နအဖစစ်ဗိုလ်ချုပ်မြန်မာသံအမတ်ကို သြစတြေးလျလက်မခံ

AP/Radio New Zealand/ ၂ အောက်တိုဘာ ၂၀၀၇-သံဃာတော်များနှင့် ဆန္ဒပြသူများကို
အကြမ်းဖက်နှိမ်နင်းမှုကြောင့် နအဖအစိုးရက သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ်
ခန့်အပ်ရန်အဆိုပြုထားသည့် စစ်ဗိုလ်ချုပ်တဦးကို သြစတြေးလျ နိုင်ငံက လက်မခံပဲ ငြင်းပယ်
လိုက်သည်။သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒာဒေါင်နာက ၎င်းတို့အနေဖြင့် ယခု
ကဲ့သို့ အခြားနိုင်ငံတနိုင်ငံမှ ခန့်အပ်ရန်အဆိုပြုထား သူကို ထိပ်ပိုင်းသံတမန်အဖြစ် အသိအ
မှတ်ပြုလက်ခံရန် ငြင်းပယ်ခြင်းသည် ကြုံတောင့်ကြုံခဲလုပ်ရပ်ဖြစ်ကြောင်း ပြောသည်။

၎င်းက “မြန်မာနိုင်ငံမှာ တကယ့်ကို ရက်စက်တဲ့ စစ်အစိုးရကအုပ်ချုပ်နေတယ်။ ဒီစစ်အစိုးရရဲ့
စစ်ဗိုလ်ချုပ်ကို လက်ခံဖို့ ကျနော်ငြင်းဆိုပါတယ်” ဟု ပြောသည်။ထို့ပြင် သြစတြေးလျနိုင်ငံအ
နေဖြင့် မြန်မာနိုင်ငံ၏ကိုယ်စားလှယ်အဖြစ် နအဖစစ်တပ်မှ လွှတ်သည့် မည့်သည့်ကိုယ်စား
လှယ်တဦးတယောက်ကိုမျှ လက်ခံမည်မဟုတ်ကြောင်း၊ မြန်မာစစ်အစိုးရ၏ လုပ်ရပ်များသည်
အကြွင်းမဲ့လက်ခံနိုင်ဖွယ်မရှိကြောင်း ၎င်းကပြောသည်။

မြန်မာစစ်အစိုးရက ခန့်အပ်ရန် အဆိုပြုခံထားရသည့် မြန်မာသံအမတ်အမည်ကို မစ္စတာဒေါင်
နာက ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း The Australian သတင်းတွင်မူ ဗိုလ်မှူးချုပ်သူ
ရသက်ဦးမောင် ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်ကဲ့သို့သော သူပုန်များကိုတိုက်
ခိုက်နှိမ်နင်းနေသည့် ဒေသတွင် တာဝန်ယူခဲ့ဖူးသူဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်းရှိ ဆန္ဒပြသူများကိုနှိမ်နင်းနေခြင်းသည် စစ်အစိုး၏ ရက်စက်မှုအစစ်အမှန်ကို
အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

နအဖနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကမူ ဒီမိုကရေစီလှုပ်ရှားသူများပေါ် စစ်တပ်၏အကြမ်း
ဖက် နှိမ်နင်းမှုများကို ကာကွယ်ပြောဆိုပြီး ၀ရုန်းသုန်းကားအခြေအနေကို အင်အားကြီးနိုင်ငံ
များက ကျောထောက်နောက်ခံပြုပေးထားသည့် နိုင်ငံရေးအချောင်သမားများ၏ လက်ချက်ဖြစ်
ကြောင်း ပြစ်တင်ပြောဆိုသည်။

ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဦးဥာဏ်ဝင်းက ၎င်းတို့၏ လုံခြုံရေးတပ်များက အခြေအ
နေကိုအတတ်နိုင်ဆုံးထိန်းထိန်းသိမ်းသိမ်းပြုလုပ်ခဲ့ပြီး တလနီးပါးခန့်ဝင်ရောက်နှောင့်ယှက်ခြင်း
မပြုခဲ့ ကြောင်း၊ သို့သော် လူအုပ်များက ထိန်းမရသိမ်းမရဖြစ်လာပြီး အကြမ်းဖက်လာသဖြင့်
အာဏာပိုင် များအနေဖြင့် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်ကို ထုတ်ပြန်ရခြင်းဖြစ်
ကြောင်းပြောသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: