သံဃာ့တပ်ပေါင်းစုက ငြိမ်းချမ်းသောနည်းလမ်းဖြင့် တိုက်ပွဲဝင်နိုင်ရေး အဆင့် ထပ်မံတိုးမြှင့်

NEJ / ၂ အောက်တိုဘာ ၂၀၀၇-အောက်တိုဘာ (၁) ရက်မှ (၃) ရက်အထိ မြန်မာတနိုင်လုံးရှိ သံဃာတော်ထုနှင့်လူထု
တရပ်လုံးသည် ညစဉ် (၈) နာရီတိတိမှ စတင်ပြီး မိမိတို့အိမ်များ ကျောင်းတိုက်များရှိ လျှပ်စစ်မီးများ တယ်လီဗေးရှင်း
များကို (၁၅) မိနစ်တိတိ ခေတ္တပိတ်ထားပေးပါရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုမှ နှိုးဆော်တိုက်တွန်းထား သည်။အာဏာရှင်စနစ်ဆိုးကြီး အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းသောနည်းလမ်းဖြင့် တိုက်ပွဲဝင်နိုင်ရေးအတွက်
အဆင့် (၂) ကို ထပ်ဆင့်တိုးမြှင့်ကာ စက်တင်ဘာ (၃၀) ရက်တွင် သံဃာ့တပ်ပေါင်းစု အဖွဲ့မှထုတ်ပြန်ကြေညာခဲ့ခြင်း
ဖြစ်သည်။

“နအဖရဲ့ လိမ်ညာဖြီးဖြန်းနေတဲ့ သတင်းထုတ်ပြန်ချက်တွေကို မကြည့်လိုခြင်းအဖြစ်နဲ့ စစ်အာဏာရှင် စနစ်ဆိုးကြီး
အောက်မှာ ဖိနှိပ်ချုပ်ချယ်ခံနေရပြီး၊ လူ့အခွင့်အရေးပျောက်ဆုံးပြီး အမှောင်ကျနေတဲ့တိုင်းပြည်ရဲ့သရုပ်ကိုဖော်ထုတ်
ပြသတဲ့အနေနဲ့ (၃) ညတိုင်တိုင် မိမိတို့အိမ်တွေ ကျောင်းတိုက်တွေရှိ လျှစ်စစ်မီးတွေ တယ်လီဗေးရှင်းတွေကို (၁၅)
မိနစ်တိတိ ခေတ္တပိတ်ထားပေးဖို့ပါ” ဟု သံဃာ့ တပ်ပေါင်းစုမှ ပြောခွင့်ရသံဃာတော်က မိန့်ကြားသည်။

အကယ်၍ စစ်အစိုးရကမီးဖြတ်ထားပါက ည (၇) နာရီခွဲမှ စတင်ကာ အိမ်ပေါက်ဝ၊ ကျောင်းပေါက်ဝ၊ ၀ရန်တာများမှာ
ဖယောင်းတိုင်များ ထွန်းညှိထားပြီး (၈) နာရီတိတိတွင် မီးငြိမ်းသတ်လိုက်ကြပါရန် နှိုးဆော်ထားသည်။

“မနေ့ကအောက်တိုဘာ (၁) ရက်မှာ တော်တော်လေးမီးပိတ်ကြတယ်။ လျှပ်စစ်မီးတွေ ပိတ်ကြတာတွေ့ရတယ်၊တော်
တော်လေးဝမ်းသာတယ်” ဟု အဆိုပါ သံဃာတော်က မိန့်ကြားသည်။

အဆင့် (၁) အဖြစ် စက်တင်ဘာ (၂၃) မှ (၂၅) အထိ ညစဉ် (၈) နာရီတိတိမှ (၁၅) မိနစ်တိတိ မေတ္တာပို့စာပိုဒ်နှစ်
ပိုဒ်ကို ရွတ်ဆိုရန် သံဃာ့တပ်ပေါင်းစုမှ နှိုးဆော်စာထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

သံဃာထုနှင့်လူထုအား လူထုတပ်ပေါင်းစု ဖြစ်မြောက်ရေးကော်မတီမှ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့
ကြီးကိုယ်စားလေးစားစွာချီးမွမ်းဂုဏ်ပြုကြောင်းနှင့် ဆက်လက်ပူးပေါင်း လိုက်ပါလုပ်ဆောင်ကြပါရန် တိုက်တွန်းထား
သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: