တောင်တွင်းကြီး၌ အဖမ်းအဆီးများဆက်လက်ဖြစ်ပေါ်

ပီတာအောင်/ ၄ အောက်တိုဘာ ၂၀၀၇-မကွေးတိုင်း တောင်တွင်းကြီးမြို့၌ ဓာတ်ပုံဆရာတဦးနှင့် အမျိုးသားဒီမိုကရေ
စီအဖွဲ့ချုပ် စည်းရုံးရေးအဖွဲ့ဝင် (၂) ဦးတို့ကို ပြီးခဲ့သည့်ည၌ အာဏာပိုင်များက ဖမ်းဆီးလိုက်သည်ဟု အဖမ်းခံရသူများ
နှင့် နီးစပ်သူတဦးက ပြောသည်။

ဖမ်းဆီးခံရသူများမှာ ယခင်လအတွင်း တောင်တွင်းကြီးမြို့၌ ဖြစ်ပွားခဲ့သည့် သံဃာတော်များ၏ သပိတ် မှောက်ပွဲကို
ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းယူသူ ဓာတ်ပုံဆရာ ဦးကျော်နိုင်၊ တောင်တွင်းကြီး မြို့နယ် အန်အယ်လ်ဒီ မြို့နယ်စည်းအဖွဲ့
ဝင် ဦးဘိုနီနှင့် ဦးအောင်ကိုကိုတို့ ဖြစ်ကြောင်း ဦးအောင်ကိုကို၏ မိသားစုဝင်တဦးက ပြောသည်။

၎င်းက “မနေ့ညတုန်းက (၁၂) နာရီခွဲမှာ ဖမ်းသွားတယ်။ ရဲတွေပေါ့နော်၊ မြို့နယ်မှူးအပါအ၀င် (၁၄) ယောက်ပေါ့၊ ရယ
က ဥက္ကဋ္ဌက ကိုအောင်ကိုကိုနဲ့ တွေ့ချင်လို့ပါပြောတော့ ပေးတွေ့လိုက်တဲ့အခါကျတော့ ခဏလေးလိုက်ခဲ့ပါဆိုပြီး ခေါ်
သွားတာ။ အနောက်ကနေ ဆိုင်ကယ်နဲ့လိုက်ကြည့်တော့ သူတို့ရဲစခန်းဝင်းထဲကို ခေါ်သွားတယ်” ဟု ပြောသည်။

ဦးအောင်ကိုကို ကိုဖမ်းဆီးပြီးနောက် ဦးဘိုနီနှင့် ဦးကျော်နိုင်တို့ကို ဆက်လက်ဖမ်းဆီးခဲ့ကြောင်း၊၎င်းတို့အား နံနက်ပိုင်း
တွင် ဟိုင်းလတ်ကားတစီးဖြင့် ရဲတပ်ဖွဲ့က နတ်မောက်မြို့ဘက်သို့ ခေါ်ဆောင်သွားကြောင်း ၎င်းကဆက်လက်ပြော
သည်။

အလားတူ ပြီးခဲ့သည့်လကုန်ပိုင်းကလည်း ချောင်းနက်ရွာမှ တောင်တွင်းကြီးမြို့နယ် အန်အယ်လ်ဒီ အတွင်းရေးမှူး ဦးပါ
လေးနှင့် မြို့နယ်စည်းရုံးရေးအဖွဲ့ဝင် ကိုဗိုလ်စတီးတို့ကို ဖမ်းဆီးသွားခဲ့သည်။

သံဃာတော်များဦးဆောင်သည့် သပိတ်တိုက်ပွဲကို နအဖစစ်တပ်က သေနတ်ဖြင့်ပစ်ခတ်၍ အကြမ်းဖက် ဖြိုခွဲပြီးနောက် အမြို့မြို့အနယ်နယ်ရှိ အန်အယ်လ်ဒီပါတီဝင်များကို သိမ်းကြုံးဖမ်းဆီးလျက်ရှိရာ အန်အယ်လ်ဒီ ပါတီဝင်ပေါင်း (၁၆၀) ကျော်ဖမ်းဆီးခံနေရကြောင်း အန်အယ်လ်ဒီပါတီ ဗဟိုပြန်ကြားရေးအဖွဲ့က ပြောသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: