ကရင်နီတပ်မတော်မှ နအဖ စခန်းတခုကို ၀င်ရောက်စီးနင်း

ကျော်ထင်(ထိုင်း)/ ၅ အောက်တိုဘာ ၂၀၀၇- ကရင်နီတပ်မတော်မှ လွိုင်ကော်မြို့အနီးရှိ နအဖစခန်းတခုကို ယမန်နေ့ အရုဏ်တက်ချိန်တွင်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တာဝန်ရှိသူ
တဦးကပြောသည်။KNPP တွဲဖက်အတွင်းရေးမှူး ခူးဦးရယ်က ယမန်နေ့က ကရင်နီတပ်မတော်နှင့် နအဖ တပ်တို့ နှစ်
ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲတခုတွင် နအဖဘက်မှ (၃) ဦးသေဆုံးကြောင်းနှင့် လက်နက်ခဲယမ်းများလည်း သိမ်း
ဆည်းရမိကြောင်း ပြောသည်။

၎င်းက “ပထမတိုက်ပွဲက မြို့တော်လွိုင်ကော်နဲ့ (၃) မိုင်လောက်သာဝေးတဲ့ နေရာမှာရှိတဲ့ နအဖရဲ့ ခလရ (၅၄) က စ
ခန်းတခုကို စီးနင်းတိုက်ခိုက်တာ၊ မနက် (၅) နာရီလောက်မှာဖြစ်တယ်။ နအဖ စစ်သားအလောင်း (၃) လောင်းရတယ်၊
အမ်အေ (၄) လက်ရတယ်၊ ဘီအေ -၁၀၀ (၁)လက်ရတယ်။ ခဲယမ်းအချို့သိမ်းဆည်းရမိတယ်လို့ ကျနော်တို့ရှေ့တန်း
တပ်ဖွဲ့ဆီကသတင်းဝင်လာပါတယ်။ အဲဒီစခန်းက မြို့နဲ့တအားနီးတော့ ကျနော်တို့ ရေရှည်ထိန်းထားလို့ရတဲ့ အခြေနေ
တော့ မဟုတ်ဘူး” ဟု ပြောသည်။

အလားတူ ယမန်နေ့ နံနက် (၈) နာရီခန့်တွင် ဖရူဆိုမြို့နယ်၊ ကဒါးလားကျေးရွာအနီးတွင် ခမရ (၃၃၇) စစ်ကြောင်းတခု
နှင့် ကရင်နီတပ်ဖွဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲသတင်း အသေး စိတ်ကို မသိရသေးဟု ခူးဦးရယ်က ပြောသည်။

ကရင်နီဒေသအတွင်းတွင် နအဖမှ အပစ်အခတ်ရပ်အဖွဲ့များကို စုစည်းထားပြီး မြို့နယ်အလိုက်၊ ကျေးရွာအလိုက် အိမ်
ခြေ (၅၀) နှင့် အထက်ရှိသောကျေးရွာတရွာလျှင် လူ (၃၀)၊ အိမ်ခြေ (၅၀) အောက်ဆိုပါက အနည်ဆုံး (၂၅)ယောက်
စုစည်းပြီး လွိုင်ကော်တွင် ပြုလုပ်ခဲ့သည့် ညီလာခံ ထောက်ခံပွဲသို့ မဖြစ်မနေ တက်ရောက်ခိုင်းခဲ့ကြောင်း ၎င်းက ဆက်
လက်ပြောသည်။

KNPP သည် တိုင်ရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၆) ဖွဲ့ ပေါင်းစည်းထားသော စစ်ရေးမဟာ မိတ်အဖွဲ့ဝင်ဖြစ်ပြီး ယခု
လ (၁) ရက်က ထုတ်ပြန်ခဲ့သော စစ်ရေးမဟာမိတ်အဖွဲ့အစည်းအဝေး ထုတ်ပြန်ချက်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသော ရဟန်းရှင်လူပြည်သူလူထုကို ထောက်ခံကြောင်းနှင့် ၎င်းတို့အဖွဲ့ဝင်များအနေဖြင့် စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်သွား
မည်ဟု ပါရှိသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: