ဘန်ကောက်မြို့တက္ကသိုလ်များမှ မြန်မာကျောင်းသားများက ဂျပန်သံရုံးသို့ ပန်းစည်းနှင့်သ၀ဏ်လွှာပေးပို့

ချမ်းလွန် / ၄ အောက်တိုဘာ ၂၀၀၇-ထိုင်းနိုင်ငံ ဘန်ကောက်မြို့တက္ကသိုလ်များတွင် တက်ရောက်နေသည့် မြန်မာ
ကျောင်းသားကျောင်းသူများက မြန်မာနိုင်ငံဆန္ဒပြပွဲတွင် သေဆုံးသွားသည့်ဂျပန်သတင်းထောက်အတွက်ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဘန်ကောက်မြို့ရှိ ဂျပန်သံရုံးသို့ ပန်းစည်းနှင့် ၀မ်းနည်းခြင်းသ၀ဏ်လွှာ သွားရောက်ပေးပို့ကြ
သည်။

ယနေ့ မွန်းလွဲ (၂) နာရီတွင် ဘန်ကောက်မြို့ရှိ ABAC တက္ကသိုလ်၊ ချူလာလောင်ကွန်တက္ကသိုလ် အပါအ၀င် အခြား
တက္ကသိုလ်များရှိ ကမ္ဘာလုံးဆိုင်ရာ မြန်မာကျောင်းသားများမဟာမိတ်အဖွဲ့မှ ကျောင်းသားကျောင်းသူ (၁၅) ဦးခန့်က
သွားရောက် ပေးအပ်ခြင်းဖြစ်သည်။

ယခင်လ (၂၇) တွင် ရန်ကုန် ဆူးလေဘုရားလမ်းရှိ ဆန္ဒပြမှုတွင် နအဖစစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့်
ဂျပန်ဗီဒီယို သတင်းထောက် မစ္စတာနာဂအိကန်ဂျီအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ပြုလုပ်ခြင်းဖြစ်ကြောင်း
ABAC တက္ကသိုလ်မှ ကိုပိုးဥက ပြောသည်။

၎င်းက “ကိုယ့်နိုင်ငံမှာဖြစ်တယ်ဆိုတော့ ကိုယ့်လူမျိုးတွေအနေနဲ့ လုပ်ပေးသင့်တာပါ။ စစ်အစိုးရ အနေနဲ့တော့ ဒါကို
အသိအမှတ်ပြုရမယ် မပြုရဘူးဆိုတာကို နားမလည်ပေမယ့် ကျနော်တို့ ကျောင်းသားတွေအနေနဲ့ ကိုယ့်ဥာဏ်မီသ
လောက် လုပ်ပေးသင့်တယ်ထင်လို့ ဒါကို ဖြစ်အောင်လို့ ကျနော်တို့လုပ်လိုက်ကြတာပါ” ဟု ပြောသည်။

ထိုသို့ မြန်မာကျောင်းသူကျောင်းသားများ သွားရောက်ပေးအပ်သည့် ၀မ်းနည်းခြင်းအထိမ်းအမှတ် ပန်းစည်းနှင့်သ၀ဏ်
လွှာကို ဂျပန်သံရုံးမှ သံအမတ်ကိုယ်တိုင် ထွက်၍လက်ခံကြောင်း ကိုပိုးဥက ပြောသည်။

၎င်းက “ကျနော်တို့က သံရုံးရှေ့မှာ ပန်းစည်းနဲ့အတူ မိနစ် (၂၀) လောက်စောင့်နေတဲ့အခါမှာ သံအမတ်ကြီးကိုယ်
တိုင်ထွက်ပြီးတော့ ပန်းစည်းကို လက်ခံရယူပါတယ်၊ ကျနော်တို့က သူ့ကိုဝမ်းနည်းကြောင်း သ၀ဏ်လွှာပေးပါတယ်။
ပေးတဲ့အခါမှာ သံအမတ်ကြီးက ကျေးဇူးတင်စကားနဲ့ အတူဒီဟာတွေကို ကာယကံရှင်ရဲ့ မိသားစုထံကိုရောက်အောင်
ပို့ပေးပါမယ်လို့ ပြောပြီးတော့ လက်ခံရယူပါတယ်” ဟု ပြောသည်။

အသက် (၅၀) အရွယ်ရှိ မစ္စတာ နာဂအိကန်ဂျီသည် ၀ါရင့်သတင်းသမားတယောက်ဖြစ်ပြီးတိုကျိုမြို့အခြေစိုက် APF
သတင်းဌာနတွင်လုပ်ကိုင်နေသူဖြစ်သည်။ ၎င်းအနေဖြင့် အီရတ်နှင့် အာဖဂန်နစ္စတန်ကဲ့သို့ အတိုက်အခိုက်နှင့် နိုင်ငံရေး တင်းမာမှုဖြစ်ပွားနေသည့် နိုင်ငံများသို့ သွားရောက်၍ သတင်းယူခဲ့သူဖြစ်သည်။

၎င်း၏ကျန်ရစ်သည့် ရုပ်အလောင်းသည် ဂျပန်နိုင်ငံသို့ ယနေ့ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်း
တွင်ဖော်ပြထားသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: