ဂျပန်သတင်းထောက်၏ရုပ်အလောင်း ဂျပန်နိုင်ငံပြန်ရောက်

AFP/NEJ/ ၄ အောက်တိုဘာ ၂၀၀၇-မြန်မာနိုင်ငံဆန္ဒပြပွဲတွင် စစ်တပ်၏ပစ်ခတ်မှုကြောင့် သေ
ဆုံးသွားသည့် ဂျပန်ဗီဒီယိုသတင်းထောက် နာဂအိကန်ဂျီ၏ ရုပ်အလောင်း ဂျပန်နိုင်ငံသို့ ယနေ့
ရောက်ရှိပြီဖြစ်သည်။မစ္စတာ နာဂအိကန်ဂျီလုပ်ကိုင်ခဲ့သည့် တိုကျို အခြေစိုက် APF ဗီဒီယိုသ
တင်းဌာနအကြီးအကဲ Toru Yamji လိုက်ပါ၍ ပန်းစည်းများဖြင့် ဖုံးလွှမ်းထားသည့်နာဂအိကန်
ဂျီ၏ခေါင်းတလားကို တိုကျိုမြို့အရှေ့ဘက်ရှိ နရီတာလေဆိပ်သို့ပြန်လည်သယ်ဆောင်လာခြင်း
ဖြစ်သည်။နာဂအိကန်ဂျီ၏ ဗီဒီယိုကင်မရာကို ပြန်ရအောင်လုပ်ဆောင်မည်ဖြစ်ကြောင်း Toru Ya
maji က ပြောသည်။၎င်းက “သူ့ရဲ့အသက်ကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ သူ့ရဲ့ဗီဒီယုကင်မရာကို
ရအောင်ပြန်ယူချင် ပါတယ်” ဟု Toru Yamaji က နရီတာလေဆိပ်တွင် သတင်းထောက်များ
ကို ပြောသည်။

Toru Yamaji က ၎င်းတို့၏ ယခုလက်ရှိ အကြီးမားဆုံးတာဝန်သည် ယင်းဗီဒီယိုကင်မရာတွင်
ပါရှိသည့်အကြောင်းရင်းကို အတည်ပြုရန်နှင့်မစ္စတာ နာဂအိကန်ဂျီ၏ နောက်ဆုံးရက်တွင် ရိုက်
ကူး ထားသော လူအများအားတင်ပြလိုသည့် သတင်းအကြောင်းအရာကို သတင်းထုတ်ပြန်ရန်
ဖြစ်ကြောင်း ပြောသည်။

အသက် (၅၀) အရွယ်ရှိသည့် ၀ါရင့်သတင်းထောက်နာဂအိသည် ၎င်းပစ်ခတ်ခံရပြီးလဲကျသေ
ဆုံး သွားချိန်ထိ ဆိုနီကင်မရာဖြင့် ရိုက်ကူးခဲ့သည်ဟု ယုံကြည်ယူဆရသော်လည်း မြန်မာစစ်
အစိုးရက ယင်းကင်မရာအစား မစ္စတာနာဂအိ၏ အရန်ကင်မရာဖြစ်သည့် ကန်နွန်ကင်မရာကို
သာ ပြန်ပေးခဲ့ သည်။

ဝါရင့်သတင်းသမားတယောက်ဖြစ်သည့် မစ္စတာ နာဂအိကန်ဂျီသည် တိုကျိုမြို့အခြေစိုက် APF
သတင်းဌာနတွင် လုပ်ကိုင်ပြီး အီရတ်နှင့် အာဖဂန်နစ္စတန်ကဲ့သို့ အတိုက်အခိုက်နှင့် နိုင်ငံရေး
တင်းမာမှု ဖြစ်ပွားနေသည့် နိုင်ငံများသို့လည်း သွားရောက်သတင်းယူခဲ့သူ ဖြစ်သည်။

၎င်းသည် ယခင်လ (၂၇) တွင် မြန်မာနိုင်ငံ ဆူးလေဘုရားလမ်းရှိ ပြည်သူလူထုဆန္ဒပြမှုကို
သတင်းယူ ရိုက်ကူးရင်း နအဖစစ်တပ်၏ ပစ်သတ်ခြင်း ခံရသည်။

ဘန်ကောက်မှတဆင့် ဂျပန်နိုင်ငံသို့ ထိုင်းနိုင်ငံတကာလေကြောင်းဖြင့် သယ်ဆောင်လာသည့်
မစ္စတာ နာဂအိကန်ဂျီ၏ရုပ်အလောင်းကို ခွဲစိပ်စစ်ဆေးရန်အတွက် တိုကျိုဆေးရုံသို့ ပို့ဆောင်
မည်ဖြစ်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: