ဂျပန်နိုင်ငံက မြန်မာကို ပေးနေသည့်အကူအညီများ လျှော့ချရန်ရှိ

AP/NEJ ၃ အောက်တိုဘာ ၂၀၀၇-ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ပေးနေသည့်အကူအညီများအား လျှော့ချရန်စဉ်းစား
နေကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ယနေ့ပြောကြားသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Masahiko Komura က မြန်မာနိုင်ငံရှိဆန္ဒပြပွဲတွင် ဂျပန်သတင်းထောက် တဦးသေဆုံးခဲ့သ
ဖြင့် ယခုကဲ့သို့ အကူအညီများရပ်ဆိုင်းရန်စဉ်းစားခြင်းဖြစ်သည်ဟု သတင်းထောက်များကိုပြောကြောင်း ကျိုဒိုသတင်း
တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်လ (၂၇) တွင် ဆူးလေဘုရားလမ်းရှိ ပြည်သူလူထုဆန္ဒပြမှုကို နအဖစစ်တပ်က ပစ်ခတ် ခဲ့ရာတွင် အသက်
(၅၀) အရွယ် ဂျပန်ဗီဒီယိုသတင်းထောက် နာဂအိကန်ဂျီ သေဆုံးခဲ့သည်။

ယင်းကိစ္စကို စုံစမ်းစစ်ဆေးရန်အတွက် ဂျပန် ဒု-နိုင်ငံခြား ရေးဝန်ကြီး Mitoji Yabunaka က ပြီးခဲ့သည့် တနင်္ဂနွေ
နေ့တွင် မြန်မာ နိုင်ငံသို့သွာေးရာက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အကြီးမားဆုံး အလှူရှင်နိုင်ငံတခုဖြစ်သည်။

ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ထပ်မံဖမ်းဆီးထိန်းသိမ်းခံရသည့် ၂၀၀၃ ခုမှစ၍ ဂျပန်နိုင်ငံက မြန်မာ
နိုင်ငံအားကျန်းမာရေးစီမံကိန်းအပါအ၀င် အရေးပေါ်လိုအပ်ချက်များအတွက်ငွေကြေးထောက်ပံ့မှုများမှလွဲ၍ ကျန်သည့်
အကူအညီများကို ရပ်တန့်ခဲ့သည်။

၂၀၀၅ ခုတွင် ဂျပန်နိုင်ငံက မြန်မာနိုင်ငံအား စုစုပေါင်းဂျပန်ယန်းငွေ (၁.၃) ဘီလီယံ(အမေရိကန် ဒေါ်လာ ၁၁ သန်း
ကျော်) ပေးအပ်ကူညီခဲ့ပြီး နည်းပညာဆိုင်ရာအကူအညီအတွက် ဂျပန်ယန်းငွေ (၁.၇) ဘီလီယံ (အမေရိကန်ဒေါ်လာ
၁၄ သန်းကျော်) ပေးအပ်ကူညီခဲ့သည်။

ဂျပန်နိုင်ငံတာဝန်ရှိသူများက ဗီဒီယိုသတင်းထောက် နာဂအိကန်ဂျီသည် ကျည်ဆန်မတော်တဆမှန်၍ သေဆုံးခဲ့ခြင်း
မဟုတ်ဘဲ အနီးကပ်ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ပြောဆိုကာ ၎င်းတို့ကနအဖအစိုးရထံ မစ္စတာနာဂအိကန်ဂျီ၏ ဗီဒီယို
ကင်မရာကိုပြန်တောင်းပြီး ယင်းကင်မရာတွင်ပစ်ခတ်မှုကို ရိုက်ကူးထားသည့် ရုပ်ပုံများရှိသည်ဟု ယုံကြည်ကြသည်။

မစ္စတာနဂအိကန်ဂျီ၏ ရုပ်အလောင်းကို ဂျပန်နိုင်ငံသို့ မနက်ဖြန်တွင် ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း ကျိုဒိုသတင်း
တွင် ဖော်ပြသည်။

တိုကျိုအခြေစိုက် အေပီအက်ဖ်သတင်းဌာနမှ ဗီဒီယိုသတင်းထောက် မစ္စတာ နာဂအိကန်ဂျီကိုပစ်သတ်ခဲ့သည့် မြန်မာ
စစ်သားအားဂျပန်ရဲဌာနက တရားစွဲဆိုရန်ကြိုးစားမည်ဖြစ်ကြောင်း ဂျပန် Yomiuri သတင်းစာတွင် ဖော်ပြထားသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: