မစၥတာဂမ္ဘာရီ၏ မြန်မာနိုင်ငံခရီးစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံတွေ့ဆုံအဆုံးသတ်

NEJ/ ၃ အောက်တိုဘာ ၂၀၀၇-ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး
ကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီသည် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်
ဆန်းစုကြည်နှင့် ဒုတိယ အကြိမ်တွေ့ဆုံပြီး ၎င်း၏ (၄) ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်ကို အဆုံး
သတ်၍ ပြန်လည်ထွက်ခွာသွားပြီဖြစ်သည်။မစ္စတာဂမ်ဘာရီသည် ယမန်နေ့က နေပြည်တော်
တွင်နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုသွားရောက် တွေ့ဆုံခဲ့ပြီးနောက် ရန်ကုန်
မြို့တွင်ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံတွေ့ဆုံကာ ပြန်လည်ထွက်ခွာ သွားခြင်းဖြစ်သည်။
စက်တင်ဘာ (၃၀) ရက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်သည်။
စက်တင်ဘာ (၂၉)ကတည်းက မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သည့် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်တွင်
ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်ကြိမ်တွေ့ခဲ့သည့်အတွက် ထူးခြားမှုရှိသည့် ခရီးစဉ်ဖြစ်သည်ဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးလွင်ကပြောသည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ပြီးမှ ဦးသန်းရွှေနဲ့တွေ့တာ၊ ဦးသန်းရွှေနဲ့တွေ့ပြီးမှ
ဒေါ်အောင်ဆန်းစုကြည်နဲ့ တခါပြန်တွေ့တယ်ဆိုတော့ထူးခြားတယ်လို့ပြောတာပါ။ ဆိုလိုတာက
ဒေါ်အောင်ဆန်းစုကြည်ပေးလိုက်တဲ့ မက်ဆေ့ဂ်ျကိုပေးပြီး ဟိုဘက်ကပေးလိုက်တဲ့ မက်ဆေ့ဂ်ျ
ကိုဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပေးတဲ့သဘောကတော့ရှိမယ်၊ အခုလောလောဆယ်ကတော့
အန်ကယ်လ်တို့က ဘာမှမပြောလိုဘူး” ဟုပြောသည်။

မစ္စတာဂမ်ဘာရီအနေဖြင့် လုံခြုံရေးကောင်စီ၏ လုပ်ပိုင်ခွင့်နှင့်လာသည့်အတွက် ၎င်းလုပ်စရာရှိ
သည်များကိုလုပ်ဆောင်သွားခြင်းဖြစ်သည်ဟု ဦးလွင်ကပြောသည်။

“အဲ့တော့ သူ့ကိုလောလောဆယ် ပေးလိုက်တဲ့တာဝန်ကတိုက်ရိုက်လွှမ်းမိုးနေတယ်နဲ့တူပါတယ်။
နောက်ပိုင်းက လုံခြုံရေးကောင်စီနဲ့ အထွေထွေအတွင်းရေးမှူးချုပ်က ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်
တယ်”ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်၍ မစ္စတာဂမ်ဘာရီသည် အတွင်းရေးမှူးချုပ် မစ္စတာဘမ်ကီမွန်း
ကိုလာမည့် ကြာသပတေးနေ့တွင် တင်ပြမည်ဖြစ်ပြီး လုံခြုံရေးကောင်စီကို နောက်တနေ့၌
တင်ပြဖွယ်ရှိသည်ဟု အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရသူ မီရှဲလ် မွန်တပ်စ်က ပြောသည်။

မစ္စတာဂမ်ဘာရီသည် ယမန်နှစ် မေလနှင့်နိုဝင်ဘာလတို့တွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး
လာမည့် နိုဝင်ဘာလ၌ နောက်တကြိမ် မြန်မာနိုင်ငံသို့သွားရောက်၍ မြန်မာနိုင်ငံ၏ အမျိုးသား
ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ဖွယ်ရှိသည်ဟု သိရသည်။

အလားတူ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ပေါ်လို
ဆာဂျီယို ပီညဲရိုးကိုလည်း မြန်မာနိုင်ငံသွားရောက်၍ လက်ရှိဖြစ်ပျက်နေသည့် အခြေအနေများ
ကို စုံစမ်း စစ်ဆေးရန် တာဝန်ပေးအပ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ၏ ယမန်
နေ့အရေးပေါ် အစည်းအဝေး၌ ကြေညာသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: