန္ဒပြမှုများ
ကြောင့် အဖမ်းခံရသူပေါင်း (၄) ထောင်နီးပါးခန့်ရှိကာ သေဆုံးသူပေါင်းမှာ(၂၀၀) နှင့် (၃၀၀) ကြားရှိမည်ဟု ခန့်မှန်း
သည်။

ကြေညာချက်အပြည့်အစုံသို့
http://www.khitpyaing.org/news/october_2007/5-10-07_statement.php.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: