မစၥတာဂမ္ဘာရီ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံ လားရှိုးတွင် ညီလာခံထောက်ခံပွဲ သွားရောက်ကြည့်ရှု

NEJ/ ၂ အောက်တိုဘာ ၂၀၀၇ -မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ကုလသမဂ္ဂအတွင်းရေးမှူး
ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီသည် ယနေ့
နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နေပြည်တော်၌ တွေ့ဆုံကြောင်း ရန်ကုန်
မှလာသော အေပီသတင်းတွင်ဖော်ပြသည်။

တွေ့ဆုံသည့်အကြောင်းအရာ အသေးစိတ်အချက်အလက်များကို မသိရှိရသေးကြောင်းသတင်း
တွင်ဖော်ပြ သည်။မစ္စတာ ဂမ်ဘာရီသည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် လားရှိုးမြို့ရှိ မြို့
မအားကစားကွင်းကြီး၌ ကျင်းပသည့် အမျိုးသားညီလာခံ ကြိုဆိုထောက်ခံပွဲသို့ လာရောက်
ကြည့်ရှုခဲ့ကြောင်း ညီလာခံထောက်ခံပွဲတက်ရောက်ခဲ့သူ လားရှိုးမြို့ခံ တဦးကပြောသည်။

၎င်းက “မနက် (၉) နာရီလောက်က လာသွားတယ်။ ဘောလုံးကွင်းထဲတော့ မလာဘူး။ အထဲ
တော့မ၀င်ဘူး။ ဘေးကနေကားဖြတ်သွားတာတွေ့ရတယ်။ အထဲဝင်တာတော့မတွေ့လိုက်ဘူး။
လူကလည်း အများကြီးဆိုတော့ ကျနော်တို့က နောက်ဆုံးနားကဆိုတော့ ဖြတ်သွားတာပဲတွေ့
လိုက်တယ်” ဟုပြောသည်။

ညီလာခံထောက်ခံပွဲသို့ တအိမ်ထောင်လျှင် တယောက် တက်ရောက်ရန် လားရှိုးမြို့လူထုအား
ရယကများက ဆင့်ခေါ်ကာစီစဉ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းထောက်ခံပွဲသို့ မြို့ခံလူထု (၁) သိန်း
ခန့် တက်ရောက်ကြပြီး အမျိုးသားညီလာခံထောက်ခံသည့် ကြွေးကြော်သံများ ဟစ်အော်ခဲ့ကြ
ကြောင်း အဆိုပါမြို့ခံကပြောသည်။

မစ္စတာဂမ်ဘာရီသည် လားရှိုးမြို့ ရန်တိုင်းအောင်ဘုရားသို့ ကားဖြင့် တပတ်ပတ်ကာ ဖူးမြော်
ခဲ့ကြောင်း သိရသည်။

မစ္စတာဂမ်ဘာရီသည် စက်တင်ဘာ (၂၉) ကတည်းက မြန်မာနိုင်ငံသို့ရောက်ရှိနေခြင်းဖြစ်ပြီး
ရောက် ရောက်ခြင်း နေပြည်တော်သို့သွားရောက်ခဲ့သော်လည်း နအဖစစ်ခေါင်းဆောင် ဗိုလ်
ချုပ်မှူးကြီးသန်းရွှေ နှင့် တွေ့ခွင့်မရဘဲ ရန်ကုန်သို့ပြန်လာခဲ့ရသည်။

စက်တင်ဘာ (၃၀) တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့ပြီး ယမန်နေ့၌ ရှမ်းပြည်နယ်
မူဆယ်မြို့ သို့ သွားရောက်ကာ တရုတ်-မြန်မာနယ်စပ်ဂိတ်ကို ကြည့်ရှုလေ့လာသွားကြောင်း
သိရသည်။

မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်နိုင်ငံရေးပြဿနာ
များ ပြေလည်စေရေး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး၏ လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ ညှိနှိုင်း
ဆောင်ရွက် ပေးနေသူဖြစ်ပြီး မြန်မာနိုင်ငံ၌ သပိတ်မှောက် သံဃာနှင့်လူထုကို စစ်တပ်က
အကြမ်းဖက်ပစ်ခတ်နှိမ်နင်းနေသည့်အခြေအနေကြောင့် မြန်မာနိုင်ငံသို့အလျင်အမြန်ရောက်
ရှိလာခြင်းဖြစ်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: