မြန်မာနှင့်နိုင်ငံတကာမှ သံဃာတော်များက နအဖစစ်အစိုးရအား ကန့်ကွက်ဆန္ဒပြ

ထင်ကျော်/ ၃ အောက်တိုဘာ ၂၀၀၇-ငြိမ်းချမ်းစွာ ဆန္ဒပြသည့် သံဃာတော်များနှင့် ပြည်သူလူ
ူထုအား အကြမ်းဖက်နှိမ်နင်းနေခြင်းကို ချက်ချင်းရပ်တန့်ရန် အိန္ဒိယနိုင်ငံရောက် မြန်မာနှင့်နိုင်ငံ
တကာမှ ထေရ၀ါဒဗုဒ္ဓဘာ သာရဟန်းတော်များ က မြန်မာစစ်အစိုးရအား ယမန်နေ့၌ ဆန္ဒပြ
တောင်းဆိုသည်။

အိန္ဒိယ၊ မြန်မာ၊ တိဗက်၊ ကမ္ဘာဒီယား၊ မွန်ဂိုလီးယား နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ထေရ၀ါဒသံ
ဃာတော် အပါး (၇၀) ကျော်က နှစ်ပါးစီတွဲ၍ မေတ္တာသုတ်ရွတ်ဖတ် သရဇ္ဇယ်ကာ နယူးဒေလီ
မြို့ ဂျန်တာမန်တာပန်းခြံမှ ပါလီမန်သွားရာလမ်း တလျှောက် ချီတက် န္ဒပြခဲ့ပြီး အိန္ဒိယနှင့်
မြန်မာဒီမိုကရေစီရေးလှုပ်ရှားသူ စုစုပေါင်း (၁၃၀) ခန့်က သံဃာတော်များအား ဘေးနှစ်ဖက်မှ
လက်ချင်းယှက်ကာ ပူးပေါင်းချီတက်ဆန္ဒပြကြသည်။

“မြန်မာစစ်အစိုးရက ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ သံဃာတော်တွေကို အကြမ်းဖက်ပြီးသတ်ဖြတ်
ရိုက်နှက်ဖမ်းဆီးနေတာဟာ တကယ်တော့ ကြိုတင်ကြံစည်ထားတဲ့ ရာဇ၀တ်မှုတခုဖြစ်တယ်။
ဒါဟာသံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေအပေါ် ရာဇ၀တ်မှုကျူးလွန်တာဖြစ်သလိုဘာသာ
တရားအပေါ်မှာလည်းရာဇ၀တ်မှုကျူးလွန်တာဖြစ်တယ်” ဟု မြန်မာနိုင်ငံရဟန်းပျိုများသမဂ္ဂ
(အနောက်ဘက်ဒေသ) ဥက္ကဋ္ဌဦးပညာဝရက မိန့်ကြားသည်။

စက်တင်ဘာ (၅) ရက် လောင်စာဆီဈေးနှုန်းကျဆင်းရေး ပခုက္ကူမြို့သံဃာတော်များဆန္ဒပြ
ပွဲတွင် နအဖစစ်တပ်က သံဃာတော်များကို သေနတ်မိုးပေါ်ထောင်ပစ်ပြီး သံဃာတော်အချို့
ကို ဖမ်းဆီး၍ ဓာတ်တိုင်၌ ကြိုးဖြင့်တုပ်နှောင်ကာ ရိုက်နှက်ကန်ကျောက်ဖမ်းဆီးခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ စစ်အစိုးရအား ၀န်ချတောင်းပန်ရန် တောင်းဆိုခဲ့သည်ကို မတောင်း
ပန်သဖြင့် သံဃာ့တပ်ပေါင်းစုက စက်တင်ဘာ (၁၈) ရက်မှစတင်၍ မြန်မာနိုင်ငံမြို့ ကြီးများ
တွင် စစ်အစိုးရအား ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်နေခြင်းဖြစ်သည်။

“မြန်မာစစ်အစိုးရက ကိုယ့်ပြည်သူပြည်သား ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ သံဃာတော်တွေကို
သတ်ဖြတ်ညှဉ်းဆဲဖမ်းဆီးနေတာဟာ မကောင်းဘူး။ ဒါကို ဦးဇင်းတို့ မနှစ်မြို့ဘူး။ဒီဥပမာမျိုး
တခြားအာဏာရှင် အစိုးရတွေက လုပ်လာနိုင်တယ်။ ဒါကြောင့် ဒီမှာလာပြီး မြန်မာသံဃာ
တော်တွေရဲ့လုပ်ရပ်ကို ထောက်ခံတဲ့အနေနဲ့ လာရောက်ပူးပေါင်းပြီး မြန်မာစစ်အစိုးရကို
ဆန္ဒပြတာဖြစ်တယ်” ဟု နာလန္ဒာ တက္ကသိုလ်တွင် ပညာသင်ကြားနေသည့် ဘင်္ဂလားဒေ့ရှ်
နိုင်ငံသား သံဃာတော်တပါးက မိန့်သည်။

ဆန္ဒပြပွဲတွင်ပါဝင်သူ အိန္ဒိယနိုင်ငံသား သံဃာတော်တပါးကလည်း “ကိုယ်ကိုးကွယ်တဲ့သံဃာ
ကို သတ်တာ ကိုယ့်ဘာသာကို ကိုယ်သတ်တာနဲ့ အတူတူပဲ။ ဒီလိုလုပ်တဲ့ လူတွေရဲ့အပြစ်ဟာ
သိပ်ကြီး တယ်။ သံသရာတလျှောက်လုံး သွားတော့မယ်။ ဒီလို မြန်မာသံဃာတော်တွေ ရိုက်
နှက်ဖမ်းဆီး သတ်ဖြတ်ခံနေရတဲ့ မြင်ကွင်းတွေကို မြင်ရတာ ဦးဇင်းရင်ထဲမှာ မကောင်းဘူး”
ဟု မိန့်သည်။

ရဟန်းရှင်လူပြည်သူ (၁၀၀) ကျော်ထက်မနည်း အသတ်ခံခဲ့ရပြီး ထောင်နှင့်ချီ၍ ဖမ်းဆီးခံနေ
ရဆဲဖြစ် သည်ဟု မျက်မြင်များက ခန့်မှန်းပြောဆိုသည်။

မြန်မာစစ်အစိုးရကမူ ယနေ့အထိ လူ (၁၀) ဦးသေဆုံး၍ (၁၄) ဦးသာ ဒဏ်ရာရရှိကြောင်း
သတင်း ထုတ်ပြန်ခဲ့ပြီး ဖမ်းဆီးသည့်အရေအတွက်ကို တရားဝင် ထုတ်ဖော်ပြောဆိုခြင်းမရှိ
သေးပေ။

အိန္ဒိယ၀န်ကြီးချုပ်နှင့် မြန်မာနအဖသံရုံးသို့လည်း နယူးဒေလီမှ ဆန္ဒပြသံဃာတော်များက စာ
ပေးပို့ခဲ့ပြီး ဗုဒ္ဓဘာသာထွန်းကားခဲ့သည့် အိန္ဒိယအစိုးရအနေဖြင့် လူသတ်သမား မြန်မာစစ်အစိုး
ရအား ထောက်ခံ နေခြင်းကို ရပ်တန့်ရန် တောင်းဆိုထားသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: